စကိုင်းစပေါ့နဲ့ အစီအစဉ် တင်ဆက်နေတုန်းမှာ လီဗာပူးဂန္တဝင်ကြီး ဂရေမီ ဆောင်းနက်က ရှိတ်မန်ဆော်ဟာ မန်စီးတီးအသင်းကို ဝယ်ယူမှု မတိုင်ခင်မှာ လီဗာပူးအသင်းကို ဝယ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ်။

မန်စီးတီးကို အဘူဒါဘီမိသားစုက ဝယ်ယူမှုမှာ အဓိက ကြိုးစားပေးခဲ့တဲ့ Amanda Staveley နဲ့ ဒူးဘိုင်းမှာ တွေ့ဆုံခဲ့ဖူးတဲ့ ဆောင်းနက်က ဒီအကြောင်းတွေကို ပြောပြရာမှာ

“ အရင် ၁၂ နှစ် ၁၃ နှစ်ကထင်တယ်။ ကျနော် ဒူဘိုင်းကို သွားခဲ့သေးတယ်။ ကျနော် ဇနီး၊ သားတို့နဲ့ ဟိုတယ်ကို ပတ်လျှောက်ပြီးတဲ့နောက် စားသောက်ဆိုင် ဝင်ခဲ့တာပေါ့။ လမ်းမှာ တစ်ယောက်ယောက်က လာပြီး မိတ်ဆက်ခဲ့တယ်၊ အဲ့နောက် အမျိုးသမီးတစ်ယောက်က သူမဘာသာ အမန်ဒါလို့ လာမိတ်ဆက်ခဲ့တယ်။ သူမက လီဗာပူးပရိသတ်ပါလို့ ပြောတယ်။

စကားတွေပြောနေရင်း သူမက မန်စီးတီးအသင်းကို ဝယ်ယူဖို့ အဘူဒါဘီ မိသားစုကို ကိုယ်စားပြုပြီး စကားပြောနေရသူပါလို့ ပြောပြလာတယ်။ ကျနော်ကလည်း ‘အရင် ၅ မိနစ်လောက်ပဲ မင်းက လီဗာပူးပရိသတ်ဆို..။ ဘာလို့ သူတို့ကို လီဗာပူးအသင်းကို မဝယ်ခိုင်းတာလဲ?’ လို့ မေးခွန်းထုတ်ခဲ့တာပေါ့။

အမန်ဒါက သူမ အကြိမ်ကြိမ်ကို ကြိုးစားပါတယ်တဲ့။ ဒါပေမယ့် ဂျီလတ်နဲ့ ဟစ်တို့နဲ့ သဘောတူညီမှု ရဖို့က အရမ်းကို ခက်ခဲတာကြောင့် အဘူဒါဘီဘက်က အခြားအသင်းကို ရွေးချယ်ခဲ့တာလို့ ပြောပြခဲ့တယ် ” ဆိုပြီး ပြောပြခဲ့တာဖြစ်တယ်။

၂၀၁၀ မှာတော့ ဘဏ္ဍာရေးအရှုပ်အထွေး ကိစ္စတွေ စတင်လာခဲ့ပြီး နောက်ပိုင်းမှာ ဂျီလတ်နဲ့ ဟစ်တို့ဟာ လီဗာပူးကို FSG လုပ်ငန်းစုထံ ရောင်းထုတ်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ လီဗာပူးအသင်းနဲ့ ဒူဘိုင်းအနွယ်တွေကြား သတင်းကြီးခဲ့တာ တစ်ကြိမ်တည်းတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာလည်း FSG လက်ထဲကနေ လီဗာပူးကို ဝယ်ယူဖို့ ရှိတ်မန်ဆောရဲ့ ယောက္ခမဘက်က ကြိုးစားခဲ့သေးတယ်လို့ သိရပြီး အမေရိကန် သူဌေးတွေကတော့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့နဲ႔ အစီအစဥ္ တင္ဆက္ေနတုန္းမွာ လီဗာပူးဂႏၱဝင္ၾကီး ဂေရမီ ေဆာင္းနက္က ရွိတ္မန္ေဆာ္ဟာ မန္စီးတီးအသင္းကို ဝယ္ယူမႈ မတိုင္ခင္မွာ လီဗာပူးအသင္းကို ဝယ္ယူဖို႔ အၾကိမ္ၾကိမ္ ၾကိဳးစားခဲ့တယ္လို႔ ေျပာျပလာခဲ့ပါတယ္။

မန္စီးတီးကို အဘူဒါဘီမိသားစုက ဝယ္ယူမႈမွာ အဓိက ၾကိဳးစားေပးခဲ့တဲ့ Amanda Staveley နဲ႔ ဒူးဘိုင္းမွာ ေတြ႔ဆံုခဲ့ဖူးတဲ့ ေဆာင္းနက္က ဒီအေၾကာင္းေတြကို ေျပာျပရာမွာ

“ အရင္ ၁၂ ႏွစ္ ၁၃ ႏွစ္ကထင္တယ္။ က်ေနာ္ ဒူဘိုင္းကို သြားခဲ့ေသးတယ္။ က်ေနာ္ ဇနီး၊ သားတို႔နဲ႔ ဟိုတယ္ကို ပတ္ေလွ်ာက္ျပီးတဲ့ေနာက္ စားေသာက္ဆိုင္ ဝင္ခဲ့တာေပါ့။ လမ္းမွာ တစ္ေယာက္ေယာက္က လာျပီး မိတ္ဆက္ခဲ့တယ္၊ အဲ့ေနာက္ အမ်ိဳးသမီးတစ္ေယာက္က သူမဘာသာ အမန္ဒါလို႔ လာမိတ္ဆက္ခဲ့တယ္။ သူမက လီဗာပူးပရိသတ္ပါလို႔ ေျပာတယ္။

စကားေတြေျပာေနရင္း သူမက မန္စီးတီးအသင္းကို ဝယ္ယူဖို႔ အဘူဒါဘီ မိသားစုကို ကိုယ္စားျပဳျပီး စကားေျပာေနရသူပါလို႔ ေျပာျပလာတယ္။ က်ေနာ္ကလည္း ‘အရင္ ၅ မိနစ္ေလာက္ပဲ မင္းက လီဗာပူးပရိသတ္ဆို..။ ဘာလို႔ သူတို႔ကို လီဗာပူးအသင္းကို မဝယ္ခိုင္းတာလဲ?’ လို႔ ေမးခြန္းထုတ္ခဲ့တာေပါ့။

အမန္ဒါက သူမ အၾကိမ္ၾကိမ္ကို ၾကိဳးစားပါတယ္တဲ့။ ဒါေပမယ့္ ဂ်ီလတ္နဲ႔ ဟစ္တို႔နဲ႔ သေဘာတူညီမႈ ရဖို႔က အရမ္းကို ခက္ခဲတာေၾကာင့္ အဘူဒါဘီဘက္က အျခားအသင္းကို ေရြးခ်ယ္ခဲ့တာလို႔ ေျပာျပခဲ့တယ္ ” ဆိုျပီး ေျပာျပခဲ့တာျဖစ္တယ္။

၂၀၁၀ မွာေတာ့ ဘ႑ာေရးအရႈပ္အေထြး ကိစၥေတြ စတင္လာခဲ့ျပီး ေနာက္ပိုင္းမွာ ဂ်ီလတ္နဲ႔ ဟစ္တို႔ဟာ လီဗာပူးကို FSG လုပ္ငန္းစုထံ ေရာင္းထုတ္ေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လို႔ လီဗာပူးအသင္းနဲ႔ ဒူဘိုင္းအႏြယ္ေတြၾကား သတင္းၾကီးခဲ့တာ တစ္ၾကိမ္တည္းေတာ့ မဟုတ္ပါဘူး။ ေနာက္ပိုင္းမွာလည္း FSG လက္ထဲကေန လီဗာပူးကို ဝယ္ယူဖို႔ ရွိတ္မန္ေဆာရဲ႕ ေယာကၡမဘက္က ၾကိဳးစားခဲ့ေသးတယ္လို႔ သိရျပီး အေမရိကန္ သူေဌးေတြကေတာ့ ျငင္းဆန္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ေသးတာျဖစ္ပါတယ္။