Date

November 4, 2019

ကန်တီ ပြန်လာပြီလို့ လမ်းပတ် အတည်ပြုခြင်းနဲ့အတူ ကွင်းလယ်သုံးယောက်အတွက် ဆွေးနွေးပေးမှု

ချယ်ဆီးကွင်းလယ်လူ ကန်တီဟာ ဒဏ်ရာပြဿနာကနေ အရှင်းပျောက်ကင်းသွားပြီးလို့ မန်နေဂျာလမ်းပတ်က ဝန်ခံခဲ့ပြီး သူ့ကို လူစာရင်းထဲ ပြန်ထည့်လို့ ရနေပြီလို့ ပြောဆိုခဲ့ပါတယ်။ မန်နေဂျာလမ်းပတ်က ကွင်းလယ်လူတွေဖြစ်တဲ့ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုနဲ့ မောင့်တို့ရဲ့ ကစားနိုင်စွမ်းကို ကျေနပ်မှု ရှိနေသလို ကန်တီ ပြန်ပါလာတာက အသင်းအတွက် အရေးပါတယ်လို့ သူက မြင်တယ်။ အသင်းရဲ့ ကွင်းလယ်လူတွေနဲ့ ပက်သက်ပြီးလည်း အကောင်းမြင်မှုတွေ အများကြီးရှိတယ်လို့ ပြောပါသေးတယ်။ အေဂျက်နဲ့ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ လမ်းပတ်က ” သူ လူစာရင်းထဲ ပြန်လာပါပြီ။ ဒဏ်ရာပြဿနာတွေအားလုံး ရှင်းလင်းခဲ့ပြီဖြစ်တယ်။… Continue Reading →

မာနေးကို ပပ်က ဒိုင်ဗင်သမားလို့ စွပ်စွဲပေမယ့် မန်စီးတီးအကြောင်းပြောဖို့ စိတ်မဝင်စားဘူး ကလော့ပ် တုန့်ပြန်

ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲကြို မီဒီယာ တွေ့ဆုံမှုမှာတော့ ယာဂင်ကလော့ပ်က အသင်းတိုက်စစ်သမာား မာနေးကို ဟန်ဆောင်လဲချသူလို့ ဝေဖန်ခဲ့တဲ့ ဂွာဒီယိုလာကို တုန့်ပြန်ဖို့ ငြင်းဆန်ခဲ့ပြီး မန်စီးတီးအကြောင်းပြောဖို့ စိတ်မဝင်စားသလို ပြောမှာလည်း မဟုတ်ဘူးလို့ ပယ်ချလိုက်ပါတယ်။ VAR နဲ့ ပက်သက်ပြီး ကလော့ပ်ရဲ့ အမြင် ကျနော်တို့အားလုံး VAR ကို တကယ်ကြိး တိုးတက်လာဖို့ မျှော်လင့်ပါတယ် အဲ့တာက ဖြစ်နိုင်တယ်လို့ ထင်နေဆဲပါပဲ။ ပြဿနာတွေတော့ ရှိနေတာပေါ့။ ဂျာမနီမှာလည်း VAR က ခက်ခဲနေပါတယ်။ အခုချိန်ထိ ကျနေ်ာတို့ အကဲဖြတ်လို့… Continue Reading →

ကာတာက ကြယ် ၅ ပွင့်အဆင့် ဟိုတယ်မှာ တည်းခိုခွင့်အား ပယ်ချလိုက်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီဇင်ဘာလထဲမှာ ကလပ်များကမ္ဘဖလားကို ကာတာမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွက် ကလပ်အသင်း ကြယ် ၅ ပွင့်အဆင့် ဟိုတယ်မှာ တည်းခိုခွင့်ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ပြီဖြစ်ပါတယယ်။ မနှစ်က စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ဒီရာသီမှာ ဥရောပတိုက် ကိုယ်စားပြုပြီး ကလပ်များကမ္ဘာဖလားကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်။ ခရီးစဉ်မတိုင်ခင် ဖီဖာဘက်က လီဗာပူးအသင်း တည်းခိုဖို့ရာ ဟိုတယ်အစီအစဉ်တွေ လုပ်ဆောင်ပေးလာဖြစ်ပေမယ့် အဆိုပါ ဟိုတယ်ဟာ ထိပ်တန်းအဆင့်မှာ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု ပြစ်ချက်တွေ များပြားတာကြောင့်… Continue Reading →

လီဗာပူးမှာ ရှာကွီရီ နေရာမရဖြစ်နေပေမယ့် တိုက်စစ်သမား အိုရီဂီ နေရာရနေခြင်း အကြောင်းရင်း

လီဗာပူးပရိသတ်တွေကြားမှာ မေးခွန်းတစ်ခုရှိတာက မော်ရင်ညိုကို ရာထူးကနေ ထုတ်ပယ်ခဲ့သူလို့ တင်စားခံရတဲ့ တိုက်စစ်သမား ရှာကွီရီ နေရာမရဖြစ်နေပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတဲ့ အိုရီဂီ ဘာလို့ နေရာရနေသလဲဆိုတဲ့ အကြောင်းရင်းပဲဖြစ်တယ်။ ဒီရာသီ ရှာကွီရီ ဒဏ်ရာတွေရနေပြီး အိုရီဂီ ကြံ့ခိုင်မှုကောင်နေခြင်းက အကြောင်းရင်းတစ်ချက်ဖြစ်ပေမယ့် အဓိက အကြောင်းရင်းက လေ့ကျင့်ရေးက ရလဒ်တွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ လီဗာပူးသတင်းထောက် Simon Hughes က ပြောခဲ့တာဖြစ်ပါတယ်။ ” ယာဂင်ကလော့ပ်ရဲ့ ကြိုတင်ပြင်ဆင်မှုက ဘယ်လောက်တောင် များသလဲဆိုတာ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ သူ့အကြောင်း… Continue Reading →

ဒဏ်ရာရနေတဲ့ ချယ်ဆီး ကစားသမားသုံးဦး ဒီကနေ့ လေ့ကျင့်ရေးမှာ ပြန်ပါလာပါပြီ

အေဂျက်ပွဲကြို ချယ်ဆီးအသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတဲ့ ကန်တီ၊ ဘာကလေနဲ့ ခရစ်စတန်ဆန်တို့ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ စနေနေ့က ပရီးမီးယားလိဂ်ကို ပွဲစဉ် ၁၁ နဲ့ အနိုင်ရအပြီး ကြားရက်မှာ ချယ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စုတွင်း လေးပွဲမြောက်ပွဲအဖြစ် အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပါ။ အဆိုပါပွဲမတိုင်ခင် လေ့ကျင့်ရေးမှာတော့ ဒဏ်ရာရ ကစားသမား သုံးဦး ပြန်ပါလာခဲ့တာဖြစ်ပြီး ဒါဟာ ကွင်းလယ်နဲ့ ခံစစ်မှာ ရွေးချယ်စရာတွေ မရှိဖြစ်နေတဲ့ မန်နေဂျာလမ်းပတ်အတွက် သတင်းကောင်းလည်း ဖြစ်လာခဲ့ပါတယ်။ ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ… Continue Reading →

လီဗာပူးဟာ ဒီရာသီ ချန်ပီယံဖြစ်မယ့်အသင်းလို့ တံဆိပ်ကပ်လိုက်တဲ့ ပြိုင်ဘက်ကစားသမား

အက်စတွန်ဗီလာ ကွင်းလယ်လူ John McGinn က လီဗာပူးဟာ အကောင်းဆုံး ခြေစွမ်းတွေ မပြသနိုင်လို့ အချင်းချင်း အငြင်းပွားမှုတွေ ရှိခဲ့တာတောင် ၎င်းတို့ရဲ့ စိတ်ဓါတ်ပိုင်းကို ကျဆင်းစေပြီး အနိုင်ယူသွားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ အက်စတွန်ဗီလာအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပွဲမှာတော့ နောက်ကျသွင်းဂိုးတွေနဲ့ လီဗာပူးက အနိုင်သွားခဲ့တာပါ။ ဗီလာဟာ ခြေစွမ်းပြသနိုင်ခြင်း ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လီဗာပူးအသင်းသားတွေက စည်းလုံးမှုကောင်းကောင်းနဲ့ အနိုင်ရအောင် ပြန်ကြိုးစားနိုင်ခဲ့တာပါ။ ဒါကိုလည်း McGinn က ချီးကျူးခဲ့ပြီး ဒီရာသီ အင်္ဂလန်ချန်ပီယံဖြစ်မယ့် အသင်းလို့ ကင်ပွန်းတပ်သွားပါသေးတယ်။ ”… Continue Reading →

ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ပိတ် အယူခံကို ကြားနာမယ့်ရက် အားကစား ခုံရုံး ကြေငြာ

ချယ်ဆီးအသင်းဟာ ပြည်ပမှ လူငယ်ကစားသမားတွေကို ခေါ်ယူရာမှာ ဖီဖာရဲ့ စည်းမျဉ်းတွေ ချိုးဖောက်တဲ့အတွက် အပြောင်းအရွှေ့ ပိတ် ပြစ်ဒဏ် ကျခံနေရပြီး ထိုအတွက် အယူခံတင်မှုကို စစ်ဆေးမယ့်ရက်အား အားကစား ခုံရုံးက ကြေငြာလိုက်ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ အမှီ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ အတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ဆေးမယ်လို့ CAS က အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ နှစ်ကြိမ် ပိတ်ခံခဲ့ရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေက တစ်ကြိမ် ကျခံခဲ့ပြီး… Continue Reading →

မာနေးကို ဒိုင်ဗင်ထိုးတယ်လို့ ဂွာဒီယိုလာ ပြောတာက ကြောက်လို့ပြောတာဖြစ်တယ်

မန်ချက်စတာ စီးတီးနည်းပြ ပက်ဂွာဒီယိုလာက လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေး ကို တမင် လဲကျချင်ယောင်ဆောင်တယ်လို့ ပြောဆိုခဲ့တာဟာ ဆီနီဂေါ ကစားသမားရဲ့ ခြိမ်းခြောက်မှုကို သူ ကြောက်လို့ဖြစ်တယ်လို့ ဂျင်မီရက်နပ်က ဆိုလာပါတယ်။ ထိုစကားကို ဒီတပတ် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ ဂွာဒီယိုလာက ထည့်သွင်းပြောကြားခဲ့တာပါ။ တနင်္ဂနွေနေ့ မှာ ဖလားမျှော်လင့်နေတဲ့ အသင်းနှစ်သင်းကြား တွေ့ဆုံမှူ မတိုင်ခင် စီးတီးနည်းပြက စောစီးစွာပဲ စိတ်ဓာတ်စစ်ဆင်ရေးကို စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ပတ် တွေ့ကြတဲ့အခါ သူ့အသင်းကို… Continue Reading →

တည်ငြိမ်လာတဲ့ ချယ်ဆီးရဲ့ နောက်ထပ် လှမ်းရမယ့် ခြေလှမ်းတစ်ရပ် လမ်းပတ် ထုတ်ဖော်ပြောကြား

ချယ်ဆီးအသင်းဟာ ရလဒ်ကောင်းများ ဆက်တိုက် ရယူနိုင်လာနေပြီ ဖြစ်ကာ စနေနေ့က ဝက်ဖို့ဒ်ကို နိုင်တဲ့ ပွဲပြီးနောက် ပရီးမီးယားလိဂ် ၅ ပွဲ ဆက် နိုင်ပွဲ ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ ဖရန့်လမ်းပတ်ကတော့ ကလပ်အသင်း အနေနဲ့ နောက်ထပ် ခြေလှမ်းတစ်ရပ် ရှေ့ဆက်တိုးဖို့ လိုအပ်နေပြီး ထိုခြေလှမ်းကတော့ အသင်း ကစားပုံကို မိနစ် ကိုးဆယ်ပြည့် ထိန်းသိမ်း ကစားနိုင်ဖို့ပဲ ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း တစ်နေရာစာ အရယူထားပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!