Month

February 2023

ယူနိုက်တက် ဒီလောက် ငွေသုံးတာ ဒီဖလား တစ်လုံးတော့ ရသင့်တယ်လို့ ဂွာဒီယိုလာ ချီးကျူးရင်း ရန်စ

မန်ချက်စတာစီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ မြို့ခံ ပြိုင်ဘက် ယူနိုက်တက်က ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်သွားတဲ့ အပေါ် ဂုဏ်ပြုရင်း ခပ်ပါးပါးပုတ်ကာ ရိထေ့သွားခဲ့ပါသေးတယ်။ စပိန်သားကြီးက ဒီလောက် ငွေသုံးမှတော့ ဖလား ၁ လုံးတော့ ရမှာပေါ့ ဆိုတဲ့သဘော ပြောသွားခဲ့တာပါ။ နည်းပြတန်ဟက်ရဲ့ အသင်းက ဝင်ဘာလေမှာ နယူးကာဆယ်ကို ၂-၀ ဖြင့် အနိုင်ယူပြီး ဖလားရခဲ့တာပါ။ ၎င်းတို့ဟာ ဒီရာသီမှာ အက်ဖ်အေ၊ ယူရိုပါလိဂ် အပြင် ပရီးမီးယားလိဂ်မှာလည်း လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။… Continue Reading →

လေသံပြောင်းလာတဲ့ ခရစ်ဆက်တန်ရဲ့ မန်ယူ – ဝက်စ်ဟမ်း ပွဲအတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ကာရာဘောင်းဖလား ပူပူနွေးနွေး ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ဟာ ဒီကြားရက်မှာ ဝက်စ်ဟမ်း အသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ မနက်ဖြန်ည/ ကြာသပတေးနေ့ နံနက် ၂း၁၅ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ ခရစ်ဆက်တန်က ဒီပွဲ အတွက် သုံးသပ် ခန့်မှန်း ထားပြီ ဖြစ်ပါတယ်။ ဆက်တန်က ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ပွဲမှာ နယူးကာဆယ် ဖလားရမယ် ခန့်မှန်းခဲ့တာ ဖြစ်ပြီး ဒီအပတ် အက်ဖ်အေပွဲမှာတော့… Continue Reading →

အခြေမလှတဲ့ ဂရေဟမ် ပေါ်တာ၊ ကလော့ပ်ကို သဘောကျနေတဲ့ ချယ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုးလီ

စပါးနဲ့ ပွဲကို ရှုံးပြီးတဲ့နောက် ချယ်ဆီးမှာ ဂရေဟမ်ပေါ်တာရဲ့ အနာဂတ် အပေါ် မေးခွန်းထုတ်မှုတွေ တိုးလာသလို လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ကို ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုးလီက သဘောကျနေတဲ့အကြောင်း အချိန်ကိုက် ဆိုသလို သတင်း ထွက်လာခဲ့ပါတယ်။ ပေါ်တာဟာ ချယ်ဆီးအသင်းထံ ၅နှစ်စာချုပ်နဲ့ ပြောင်းလာပြီးနောက် ၆လ မကြာသေးတဲ့ အချိန်မှာပဲ များစွာသော ဖိအားတွေ အောက် ရောက်နေတာပါ။ အခုဆိုရင် သူတို့ဟာ ဇန်နဝါရီအတွင်း ပေါင်သန်း၃၀၀ ကျော် သုံးခဲ့ပေမယ့်လဲ ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ပွဲမှာ ၂ပွဲသာ… Continue Reading →

ရာသီဝက်မှာ အသင်းပြောင်းခဲ့တဲ့ ရော်နယ်ဒိုကော ကာရာဘောင်း ချန်ပီယံဆု ရနိုင်သလား

မန်ချက်စတာ ယူနိုက်တက်ဟာ ဝင်ဘာလေမှာ နယူးကာဆယ်ကို အနိုင်ရခဲ့ခြင်းဟာ ကာရာဘောင်းဖလား အောင်မြင်ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမ ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် သွင်းဂိုးတွေကို ကက်စမဲရိုးနဲ့ ရက်ဖိုဒ့်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နယ်သာလန်သား နည်းပြကြီး တန်ဟက်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်တို့ စိန်ခေါ်နေတဲ့ ဆုလား ၄ ခုထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မေးခွန်း တစ်ခု ထွက်နေတာက ကမ္ဘာ့ဖလား ကာလအတွင်း ယူနိုက်တက်နဲ့ နှစ်ဦး… Continue Reading →

ဘာကြောင့် ဟာလန်းထက် ရက်ဖိုဒ့်က ပိုကောင်းတဲ့ တိုက်စစ်မှူးလဲ ရှင်းပြတဲ့ လီဗာပူး ကစားသမားဟောင်း

ရာသီကုန် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အနိုင်ရဖို့ ရေပန်းစားမှုမှာ ဟာလန်းက အရင်လို့ အမြင့်ဆုံး အဆင့်မှာ ရှိမနေတော့ဘူးလို့ ထုတ်ပြောမှု ထွက်ပေါ်လာပါတယ်။ နော်ဝေသားဟာ ဒေါ့မွန်ကနေ နွေရာသီမှာ ပြောင်းလာပြီးကတည်းက အီတီဟဒ်မှာ တောက်ပတဲ့ စတင်မှုကို ရရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၂၇ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၃၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါဟာ မန်စီးတီး သမိုင်းမှာ ဘယ်တိုက်စစ်သမားမှ မလုပ်နိုင်ထားတဲ့ သွင်းဂိုး မှတ်တမ်း ဖြစ်ပါတယ်။ ဒီစံချိန်ကြောင့်… Continue Reading →

ဖလား တစ်လုံး ယူပြပြီးမှ မန်ချက်စတာ ယူနိုက်တက် ကောင်းကြောင်း ခပ်ပါးပါး ချီးကျူးလိုက်တဲ့ ရွိုင်ကိန်း

မနေ့ညက ဝင်ဘာလေကွင်းကြီးမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်အသင်းကို ၂-ဝ နဲ့ အနိုင်ယူကာ ကာရာဘောင်းချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။ ဒီဆုဖလားဟာ ယူနိုက်တက် အတွက် ၂၀၁၇ နောက်ပိုင်း ပထမဆုံးသော ဆုဖလားလည်း ဖြစ်လာခဲ့ပြီး ၆ နှစ်ကျော်ကြာ ဖလားလက်မဲ့ ကာလကို အဆုံးသတ်နိုင်လိုက် ပါတယ်။ ယူနိုက်တက်ဟာ ကရာဘောင်း ပြီးနောက် ဒီရာသီ အခြား ဆုဖလားတွေ ရယူနိုင်ခြေလည်း ရှိနေပါသေးတယ်။ သရဲနီဟောင်းကြီး ရွိုင်ကိန်း က နည်းပြ… Continue Reading →

အထွဋ်အထိပ် ရောက်နေတဲ့ မန်ယူက နယူးကာဆယ်ကို ဒီည ဆော်ပြီ လို့ အပိုင် ကြိုပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီည ကာရာဘောင်း ဖလား ဖိုင်နယ်မှာ ပထမဦးစားပေး ဂိုးသမား နစ်ပုပ် မပါတဲ့ နယူးကာဆယ်အသင်းကို သေချာပေါက် အနိုင်ရနိုင်မယ်လို့ ရီယို ဖာဒီနန်က အခိုင်အမာ ဆိုခဲ့ပါတယ်။ ကာဆယ် ပွဲထွက် ဂိုးသမား နစ်ပုပ်ဟာ လီဗာပူးကို ရှုံးခဲ့တဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဝင်ဘာလေက ဗိုလ်လုပွဲကို လွဲချော်ခဲ့ရတာပါ။ ဒုတိယဦးစားပေး ဂိုးသမား ဒူဘရက်ကာကလည်း ကစားခွင့် မရတာနဲ့အတူ လိုရစ် ကာရီးယပ် ဒါမှမဟုတ် မက်ခ် ဂီလက်စ်ပိုင်က ပထမဆုံး… Continue Reading →

ဒီည ဝင်ဘာလေမှာ ကြဲဖို့ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗိုလ်လုပွဲ ကန်မယ့် ၂၂ ဦး လူစာရင်း ထွက်ပေါ်

ဒီနေ့ည ဝင်ဘာလေကွင်းကြီးမှာ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ် အသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ယှဉ်ပြိုင်ဖို့ လန်ဒန်မြို့သို့ ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ၂၂ ဦး လူစာရင်းကို မန်ချက်စတာ ညနေခင်း သတင်းက ဖော်ထုတ်ခဲ့ရာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်လည်း ပါဝင်တာ တွေ့ရပါတယ်။ မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ပြလိုက်တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ လန်ဒန်သို့ ထွက်ခွာသွားတဲ့ ယူနိုက်တက်ရဲ့ ၂၂… Continue Reading →

ဒီရာသီ မန်ယူက ဖလားကုန် သိမ်းသွားနိုင်သလို ဆာအဲလက်စ် လို ခေတ် ပြန်ရောက်တော့မယ်လို့ ရှမိုက်ကယ် ကြွေးကြော်

ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ထွက်သွားပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ နောက်ဆုံးတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ဆီမှာ ဂန္တဝင် နည်းပြကြီးရဲ့ ပုံစံတွေကို ရှာတွေ့ခဲ့ပြီလို့ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်က ယုံကြည်နေပါတယ်။ ဖာဂူဆန်ဟာ ၂၆နှစ် အတွင်း မန်ချက်စတာ ကလပ်နဲ့ အတူ ဆုဖလား ၃၈လုံး အောင်မြင်ခဲ့ပြီး ၂၀၁၃ မှာ ယူနိုက်တက် ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ဖလား ယူပေးခဲ့ပြီးနောက် နည်းပြဘဝကနေ အနားယူလိုက်တာဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု ကြာပြီးနောက် ယူနိုက်တက်ဟာ ဖလားအားလုံး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!