Month

July 2022

ရှုံးနိမ့်ခဲ့မှုတွေအောက်မှာ လဲပြိုသွားဖို့ထက် ပိုမာကျောတဲ့ ခြေလှမ်းတွေနဲ့ လီဗာပူးအသင်း ပြန်လာပါဦးမယ်

ကလော့ပ်လက်ထက်အတွင်း လီဗာပူးရဲ့ အကြီးမားဆုံး အပြောင်းအလဲဟာ ဖြစ်ပျက်ခဲ့တာတွေကို နာကျင်ခံစားမနေပဲ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် ရည်မှန်းချက်ထားတတ်တဲ့ အရည်အသွေး ဖြစ်ခဲ့ပါတယ်။ ၂၀၂၁-၂၂ ရာသီက လီဗာပူးအတွက် စိတ်ပျက်စရာ အဆုံးသတ်ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ခြေတလှမ်းအကွာကနေ ပြန်လည်တိုက်ပွဲဝင်ခဲ့ပြီး ပရီးမီးယားလိဂ် သိမ်းပိုက်သွားခဲ့သလို ချန်ပီယံလိဂ်ဖလားဖိုင်နယ်မှာ ထပ်မံရှုံးနိမ့်ခဲ့တဲ့ ဝရုန်းသုန်းကား အခြေအနေတွေက ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ မနှစ်က ရာသီမတိုင်ခင် ကလော့ပ်လက်အောက်က လီဗာပူးဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရှုံးနိမ့်ခဲ့ဖူးသလို တစ်မှတ်ထဲနဲ့ ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရတဲ့ နာကျင်မှုကို ခံစားခဲ့ရဖူးပါတယ်။ လီဗာပူးအသင်းဟာ… Continue Reading →

အနာဂတ်နဲ့ ပတ်သက်ပြီး လီဗာပူးကို ချစ်ပါတယ် အသင်းမှာ ဆက်ရှိနေချင်တယ် ဖြေပေးတဲ့ ဘော်ဘီ

ဒီလတွေမှာ တိုက်စစ်မှူး ဖာမင်နိုရဲ့ အနာဂတ်အတွက် သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပေမယ့် ဘရာဇီး တိုက်စစ်မှူးဟာ ရာသီကုန်ထိ လီဗာပူးမှာပဲ ဆက်ရှိသွားမှာပါ။ အောက်တိုဘာလမှာ အသက် ၃၁ နှစ် ပြည့်တော့မယ့် ဖာမင်နိုဟာ လီဗာပူးအသင်းနဲ့ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ရှိထားသူပါ။ ကလပ်နဲ့ သူ့ကြားမှာ စာချုပ်ကိစ္စ ဆွေးနွေးနေမှု မရှိပေမယ့် ဇန်နဝါရီနောက်ပိုင်းမှာတော့ အင်္ဂလန်ပြင်ပ ကလပ်တွေက အကြို ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။ အနာဂတ်နဲ့ ပတ်သက်လို့ ဖာမင်နိုက “ ဒီအသင်းကို ကျနော် ချစ်တယ်၊ ဒီမြို့နဲ့… Continue Reading →

အသက်အကြီးဆုံး ပွဲထွက်လူစာရင်း၊ သွေးသစ်တွေရဲ့ ဆာလောင်မှု၊ ကာဗာရို၊ ဒါဝင်နဲ့ ကွန်မြူနတီဒိုင်းပွဲမှ ပြောစရာများ

တောင့်တင်းတဲ့ ပွဲထွက်လူစာရင်း ရာသီကြိုမှာ စီနီယာနဲ့ လူငယ်တွေကို အမျိုးမျိုး တွဲဘက်နေခဲ့ပေမယ့် ဒီပွဲမှာတော့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းသေးတဲ့ အယ်လီဆန်နေရာ အတ်ဒရီယန် ထည့်တာကလွဲလို့ အမာခံ လူစာရင်းကို ထုတ်သုံးခဲ့ပါတယ်။ ကိုနတေး၊ နူးညက်စ်နဲ့ ကိတ်တာတို့ ပွဲထွက်လူစာရင်းမှာ မပါနိုင်ခဲ့ပါဘူး။ လီဗာပူးလူစာရင်းဟာ အသက် ၃၀ အရွယ် ကစားသမားအများစုဖြစ်ခဲ့ပြီး ထရန့်၊ ရိုဘို၊ ဖာဘင်ညိုနဲ့ ဒီယက်စ်တို့ပဲ ၃၀ အောက်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ၁၉၅၃ ခုနှစ်နောက်ပိုင်း အသက်အကြီးဆုံး ပွဲထွက်လူစာရင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။… Continue Reading →

ကွန်မြူနတီဒိုင်းပွဲမှာ မြင်ရတဲ့ နှစ်သက်စရာ ကိစ္စတွေကို ကလော့ပ် ထုတ်ပြော

ကွန်မြူနတီဒိုင်းပွဲမှာ ကိုနတေး အစား မာတစ်၊ နူးညက်စ် အစား ဖာမင်နိုတို့ကို ပွဲထွက် အသုံးပြုခဲ့ပြီး လီဗာပူးလူစာရင်းက တောင့်တင်းမှုတွေ ပြသနေဆဲဖြစ်ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ ထရန့်က ဦးဆောင်ဂိုး ရယူပေးခဲ့ကာ ဒုတိယပိုင်းမှာ နူးညက်စ်ထံက သက်ရောက်မှုကြီးတွေ မြင်ခဲ့ရတယ်။ နူးညက်စ်ရဲ့ အသားကျလာမှုကို ကလော့ပ်က သဘောကျသလို ဥရုဂွေးတိုက်စစ်မှူး မဟုတ်ဘဲ အခြားသော ကျေနပ်စရာတွေကိုပါ နည်းပြကြီးက ဖွင့်ဟလာခဲ့ပါတယ်။ “ ပွဲထွက်လူစာရင်းနဲ့ ပတ်သက်လို့ ကျနော် အတော်လေး ပျော်မိပါတယ်။ ပွဲအစနဲ့ ပတ်သက်လို့… Continue Reading →

စိတ်မာတယ် ဂိုးသွင်းကြမ်းတယ် ဆိုတာ မန်စီးတီးနဲ့ပွဲမှာ သွင်းဂိုးနဲ့ သက်သေပြခဲ့တဲ့ နူးညက်စ်

၂၀၂၂ ခုနှစ် ကွန်မြူနတီဒိုင်းအတွက် အက်ဖ်အေဖလား ချန်ပီယံ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားရာမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့အတူ လီဗာပူးအသင်းက အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံးက တောင့်တင်းတဲ့ လူစာရင်းတွေကို ပွဲထုတ်လာခဲ့ပြီး မန်စီးတီးဘက်က ဟာလန်း ပါဝင်ခဲ့ပေမယ့် ကလော့ပ်ကတော့ နူးညက်စ်ကို အရန်ခုံမှာထားကာ ဖာမင်နိုကို ဒီယက်စ်၊ ဆာလာတို့နဲ့ တွဲပေးခဲ့ပါတယ်။ ပွဲပထမပိုင်းမှာ အပြန်အလှန် တိုက်စစ်ကစားခဲ့ပေမယ့် ပွဲကို ကနဦး ဦးဆောင်ခဲ့တာက လီဗာပူးအသင်း ဖြစ်ခဲ့ပါတယ်။ ဒီယက်စ်နဲ့ ဆာလာတို့ရဲ့… Continue Reading →

မနက်ဖြန် ကွန်မြူနတီဒိုင်းပွဲ မတိုင်ခင် နောက်ဆုံးရ လီဗာပူးသတင်းတိုများ စုစည်းမှု

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကွန်မြူနတီဒိုင်းဟာ လက်ရှိ အသင်းသားတွေ အနိုင်မရဖူးတဲ့ ဆုဖလားတစ်ခုမို့ အနိုင်ရလိုပါတယ်လို့ ထုတ်ပြောလာပါတယ်။ လိဂ်ဝမ်းကလပ် ဘော်တန်အသင်းထံ အငှားထွက်နေတဲ့ ညာအစွန်လူ ကော်နာ ဘရတ်ဒလေက အနာဂတ်မှာ စီနီယာအသင်း ပွဲထွက်ခွင့်အတွက် ထရန့်နဲ့ ယှဉ်ပြိုင်လိုတယ်လို့ ဝန်ခံပါတယ်။ ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေတွေကြောင့် လေ့ကျင့်ရေး မဝင်နိုင်သေးတဲ့ ကယ်ဗင် ရမ်ဆေးနဲ့ လက်တွဲ အလုပ်လုပ်ရဖို့ အရမ်းကို စောင့်မျှော်နေပါတယ်လို့ တိုးတက်ရေးဆိုင်ရာနည်းပြ မာတိုစ့်က ပြောပါတယ်။ မာနေးကို လွမ်းဆွတ်နေမိပေမယ့်လို့ လာမယ့်ရာသီမှာ အသင်းဖော်သစ် နူးညက်စ်နဲ့အတူ တွဲကစားဖို့… Continue Reading →

ဘောလုံးရာသီသစ်ရဲ့ ပွဲထွက်လူစာရင်းအတွက် လီဗာပူးပရိသတ်တိုင်း သိချင်နေကြတဲ့ မေးခွန်း နှစ်ခု

လီဗာပူးဟာ မနှစ်က လွဲချော်ခဲ့ရတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုလုံးအတွက် လာမယ့်ရာသီမှာလည်း ရေပန်းစားနေမှာပါ။ ဒီအတွက် ပထမဆုံး ခြေလှမ်းကို ကွန်မြူနတီဒိုင်းကနေ စတင်ရပါမယ်။ စနေနေ့ လက်စတာရဲ့ ကင်းပါဝါကွင်းမှာ လီဗာပူးအသင်းဟာ အမှတ်ပေးချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။ ၂၄ နာရီအကြာာ အန်ဖီးမှာ စထရာ့ဘော့နဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပြီး အဲ့ဒါပြီးရင် ဩဂုတ် ၆ ရက်နေ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ်ရာသီကို စတင်မှာ ဖြစ်ပါတယ်။ ဒီရာသီကြိုမှာ လီဗာပူးရဲ့ ရလဒ်တွေက ရောထွေးနေခဲ့ပါတယ်။ ဒီပွဲတွေကနေ အတည်အကျကြီး ကောက်ချက်ချဖို့… Continue Reading →

လီဗာပူးအဝတ်လဲခန်း တစ်ခုလုံးကို လွှမ်းမိုးထားတဲ့ အသင်းသားအကြောင်း ပပ်လင်ဒါး ဖော်ထုတ်

ကလော့ပ်ဟာ လီဗာပူးအသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ထိပ်ဆုံးကနေ မိန့်ခွန်းပြော ဦးဆောင်ပေးနေတဲ့သူ ဖြစ်နိုင်ပါတယ်။ ကလော့ပ် အယုံကြည်ရဆုံး တွဲဘက်ကတော့ လက်ထောက်နည်းပြ ပပ်လင်ဒါးပဲဖြစ်ပါမယ်။ ဒါပေမယ့် အသင်းထဲမှာနဲ့ အဝတ်လဲခန်းအတွင်းမှာ စီးဝင်နေတဲ့ ယုံကြည်မှု အထွတ်အထိပ်ဟာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ဆီကလာတဲ့ စစ်မှန်တဲ့ တွန်းအားပေးမှု ဖြစ်တယ်လို့ လင်ဒါက ပြောပါတယ်။ “ ဟန်ဒိုက အဓိကပါပဲ။ ဘာလို့လဲဆိုတော့ သူက တခြားကစားသမားတွေဆီက ယုံကြည်မှုကို ပိုပြီးတော့တောင် ဖွင့်လှစ်ပေးခဲ့သူပါ။ ဟန်ဒါဆန်က အဆင့်အတန်းနဲ့ နှိမ့်ချမှုတွေအတွက် အကြောင်းပြချက်ပဲ။… Continue Reading →

ပရီးမီးယားလိဂ် အဖွင့်ပွဲအပြီး ၂၄ နာရီအကြာမှာ ကွင်းပိတ် ခြေစမ်းပွဲ ထပ်ကစားမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်ပြီးခဲ့ရင် နောက်ထပ် ခြေစမ်းပွဲ ၁ ပွဲ ထပ်ကစားဖို့ စီစဉ်ထားပါတယ်။ စနေနေ့ ကင်းပါဝါမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲ ကစားအပြီး နောက်ထပ် ၂၄ နာရီအကြာ အန်ဖီးကွင်းမှာ စတာစဘော့အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်ထားတာပါ။ ဒီအတွက်လည်း အန်ဖီးကွင်းမှာ မြင်ခင်းပြင် အသစ် ခင်ထားမှုက အဆင်သင့်ဖြစ်နေပြီလို့ သိရတယ်။ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ သြဂုတ်လ ၆ ရက်နေ့ ဖူလ်ဟမ်အသင်းကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခြင်းနဲ့ စတင်မှာဖြစ်ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!