Category

Sports News

မန်ချက်စတာ ယူနိုက်တက်က လီဗာပူးကို နိုင်တောင် နိုင်သွားနိုင်ခဲ့တာ လို့ ပွဲအပြီးမှာ ပြောသွားပြန်တဲ့ နည်းပြ တန်ဟက်

မနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ သရေကျခဲ့တဲ့ပွဲဟာ နည်းပြတန်ဟက်ရဲ့ ပုခုံးပေါ်က ဖိအားတွေကို ဖယ်ရှားပေးခဲ့ပြီး ယူနိုက်တက်ကလည်း အန်ဖီးကွင်းမှာ ဒီရာသီ သရေတစ်မှတ် ခွဲယူနိုင်တဲ့ ပထမဆုံး အသင်းလည်း ဖြစ်လာစေခဲ့ပါတယ်။ တန်ဟက်ကတော့ ရမှတ်တွေ ယူနိုင်ခြင်းကပဲ ဘောလုံးရဲ့ အရေးကြီး ကိစ္စဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေ ကိုယ့်ရဲ့ အခွင့်အရေးကို အရယူနိုင်ရင် သရေမဟုတ်ဘဲ ပွဲကို အနိုင်တောင် ရနိုင်တယ်လို့ ပွဲ အပြီးမှာ ဆိုခဲ့ပါတယ်။ တန်ဟက်က ” ကိုယ်ရလိုက်တဲ့… Continue Reading →

မန်စီးတီးက အသာကြီး သာပြီးမှ ဂိုးတွေ ပြန်ပေး၊ နိုင်ပွဲပျောက်နေတဲ့ အပေါ် ဂွာဒီယိုလာ အားမရ ဖြစ်၊ စိတ်ပျက်နေ

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ မနေ့ညက စနေညက ပရီးမီးယားလိဂ် ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း အီတီဟက်မှာ ဧည့်ခံ ကစားရာ ၂-၂ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ စီးတီးဟာ ၂-ဝ နဲ့ ဦးဆောင်ထားပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ စီးတီး နည်းပြ ပက်ဂွာဒီယိုလာကတော့ ပွဲရလဒ် အပေါ် အံ့အားသင့်နေပြီး ဒါမျိုး ဖြစ်လို့ မရဘူးလို့ ပွဲပြီး အင်တာဗျူးမှာ ညည်းညူနေခဲ့ပါတယ်။ ” ကျွန်တော်တို့ ကိုယ့် ဆုံးဖြတ်ချက်တွေကြောင့် နှစ်မှတ်ကို လွှင့်ပစ်လိုက်သလို ဖြစ်ခဲ့တယ်။… Continue Reading →

အန်းဖီးကွင်းကို သွားတာ အနိုင်ကန်ဖို့ သွားမှာ လို့ ပွဲကြို စိန်ခေါ်သံပေးလိုက်တဲ့ မန်ချက်စတာယူနိုက်တက် နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ကတော့ အန်ဖီးကွင်းမှာ မနှစ်တုန်းက ၇-၀ နဲ့ ရှုံးခဲ့သလို ဒီရာသီမှာ ထပ်အဖြစ်ခံမှာ မဟုတ်ကြောင်း ပွဲကြို ရှင်းလင်းပွဲမှာ ပြောဆိုလာပါတယ်။ တနင်္ဂနွေည အန်းဖီးမှာ ကစားမယ့် ပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေက ပြီးခဲ့တဲ့ ရာသီက ၇ ဂိုးပြတ် ရလဒ်ကို ထည့်သွင်း မေးခွန်းထုတ်ခဲ့တာပါ။ တန်ဟက်က ” အဲ့ဒီ ရလဒ်က မနှစ်တုန်းကပါ၊ အတိတ်မှာလည်း ကျန်ခဲ့ပါပြီ။ အတိတ်ကို ဘာမှ… Continue Reading →

လက်ရှိ ယူနိုက်တက် အသင်းသားတွေထဲမှာ လီဗာပူး လိုချင်လောက်စရာ ကစားသမား တစ်ယောက်လောက်ပဲ ရှိမယ် ဆိုလာသူ

ဒီ တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကြမယ့် လီဗာပူးနဲ့ ယူနိုက်တက် အသင်းတို့ရဲ့ ကစားသမား ၂၂ ဦးထဲမှာ အကောင်းဆုံး ၁၁ ဦးဟာ လီဗာပူး အသင်းသားတွေချည်းပါပဲ ဖြစ်မယ် လို့ ဂရေမီ ဆောင်းနက်က ထုတ်ပြောလာပါတယ်။ ပရီးမီးယားလိဂ် ဝေဖန်ရေးသမားဖြစ်သူ ဆောင်းနက်ကတော့ လီဗာပူးမှာ ကစားဖို့ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ယူနိုက်တက် ကစားသမားဆိုလို တစ်ဦးတည်း ရှိကြောင်းကို အခုလို ထုတ်ပြောခဲ့ပါတယ်။ ဂရေမီ ဆောင်းနက်က ” တနင်္ဂနွေနေ့ပွဲကတော့ ၇-၀ ရလဒ် ဖြစ်လာမှာ… Continue Reading →

မန်ချက်စတာ ယူနိုက်တက်နဲ့ မတွေ့ခင် ယူရိုပါလိဂ်မှာ ရှုံးပွဲတွေ့သွားတဲ့ ကလော့ပ်ရဲ့ လီဗာပူးအသင်း

ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် မနေ့ညက ဘယ်ဂျီယံကလပ် ယူနီယံစိန့်အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကာ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ထိုပွဲ ရလဒ်ဟာ အရေးမပါတော့ဘဲ လီဗာပူးအသင်းက ရှုံးထွက်အဆင့်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်သွားပါတယ်။ ဒီပွဲပြီးရင် ယူနိုက်တက်နဲ့ အမှတ်ပေးပွဲရှိနေတာကြောင့် နည်းပြကလော့ပ်ဟာ အဓိက ကစားသမား အားလုံးနီးပါးကို အနားပေးပြီး ရှိသမျှ လူငယ်တွေကိုပဲ ပွဲထုတ်သွားခဲ့ကာ ဒဏ်ရာပြဿနာ ရှောင်ရှားဖို့ စီမံသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး ပွဲထွက်လူစာရင်း… Continue Reading →

မန်ယူနဲ့ နယူးကာဆယ်တို့ကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ ဥရောပမှာ မျက်နှာပန်း မလှဘဲ အဆင့်လျောကျ

၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ အုပ်စုအဆင့်ကနေ စောစောစီးစီး ထွက်ခွာရခြင်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအား အထိနာလာစေဖို့ ရှိနေပါတယ်။ ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ကလပ်တွေရဲ့ အောင်မြင်မှုဟာ လာမယ့်ရာသီ စနစ်သစ်ဖြင့် ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလာမှာပါ။ လာမယ့်ရာသီကစလို့ ချန်ပီယံလိဂ်ကို ၄ သင်း ထပ်တိုးပြီး စုစုပေါင်း ကလပ်ပေါင်း ၃၆ သင်းထိ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေကတော့ UEFA coefficient တွက်ချက်မှုမှာ… Continue Reading →

ဘာပေရဲ့ ပီအက်စ်ဂျီ အပါအဝင် အာဆင်နယ် အသင်း ချန်ပီယံလိဂ် ရှုံးထွက်မှာ တွေ့ရနိုင်တဲ့ ပြိုင်ဘက် အသင်းများ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ရဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲတွေ ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက် အဆင့် တက်ရောက်သွားတဲ့ ကလပ် ၁၆ သင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အုပ်စုတွင်းမှာ အုပ်စုဗိုလ်နေရာကနေ ရှုံးထွက်ကို တက်ရောက်ခဲ့ကာ PSV ကတော့ အုပ်စု ဒုတိယဖြင့် ရှုံးထွက်ကို တက်ရောက်လာခဲ့ပါတယ်။ အုပ်စု တတိယနေရာက လန့်စ်အသင်းကတော့ ယူရိုပါလိဂ်ဆင်းကာ play-off ကစားရမှာဖြစ်ပြီး ဆီးဗီးလာ ကတော့ ဥရောပပြိုင်ပွဲကနေ ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အုပ်စု ဒုတိယနေရာက… Continue Reading →

ချန်ပီယံလိဂ် အုပ်စုပွဲတွေ အကုန်ပြီးစီးလို့ ၁၆ သင်း ရှုံးထွက် အဆင့် တက်တဲ့ ကလပ်အသင်းတွေ ထွက်ပေါ်လာပါပြီ

ဒီနှစ် ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲတွေက ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက်ကို တက်ရောက်သွားတဲ့ ကလပ် ၁၆ သင်းလည်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီဟာ စနစ်ဟောင်းဖြင့် ယှဉ်ပြိုင်တဲ့ နောက်ဆုံး ဘောလုံးရာသီဖြစ်ကာ ကလပ်ပေါင်း ၃၆ သင်းက အုပ်စု အဆင့်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အုပ်စုဗိုလ်အဖြစ် ၈ သင်း၊ အုပ်စု ဒုတိယအဖြစ် ၈ သင်းတို့ဟာ နောက်အဆင့်ကို တက်ရောက်သွားခဲ့တယ်။ အုပ်စု တတိယနေရာက ၈ သင်းကတော့… Continue Reading →

ရိုက်စ်ကို နေရာပြောင်း ကစားခိုင်းပြီး သူ့ အကွက်သူ ပြန် ကြွေနေတဲ့ အာဆင်နယ် နည်းပြ အာတီတာ

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်ကနေ တက်ဖို့ သေချာပြီးတဲ့နောက် ကြားရက်က အုပ်စု နောက်ဆုံးပွဲ PSV နဲ့ ပွဲကို သက်တောင့်သက်သာ ကစားကာ ၁-၁ သရေ ရလဒ် ထွက်ပေါ်စေ ခဲ့ပါတယ်။ ဒီပွဲမှာ နည်းပြ အာတီတာက ဗဟိုခံစစ် နေရာက ဆာလီဘာနဲ့ ဂါဘရီရယ်ကို တွဲကာ ပုံမှန်လို ပွဲထုတ် ခဲ့ပေမယ့် ပွဲ ပြီးခါနီး နောက်ဆုံး မိနစ် ၃ဝ လောက်မှာ ဒီကလန်ရိုက်စ် အား ဗဟိုခံစစ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!