Date

December 6, 2019

အရေးကြီး ချန်ပီယံလိဂ်ပွဲမတိုင်ခင် လီဗာပူး သွားရောက် ယှဉ်ပြိုင်ရမယ့် ဘုန်းမောက်နဲ့ပွဲကို လော်ရို ခန်းမှန်း

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ လီဗာပူးအသင်းဟာ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ည ၉း၃၀ နာရီဖြစ်တယ်။ ဒီပွဲပြီးရင် လီဗာပူးဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ဆဲလ်ဘတ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါသေးတယ်။ အဲဗာတန်နဲ့ပွဲမှာ ဖာမင်နိုနဲ့ ဆာလက်ကို အနားပေးခဲ့သလို ဒီပွဲမှာလည်း အဓိက ကစားသမား အနည်းငယ်ကို အနားပေးနိုင်တာတော့ သတိပြုရမှာဖြစ်တယ်။ ဘုန်းမောက်နဲ့ ပွဲစဉ်အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ… Continue Reading →

ရှာကွီရီကို တောင်းပန်စကားနဲ့အတူ တောင်းဆိုစကားပါ ပြောဆိုလိုက်တဲ့ ယာဂင်ကလော့ပ်

ကြာသပတေးနေ့က မာဆေးဆိုဒ် ဒါဘီ နိုင်ပွဲ အပြီးမှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ပွဲကစားချိန် နည်းပါးခဲ့ပြီး အဲဗာတန်နဲ့ ပွဲမှ ပွဲထွက်ခွင့် ပြန်ရခဲ့တဲ့ တောင်ပံတိုက်စစ်သမား ရှာကွီရီကို တောင်းပန်စကား ဆိုခဲ့ပါတယ်။ ထိုပွဲစဉ်မှာ ကလော့ပ်က မိုဟာမက် ဆာလက်ကို အနားပေးထားခဲ့ကာ ရှာကွီရီကို ပါဝင်ကစားစေခဲ့တာ ဖြစ်ပါတယ်။ ရှာကွီရီကလည်း အကောင်းဆုံး စွမ်းဆောင်ပြခဲ့ကာ လီဗာပူးရဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ထိုပွဲအပြီးမှာ ကလော့ပ်က ရှာကွီရီ ကစားခွင့် နည်းခဲ့တာ အတွက် တောင်းပန်ခဲ့တာပါ။ ကလော့ပ်က ”… Continue Reading →

အီသီဟတ်မှာ ယူနိုက်တက်က မန်စီးတီးကို ဂိုးပြတ် အရေးနိမ့်မယ်လို့ လော်ရိုး ခန့်မှန်း

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ မန်ချက်စတာဒါဘီအဖြစ် ယူနိုက်တက်ဟာ အီသီဟတ်ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပြီး ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ စပါးနဲ့ပွဲကို ခြေစွမ်း အသာစီယူပြီး အနိုင်ယူခဲ့ကာ ဒီပွဲမှာပါ ရလဒ်ကောင်းမယ်ဆိုရင် ထိပ်ဆုံးအဆင့်တွေထက် မျှော်လင့်ချက် ပိုခိုင်မာသွားမှာပါ။ လော်ရိုးကတော့ ယူနိုက်တက်ဟာ ထိပ်တန်းအသင်းတွေနဲ့ဆို ရလဒ်ကောင်းပေမယ့် အဝေးကွင်းမှာ နိုင်ပွဲတစ်ပွဲပဲ ရမှုကို ထောက်ပြပြီး ဒီပွဲကို အနိုင်ရမယ်လို့ မထင်ပါဘူး။ လော်ရိုးက ” ကြားရက်က စပါးကို အနိုင်ရတဲ့ပွဲမှာ… Continue Reading →

အပြောင်းအရွှေ့ ခေါ်ယူခွင့်ပြန်ပွင့်ရင် လူခေါ်ရမယ်ဆိုတဲ့ အမြင်ကို ငြင်းဆန်တဲ့ ချယ်ဆီးတိုက်စစ်မှူးဟောင်း

ချယ်ဆီးတိုက်စစ်သမားဟောင်း ကာတန်ကိုလ်းက မန်နေဂျာလမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ လူဝယ်ခွင့် မရတာကတောင် ပိုကောင်ဦးမှာပါလို့ သူ့အမြင်ကို ထုတ်ပြောမှု လုပ်သွားခဲ့ကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြသွားပါတယ်။ ချယ်ဆီးဟာ အားကစားခုံရုံးကို အယူခံဝင်မှု လုပ်ထားပြီး နှစ်သစ်မကူခင်မှာ အဖြေသိရမှာဖြစ်တယ်။ နွေတုန်းက ချယ်ဆီးကို လမ်းပတ် ရောက်လာစဉ်က အပြောင်းအရွှေ့ ပိတ်ခံထားရတာဖြစ်ပြီး လမ်းပတ်ဟာ လူသစ်ခေါ်ယူမှု မလုပ်ပါပဲ လူစာရင်းတစ်ခုကို တည်ဆောက်ကာ ရာသီသစ်ကို စတင်လာခဲ့တာဖြစ်ပါတယ်။ အယူခံဝင်မှု အောင်မြင်လို့ ကစားသမားသစ် ခေါ်ယူခွင့်ရမယ်ဆိုရင်လည်း ခေါ်ယူခြင်း မလုပ်ပဲ ရှိတဲ့… Continue Reading →

စံချိန်ရှင် ကလော့ပ်ပြောဆိုတဲ့ ရာသီစကတည်းက ဖန်တလဲလဲ ပြောဆိုနေမှုကို သက်သေပြချိန်တန်ပြီ

အဲဗာတန်ကို အနိုင်ရတဲ့ပွဲဟာ မန်နေဂျာကလော့ပ်အတွက် လီဗာပူးမန်နေဂျာ ဘဝ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး ဒါဟာ ကလပ်အတွက်လည်း စံချိန်သစ် တင်ခဲ့ပါတယ်။ မန်နေဂျာဘဝ ၁၆၇ ပွဲမှာ နိုင်ပွဲ ၁၀၀ ရထားခဲ့တဲ့ ကင်းကင်နီရဲ့ မှတ်တမ်းကိုကျော်ပြီး ပရီးမီးယားလိဂ် ၁၅၉ပွဲနဲ့ စံချိန်သစ် ရခဲ့တာပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ၃၂ ပွဲဆက် မရှုံးခဲ့တာဖြစ်ပြီး လီဗာပူးသမိုင်းတစ်လျှောက် အမြင့်ဆုံးသော အမှတ်ပေးပွဲ နိုင်ပွဲဆက်မှု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ မန်နေဂျာကလော့ပ်ဟာ မော်ရင်ညိုနဲ့ ဆာအဲလက်စ်တို့နဲ့ ပွဲ… Continue Reading →

အေးဂျင့် ထုတ်ပြောထားတဲ့ ချယ်ဆီးနဲ့ ပဲလေ့စ် တိုက်စစ်မှူး ဇာဟာ အပြောင်းအရွှေ့ အလားအလာ

ချယ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့ တိုက်စစ်မှူး ဇာဟာကို ခေါ်ယူဖို့ နောက်နှစ် နွေမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ ဆက်လက်ပြီး စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ အင်ဒီပန်းဒန့်သတင်းဌာန အဆိုအရ ကစားသမားရဲ့ အေးဂျင့် ဖရက်ဒါရီကိုဟာ ၎င်းဟာ ချယ်ဆီးဘောလုံး ဒါရိုက်တာ မာရီနာနဲ့ တောင်ပံ တိုက်စစ်သမား အပြောင်းအရွှေ့ အတွက် စကား ပြောဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဇာဟာက ပြီးခဲ့တဲ့နွေ အပြောင်းအရွှေ့က မအောင်မြင်မှုများကြောင့် အေးဂျင့်ဟောင်း Unique Sports Management… Continue Reading →

မန်နေဂျာရာထူးနဲ့ ပက်သက်ပြီး ကလပ်ဘုတ်အဖွဲ့ကို တိုက်တွန်းမှုလုပ်ထားတဲ့ ယူနိုက်တက်စီနီယာများ

ယူနိုက်တက်စီနီယာကြယ်ပွင့်တွေက ကလပ်အသင်းရဲ့ မန်နေဂျာရာထူးအတွက် ဆိုးရှားကိုပဲ ဆက်လက်တာဝန်ပေးထားဖို့ ကလပ်အသင်း ဘုတ်အဖွဲ့ကို တောင်းဆိုထားကြောင်း The Times သတင်းက ဖော်ပြသွားပါတယ်။ ဆိုးရှားဟာ စပါးကို အိမ်ကွင်းမှာ အနိုင်မရခင် မန်နေဂျာရာထူးအတွက် ရုန်းကန်ရမှုတွေ ရှိနေပေမယ့် ကလပ်အသင်း စီနီယာသမားတွေက အသင်းအောင်မြင်မှုတွေရဖို့ ဆိုးရှားက ပြန်လည်တည်ဆောက်မှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ထားတာဖြစ်တယ်။ ၎င်းတို့ကပဲ အသင်းရဲ့ ဘုတ်အဖွဲ့ဆိုင်ရာ ပုဂ္ဂိုလ်တွေအား ဆိုးရှားကိုပဲ ဆက်ထိန်းထားဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ဒီဇင်ဘာလမှာ ယူနိုက်တက်ကို ယာယီမန်နေဂျာအဖြစ် ဝင်ရောက်လာတဲ့ ဆိုးရှားဟာ… Continue Reading →

ယုံကြည်မှု ပျောက်ဆုံးကာ ကြောက်ရွံ့နေတဲ့ အာဆင်နယ်အသင်းသားတွေ အခြေအနေ ယွန်းဘတ် ဖွင့်ဟ

အာဆင်နယ်နည်းပြ ဖရက်ဒီ ယွန်းဘတ်က သူ့ရဲ့ အသင်းသားတွေဟာ ဘရိုက်တန်နဲ့ ပွဲမှာ ကြောက်ရွံ့နေပုံ ရခဲ့ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ရှုံးပွဲအပြီးမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။ အမ်မရီကို ထုတ်ပယ်လိုက်ပေမယ့် ဂန်းနားတွေရဲ့ စွမ်းဆောင်ရည်က ပြောင်းလဲ မသွားသေးဘဲ ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေကာ ၁၉၇၇ မတ်လ နောက်ပိုင်း အဆိုးဆုံး အနေအထား ဖြစ်ပါတယ်။ အာဆင်နယ်ကို ယာယီဝင်ရောက် ကိုင်တွယ်ရတဲ့ ယွန်းဘတ်ရဲ့ ပထမ ပွဲဦးထွက် နောဝစ်နဲ့ ပွဲဟာ အူဘာမီးယန်းရဲ့… Continue Reading →

လီဗာပူးကို အရှက်တကွဲ အရေးနိမ့်အပြီး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မားကိုစ်ဆေးဗား

မာဆေးဆိုဒ်ဒါဘီပွဲမှာ လီဗာပူးကို အဆိုးရွားဆုံး ရလဒ်အဖြစ် ၅-၂ နဲ့ အရေးနိမ့်ပြီး တန်းဆင်းဇုန်ဖြစ်တဲ့ အဆင့် ၁၈ နေရာကို ရောက်သွားခဲ့တဲ့နောက် အဲဗာတန်မန်နျော မားကိုစ်ဆေးဗားဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ လီဗာပူးကို အရေးနိမ့်မှုက မာကိုစ့်အပေါ် အဲဗာတန်ရဲ့ ယုံကြည်မှု လျော့နည်းခဲ့တာဖြစ်တယ်။ အဲဗာတန်အသင်းဘက်က အတည်ပြုခဲ့သလို ကြာသပတေးနေ့ ညနေခင်းပိုင်းမှာပဲ မားကိုစ့်ဆေးဗားနဲ့ နည်းပြအဖွဲ့ဝင်တွေကို အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီ၊ အဲဗာတန်ဥက္ကဌ ဘေလ်းကန်ရိုက်တို့က လေ့ကျင့်ရေးကွင်းမှာ စကားပြောဆိုမှုတွေ ရှည်လျားစွာ လုပ်ခဲ့ပြီး ရာထူးကနေ ထုတ်ပယ်လိုက်တာလို့ သိရပါတယ်။ အဲဗာတန်အသင်းကိုတော့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!