Month

December 2019

ဇန်နဝါရီမှာ လူသစ်တွေခေါ်ယူမယ့်အကြောင်း ထုတ်ဖော် ဝန်ခံတဲ့ မန်နေဂျာဆိုးရှား

မနက်က ယှဉ်ပြိုင်သွားတဲ့ ယူနိုက်တက်နဲ့ အေဇက် အယ်ကမာ ပွဲအပြီးမှာတော့ မန်နေဂျာဆိုးရှားက ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ် အနည်းငယ် ထပ်ဖြည့်ဖို့ လိုအပ်တယ်လို့ ဝန်ခံ ပြောဆိုပါတယ်။ နွေတုန်းက ခံစစ်ကို အဓိက ပြင်ဆင်ခဲ့တဲ့ အသင်းဟာ တိုက်စစ်နဲ့ ကွင်းလယ်မှာ အင်အားဖြည့်ဖို့ သေချာပေါက် လိုအပ်နေတာပါ။ မာရှယ် ဒဏ်ရာရခဲ့စဉ် တိုက်စစ်သမား ရှားပါးခြင်းက ယူနိုက်တက်ရဲ့ သွင်းဂိုးတွေအတွက် အထိနာစေခဲ့သလို ပေါ့ဘာနဲ့ တော်မီနေး ဒဏ်ရာရချိန်မှာ ကွင်းလယ်က လိုအပ်ချက် များခဲ့တာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ လူငယ်တိုက်စစ်မှူး… Continue Reading →

ချယ်ဆီးနဲ့ ကာလရှည် သက်တမ်းတိုးလိုက်နိုင်တာအတွက် တိုမိုရီရဲ့ ဝမ်းသာပီတိစကားများ

ချယ်ဆီးအသင်းဟာ ကလပ်အသင်းနဲ့ လူငယ်ကစားသမား ဘဝကတည်းက ပူးပေါင်းမှုလုပ်ခဲ့ပြီး ဒီရာသီမှာ စီနီယာအဆင့်ကို တိုးတက်လာတဲ့ ခံစစ်မှူးတိုမိုရီကို ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးခဲ့ပြီဖြစ်ပါတယ်။ တိုမိုရီဟာ မန်နေဂျာလမ်းပတ် လက်အောက်မှာ အေဘရာဟမ်၊ မောင့်တို့နဲ့အတူ အဓိက ကစားသမား တစ်ဦးအဖြစ် ကစားပေးရမယ့် အကယ်ဒမီထွက် ကစားသမားစစ်စစ်လည်း ဖြစ်တယ်။ လာမယ့် သီတင်းပတ်မှာ အသက် ၂၂ နှစ်ပြည့်မှာဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံ စီနီယာပွဲထွက်ခွင့် ၁၆ ပွဲထိ ကစားထားနိုင်သူဖြစ်ကာ အင်္ဂလန်အသင်းအတွက်လည်း တစ်ကြိမ် ပါဝင်ပေးထားနိုင်ပါတယ်။ စာချုပ်သစ်ကို… Continue Reading →

ယွန်းဘတ် ကံကောင်းသွားတာလို့ သတိပေးကာ ကီယွန် ချီးကျူးခဲ့ရတဲ့ တိုက်စစ်သမား

အာဆင်နယ် ကစားသမားဟောင်းကြီး မာတင်ကီယွန်က စတန်းဒက်လိဂ်ကို ၂ဂိုး စီ သရေကျတဲ့ ပွဲအပြီးမှာ အာဆင်နယ် နည်းပြ ယွန်းဘတ်က ကံကောင်း သွားခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့တဲ့ လူငယ်တိုက်စစ်သမား မာတင်နယ်လီကို ချီးကျူးသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ အုပ်စုကနေ ၃၂ သင်း အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆၉ မိနစ် မာတင်နယ်လီ လူစား ဝင်မလာခင်က အာဆင်နယ်ဟာ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာ… Continue Reading →

ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး လီဗာပူးထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တဲ့ မီနာမီနို

လီဗာပူးဟာ အတည်ပြုကိစ္စတွေ မကြေညာသေးပေမယ့် ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ဂျပန်တိုက်စစ်သမားဟာ အန်ဖီးကို ပြောင်းလာတော့မှာဖြစ်ပါတယ်။ လိဂ်ပွဲတွေရှိနေခြင်းကြောင့် ဆေးစစ်မှုဆိုင်ရာ ကိစ္စတွေကို ဆိုင်းငံ့ထားပြီး အဆိုပါအတွက် ရလဒ်ထွက်လာပြီး အောင်မြင်ခဲ့မယ်ဆိုရင် ဆောင်းရာသီ အပြောင်းအရွှေ့ဖွင့်မယ့် ဇန်နဝါရီ ၁ ရက်နေ့မှာ မီနာမီနိုဟာ အင်္ဂလန်ကို ပြောင်းလာမှာပါ။ ဆဲလ်ဘတ်နဲ့ ၂၀၂၁ ခုနှစ်ထိ စာချုပ်ရှိသေးတဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးက ပေါင် ၇.၂၅ သန်း ကျသင့်မှာ ဖြစ်ပါတယ်။… Continue Reading →

အမေရိကန် အကောင်းဆုံး ဘောလုံးသမားဆု ရရှိသွားတဲ့ ချယ်ဆီးကြယ်ပွင့် ပူလီဆစ်

ချယ်ဆီးအသင်းမှ အသက် ၂၁ နှစ် အရွယ် တောင်ပံတိုက်စစ်သမား ပူလီဆစ်ဟာ အမေရိကန်မှာ အားကစားထဲ အမြင့်ဆုံး ဆုဖြစ်တဲ့ အမေရိကန် အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆုကို ၂၀၁၉ ခုနှစ် အတွက် ရရှိသွးပါတယ်။ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ ၁၂ အတွင်း ကနဦးမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းမှာ အကောင်းဆုံး အစွမ်းပြဖို့ ရုန်းကန်ခဲ့ရသော်လည်း တဖြည်းဖြည်း အခြေကျလာခဲ့ကာ ပရီးမီးယားလိဂ်မှာလည်း တစ်ပတ်ပြီး တစ်ပတ် ပိုပြီး ကောင်းမွန်စွာ ခြေစွမ်းပြလာသူ ဖြစ်ပါတယ်။ ပူလီဆစ်ဟာ အကောင်းဆုံး… Continue Reading →

အာဆင်နယ် မန်နေဂျာသစ် ဘယ်သူဖြစ်မလဲ အဆုံးအဖြတ်ပေးမယ့် အမ်းမရိတ်က ပုဂ္ဂိုလ်ကြီး ၄ ဦး

အာဆင်နယ်ဟာ မနက်က ယှဉ်ပြိုင်တဲ့ ယူရိုပါလိဂ်ပွဲမှာ နောက်ကနေ လိုက်ကစားပြီး သရေရလဒ် ထွက်ပေါ်ခဲ့ကာ ရံှူးထွက်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ခဲ့ပြီး သီတင်းပတ်အကုန်မှာတော့ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အမ်မရီ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ခံစစ်စွမ်းဆောင်ရည်က ဆိုးဆိုးဝါးဝါး ညံ့ဖျင်းနေဆဲဖြစ်တယ်။ ဒါ့အပြင် ကလပ်အသင်းရဲ့ စိတ်ဓါတ်ပိုင်းက အများကြီး တိုးတက်မလာတာပါ။ အမ်းမရိတ်က တာဝန်ရှိသူတွေက ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ်ပဲ မြင်ထားပြီး အမြဲတမ်း မန်နေဂျာတစ်ဦး ထပ်ခန့်မှာဖြစ်တယ်။ အမ်းမရိတ် တာဝန်ရှိသူတွေက လက်ရှိ… Continue Reading →

ရွန်းနီကိုကျော်ပြီး မြင်ဖူးသမျှထဲ အကောင်းဆုံးတိုက်စစ်မှူးက ဂရင်းဝုဒ်ပါလို့ ရွေးချယ်တဲ့ ဆိုးရှား

ယူနိုက်တက်ဟာ ကြာသပတေးနေ့ည ယူရိုပါလိဂ်ပွဲစဉ်မှာ အေဇက် အယ်လ်ခ်မာအသင်းကို လေးဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် နိုင်ပွဲရခဲ့ပါတယ်။ ထိုပွဲမှာ ယူနိုက်တက် တိုက်စစ်လူငယ်လေး ဂရင်းဝုဒ်က နှစ်ဂိုး သွင်းပေးခဲ့ပြီး ၁၈ နှစ်သား လူငယ်လေးရဲ့ ခြေစွမ်းကို ယူနိုက်တက် နည်းပြ ဆိုးရှားက ထုတ်ဖော် ချီးကျူးခဲ့ရပါတယ်။ ဆိုးရှားက ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဂရင်းဝုဒ်က ခံစစ်မှူးတွေ အတွက် အိပ်မက်ဆိုး ဖြစ်လာနေပြီလို့ ဆိုခဲ့ပါတယ်။ ဂရင်းဝုဒ် သွင်းဂိုးတွေက ယူနိုက်တက်ကို အုပ်စု ဗိုလ်အဖြစ် နောက်တစ်ဆင့် တက်သွားအောင်… Continue Reading →

ဇန်နဝါရီ အပြောင်းအရွှေ့မှာ မီနာမီနိုဝင်လာပြီး အထွက်နှစ်ဦးရှိသွားမယ့် လီဗာပူး

လီဗာပူးဟာ ဆဲလ်ဘတ်တိုက်စစ်သမား မီနာမီနိုအတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ထားပြီး စာချုပ်ပါ စည်းမျဉ်းစည်းကမ်းအရ ဇန်နဝါရီမှာ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူခွင့်ရဖို့လည်း နီးစပ်တဲ့ အနေအထားကို ရောက်နေပြီဖြစ်ပါတယ်။ ဂျပန်တိုက်စစ်သမား ဝင်ရောက်လာမယ့် ဇန်နဝါရီမှာပဲ လီဗာပူးလူငယ်နှစ်ဦးဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ဘရူးစတားတို့ကလည်း ရာသီကုန်ထိ အငှားထွက်ကစားကြမှာ ဖြစ်ပါတယ်။ ကနဦးတုန်းက မီနာမီနို အပြောင်းအရွှေ့ တစိတ်တဒေသအဖြစ် လီဗာပူး လူငယ်တိုက်စစ်မှူး ဘရူးစတားအား ဆဲလ်ဘတ်ကို အငှားပြန်ချပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဆိုပါသတင်းတွေက မမှန်ပါဘူး။ လီဗာပူးက ကစားသမား… Continue Reading →

အယ်လ်ခမာနဲ့ ယူရိုပါလိဂ်ပွဲ မတိုင်ခင် နောက်ဆုံးရ ယူနိုက်တက် ညနေခင်း သတင်းများ

ယူနိုက်တက် ပစ်မှတ် ဆဲလ်ဘတ် တိုက်စစ်မှူး ဟာလန်းဟာ ဗုဒ္ဓဟူးနေ့က လိုက်ပ်ဇစ်နဲ့ ဒေါ့မွန်အသင်းတို့ထံ သွားရောက် လည်ပတ်ခဲ့တယ်လို့ သိရပြီး ဇန်နဝါရီ ၎င်းရဲ့ အပြောင်းအရွှေ့အတွက် သတင်းများ ပိုမို လှုပ်ခတ်လာပါတယ်။ အက်လက်တီကို မက်ဒရစ် ကွင်းလယ်ခံစစ်သမား ဆောကို ဇန်နဝါရီမှာ ခေါ်ယူလိုပါက ဖြစ်နိုင်ပေမယ့် ယူနိုက်တက် အနေနဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် သုံးရမယ်လို့ သတိပေးခံထားရပါတယ်။ ယနေ့ည အေဇက် အယ်လ်ခမာနဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ်မှာ ယူနိုက်တက်ဟာ လူငယ် ကစားသမား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!