Date

September 21, 2019

ချယ်ဆီးပွဲကြို သတိပေးမှု၊ လူသစ်စောင့်ကြည့်ခြင်း ဆာလက် အငြင်းအခုံနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆန်မောင့်ဟာ စိတ်လှုပ်ရှားစရာ ကစားသမားမျိုးဖြစ်ပြီး ကလပ်အသင်းကို ဒုက္ခပေးနိုင်တဲ့သူလို့ ထုတ်ဖော်ပြောဆိုပါတယ်။ ချယ်ဆီးအသင်းဟာ ဒဏ်ရာရ ကစားသမားတွေ အများအပြား ရှိနေပေမယ့် လီဗာပူး ပွဲအမှီ ပြန်ကောင်းလာကြပြီဖြစ်တယ်။ အိုဒွိုင်း၊ ရိစ်ဂျိမ်း၊ ကန်တီနဲ့ မောင့်တို့ဟာ တနင်္ဂနွေနေ့ပွဲမှာ ပါဝင်ဖို့ စောင့်ကြည့်ခံနေရဆဲဖြစ်ပြီး လီဗာပူး အသင်းမှာလည်း ကွင်းလယ်လူ ကီတာ ပြန် ကစားနိုင်နေပြီ ဖြစ်ပါတယ်။ လီဗာပူး တိုက်စစ်မှူး ဆာလက် ဘောလုံးပေးခြင်း နည်းပါးမှုကို ငြင်းခုံနေကြတာနဲ့ ပက်သက်ပြီး အီဂျစ်သား… Continue Reading →

နွေလူသစ်လေး ခြေစွာနေခြင်း၊ ဝက်ဟမ်းပွဲ လွဲမယ့် ကစားသမားများနဲ့ မန်ယူ ညနေခင်းသတင်းများ

ကာရေဂါက ယူနိုက်တက်ရဲ့ ဒီရာသီ အဓိက ပြသနာက ဂိုးတွေ မသွင်းယူနိုင်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲကစားပြီး သွင်းဂိုး ၈ ဂိုးပဲ ရသေးတာဖြစ်ပါတယ်။ တစ်ချိန်က မန်ယူအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်ခဲ့ဖူးသူ ဘရာဇီး ကွင်းလယ်လူ အန်ဒါဆန်ဟာ လက်ရှိ တူရကီမှာ ကစားနေမှုကနေ ဘောလုံးကစားခြင်းက အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပြီဖြစ်ပါတယ်။ တူရကီကလပ် အဒါနာက မန်ယူကွင်းလယ်လူဟောင်း အန်ဒါဆန်ရဲ့ အနားယူမှုသတင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး သူဟာ အခုမှ အသက် ၃၁… Continue Reading →

ပီပီ၊ တီရာနေး၊ ဘယ်လာရင် အပြင် လူငယ်လေးအား ခေါ်ယူလိုခြင်းနဲ့ နောက်ဆုံးရ အာဆင်နယ်သတင်းများ

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက အသင်း ခံစစ်ပိုင်း တိုးတက်ဖို့ လိုနေပြီး တစ်သင်းလုံးက ဒီအတွက် အကူအညီပေး အားထုတ်ရမှာ ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ သောကြာနေ့ည အာဆင်နယ် U23 နဲ့ ၀ုဗ် U23 အသင်းတို့ ပွဲစဉ်မှာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဘယ်လာရင်၊ တီရာနေးနဲ့ ကွန်စတန်တီနို မာဗရိုပါနို့စ်တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ရက်ပေါင်း ၂၅၅ ရက်အကြာမှာတော့ ညာအစွန်လူ ဘယ်လာရင်ဟာ ကွင်းထဲမှာ ၆၃ မိနစ်ကြာ ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှ အမ်းမရိတ်ကို… Continue Reading →

ဒေါ့မွန်လို ဖြစ်လာတဲ့ ချယ်ဆီး၊ ပွဲကစားတော့မယ့် အိုဒွိုင်း၊ ရီစ်ဂျိမ်းစ်နဲ့ ချယ်ဆီးသတင်းတိုများ

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ယခင် ကိုင်တွယ်ခဲ့တဲ့ ဒေါ့မွန်အသင်းလို လူငယ်တွေ အင်အားနဲ့ စိတ်လှုပ်ရှားစရာ အသင်းကောင်း တစ်သင်း ဖြစ်နေပြီလို့ ယာဂင်ကလော့ပ်က ချီးကျူးစကား ဆိုလိုက်ပါတယ်။ စတန်းဖို့ဘရစ်ခ်ျကို ရောက်ရောက်ချင်း ဦးစားပေး အလုပ်က အိုဒွိုင်းကို ချယ်ဆီးအသင်းမှာ ဆက်ရှိနေအောင် ထိန်းထားဖို့ ဖြစ်ပြီး ဒါကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ လမ်းပတ်က ဖွင့်ခဲ့ပါတယ်။ အိုဒွိုင်းဟာ အကြိမ်ကြိမ် ညှိနှိုင်းမှုများ အပြီးမှာတော့ ချယ်ဆီးနဲ့ ကာလရှည် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ လမ်းပတ်ဟာ အသင်းထံ စရောက်တာနဲ့… Continue Reading →

လီဗာပူးအသင်းကို ဒုက္ခပေးနိုင်တဲ့ ချယ်ဆီးအသင်းသား နှစ်ဦးကို ဟန်ဒါဆန် ထုတ်ဖော်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ချယ်ဆီးအသင်း ကွင်းလယ်ကစားသမားဖြစ်တဲ့ မေဆန်မောင့်ဟာ စိတ်လှုပ်ရှားစရာ ကစားသမားမျိုးဖြစ်ပြီး ကလပ်အသင်းကို ဒုက္ခပေးနိုင်တဲ့သူလို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဗလန်စီယာကို အရေးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲမှာ မောင့်ဟာ ဒဏ်ရာရခဲ့ပေမယ့် လီဗာပူးနဲ့ပွဲမှာ သူပါဝင်ကစားနိုင်မယ့် အခြေအနေမှာ ရှိနေသေးကြောင်း မန်နေဂျာလမ်းပတ်က ထုတ်ပြောပါတယ်။ ဒါပေမယ့်လို့ ကစားသမားရဲ့ ကြံ့ခိုင်မှု တိုးတက်နေခြင်းကို နောက်ဆုံး အချိန်ထိ စောင့်ကြည့်မှာဖြစ်ပြီး ဟန်ဒါဆန်ကတော့ မောင့်နဲ့ ချယ်ဆီးအသင်းကို အထင်ကြီးတဲ့ မှတ်ချက်တွေ ပေးခဲ့တာပါ။ လီဗာပပူးအသင်းခေါင်းဆောင်က “ ဖရန့်က အရမ်းကောင်းကောင်း လုပ်ထားနိုင်ပါတယ်။ သူတို့… Continue Reading →

အိုဒွိုင်းနဲ့ ရိစ်ဂျိမ်းတို့ ဒီကနေ့ ဆောက်သမ်တန်ပွဲကို ပါဝင်ကစားကြမယ်လို့ လမ်းပတ် အတည်ပြု

ဒီကနေ့ ဆောက်သမ်တန်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ယူ-၂၃ အဆင့် ပွဲစဉ်မှာတော့ ချယ်ဆီးအသင်းရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အိုဒွိုင်းနဲ့ ရိစ်ဂျိမ်းတို့ လိုက်ပါသွားခဲ့ပြီး ပါဝင်ကစားမယ်လို့ မန်နေဂျာလမ်းပတ်ရဲ့ အတည်ပြုမှုအရ သိရပါတယ်။ မန်နေဂျာလမ်းပတ်ကလည်း အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး ဒီကနေ့ပွဲဟာ ကြယ်ပွင့်နှစ်ဦးကို လူငယ်အဆင့် ပွဲတွေမှာ နောက်ဆုံး အသုံးပြုမှုလည်း ဖြစ်လာနိုင်တယ်။ ချယ်ဆီးဟာ ကြားရက်မှာတော့ ကာရာဘောင်ပွဲ ကစားဖို့ ရှိနေပြီး ဒီလူငယ်လေးတွေဟာ မနက်ဖြန် လီဗာပူးနဲ့ပွဲမှာ မပါနိုင်ပေမယ့် လိဂ်ဖလားပွဲမှာ ပွဲထွက်လူစာရင်းကနေ ပြန်ပါလာနိုင်တာ ဖြစ်ပါတယ်။ အိုဒွိုင်းဟာ… Continue Reading →

ဂွာဒီယိုလာ ထောက်ခံလိုက်တဲ့ နည်းပြသစ်၊ ဖာနန်ဒင်ဟို၊ မာရက်ဇ်တို့နဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လီဗာပူးအသင်းက ၄င်း မန်နေဂျာဘ၀ ရင်ဆိုင်ခဲ့ဖူးတဲ့ ပြိုင်ဘက်အသင်းတွေထဲ အတောင့်တင်းဆုံး အသင်းဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ စီးတီး ကွင်းလယ်ကစားသမား ဒေးဗစ် ဆေးလ်ဗားက လာမယ့်နွေးမှာ အင်တာမီယာမီအသင်းထံ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်းများကို ငြင်းဆန်လိုက်ပြီး လောလောဆယ်မှာ မီယာမီအသင်းက သူ ဦးစားပေး စဉ်းစားတဲ့ အသင်းတွေထဲ ပါဝင်နေရုံသာ ရှိတယ်လို့ တုန့်ပြန် သွားပါတယ်။ မန်စီးတီး နည်းပြ ဂွာဒီယိုလာက ယခုထိ အားကိုးရဆဲ ဖြစ်တဲ့ အသက် ၃၄ နှစ်… Continue Reading →

ဝက်ဟမ်းနဲ့ပွဲ မတိုင်ခင် စီနီယာလေးဦး ပါဝင်ကစားနိုင်ဖို့ မရှိကြောင်း ထုတ်ပြောခဲ့တဲ့ ဆိုးရှား

မန်ချက်စတာယူနိုက်တက်ဟာ ဒီအပပတ် တနင်္ဂနွေနေ့မှာတော့ ဒီရာသီ ပထမဆုံးသော အဝေးကွင်းနိုင်ပွဲရဖို့ ဦးတည်ပြီး ဝက်ဟမ်းအသင်းရဲ့ အိမ်ကွင်းထံ သွားရောက်ကာ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်၊ လုရှောတို့ ပါဝင်ကစားနိုင်မလားနဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် ဒဏ်ရာရသွားခဲ့တဲ့ ဒန်နီရယ်ဂျိမ်းရဲ့ အနေအထားအပေါ် မန်နေဂျာ ဆိုးရှားက ထုတ်ပြောခဲ့တယ်။ သူ့ရဲ့ ပြောဆိုမှုက ကလပ်အသင်းအတွက် သတင်းကောင်း မဟုတ်ခဲ့တာကတော့ သေချာလှပါတယ်။ သတင်းသမားတွေက အနားယူနေတာ သီတင်းပတ် အနည်းငယ်ရှိနေပြီဖြစ်တဲ့ မာရှယ်၊ လုရှောတို့ရဲ့ အခြေအနေအပြင် ဒဏ်ရာပြသနာ… Continue Reading →

ဆာလက် အသင်းဖော်တွေကို ဘာလို့ ဘောလုံးပေးမှု နည်းသလဲ ဖြေရှင်းပေးတဲ့ ချိန်ဘာလိန်

ချိန်ဘာလိန်က ဆာလက် ဘောလုံးပေးခြင်း နည်းပါးမှုကို ငြင်းခုံနေကြတာနဲ့ ပက်သက်ပြီး အီဂျစ်သား တိုက်စစ်သမားဟာ တကိုယ်ကောင်းဆန်သူတစ်ဦး မဟုတ်ပါဘူးလို့ ဖြေဆိုမှု လုပ်လာခဲ့ပါတယ်။ လီဗာပူးတိုက်စစ်ဟာ ဘန်လေနဲ့ပွဲမျာ ထိတွေ့မှု အနည်းငယ်ရှိတဲ့နောက် တိုက်စစ်သမားတွေကြာ ဘောလုံးပေးမှု တွက်ချက်ခြင်းတွေ ထွက်ပေါ်ရာမှာ ဆာလက်ဟာ တွဲဘက်တိုက်စစ်သမားတွေလောက် အသင်းဖော်ချင်း ဘောလုံးမပေးဘူးလို့ မှတ်တမ်း ထွက်လာခဲ့တယ်။ ဒါပေမယ့် ချိန်ဘာလိန်ကတော့ ဆာလက် အသင်းဖော်တွေထံ ဘောလုံးမပေးခြင်း အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ ” ဆာလက်က တစ်ကိုယ်ကောင်းဆန်ပြီး ဘောလုံးမပေးတာ မဟုတ်ပါဘူး။ သူက တိုက်စစ်သမားတစ်ယောက်ဖြစ်ပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!