Month

June 2020

လီဗာပူးက နာပိုလီခံစစ်မှူး ကူလီဘာလေကို ပေါင် သန်း ၆၀ သုံးဖို့ စိတ်မဝင်စားပါဘူး

လီဗာပူးအသင်းက နာပိုလီ ခံစစ်သမား ကူလီဘာလေကို ခံစစ်သမား လိုဗရန်ကို အလိုက်ပေးပြီး ငွေသားတစ်ရပ်နဲ့ ကမ်းလှမ်းမယ်လို့ ဖော်ပြနေမှုက သတင်းမှားသာလျှင် ဖြစ်ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။ စကိုင်းစပေါ့က ကူလီဘာလေဟာ ယာဂင်ကလော့ပ် အလိုရှိတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံး တစ်နေရာက ထည့်ထားတယ်ဆိုတာ မှန်ကန်ကြောင်း ထုတ်ဖော်ခဲ့တယ်။ ဒါပေမယ့်လို့ အသက် ၂၉ နှစ်အရွယ် ကစားသမား တစ်ဦးကို ပေါင် သန်း ၆၀ လောက်ပေးပြီး ခေါ်ယူဖို့ဆိုတာက လီဗာပူးပေါ်လစီမှာ လုံးဝ လုပ်မယ့် ကိစ္စမျိုးတော့ မဟုတ်ဘူးလို့လည်း… Continue Reading →

လီဗာပူးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံမှုည အကြောင်း ပြောပြတဲ့ အယ်လီဆန်

လီဗာပူးဂိုးသမား အယ်လီဆန်က ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံစဉ်မှာ သူ့ဖုန်းကို ဝေးရာမှာ ထားခဲ့ပြီး အသင်းဖော်တွေနဲ့ပဲ ပျော်ပောျ်ရွှင်ရွှင် အချိန်ကုန်ခဲ့တယ်လို့ ပြောပြလာပါတယ်။ စတမ်းဖိုဒ်ဘရစ်မှာ ချယ်ဆီးနဲ့ မန်စီးတီးတို့ ပွဲကို အတူတကွ ကြည့်ခဲ့ကြတဲ့ လီဗာပူး အသင်းသားတွေက ပွဲအပြီးမှာ အတူ အောင်ပွဲခံခဲ့ကြတယ်။ အယ်လီဆန်က အောင်ပွဲခံမှုမှာ ဖုန်းတကားကားနဲ့ ဗီဒီယိုရိုက်မှုတွေ လူမှုကွန်ယက်မှာ ပိုစ့်တင်မှုတွေထက် အသင်းဖော်တွေနဲ့ အောင်ပွဲခံခွင့်ရခြင်းကိုပဲ ပျော်ရွှင်စွာ အချိန်ကုန်ခဲ့စေခဲ့ပါတယ်။ အယ်လီဆန်က ” အောင်ပွဲခံတော့ ကျနော်ရဲ့ ဖုန်းကို ခပ်ဝေးဝေးမှာ ထားထားခဲ့တယ်။… Continue Reading →

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း ဒီရာသီမှာ ချိုးဖျက်ခဲ့တဲ့ စံချိန် ၅ ခု

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူး ချိုးဖျက်ခဲ့တဲ့ စံချိန် ၅ ခု ၁) ပရီးမီးယားလိဂ်ကို အမြန်ဆုံး အနိုင်ရခြင်း ပရီးမီးယားလိဂ်ပွဲ ၃၂ မှာတင် ချန်ပီယံအဖြေပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ကျန်ပွဲ ၇ ပွဲတောင် ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ပရီးမီးယားလိဂ် သမိုင်းမှာတော့ လီဗာပူးမတိုင်ခင် အမြန်ဆုံး စံချိန်တွေအဖြစ် ၂၀၁၇-၁၈ မှာ မန်စီးတီးနဲ့ ၁၉၉၇-၉၈ ခုနှစ်နဲ့ ၂၀၀၀-၂၀၀၁ ခုနှစ်တွေမှာ ယူနိုက်တက်တို့က လိဂ်ပြီးဆုံးဖို့ ၅ ပွဲ အလိုတွေမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။… Continue Reading →

စတီဗင် အကြိုက်ဆုံး ဆေးပညာရှင်ကို လာမယ့်ရာသီ အာဆင်နယ်ကနေ ပြန်ခေါ်မယ့် လီဗာပူး

လီဗာပူးဟာ လာမယ့်ရာသီမှာတော့ အာဆင်နယ်အသင်း ဆေးအဖွဲ့မှ physiotherapy ဆိုင်ရာ အကြီးအကဲ ခရစ်မော်ဂန်ကို ပြန်ခေါ်မယ်ဖို့ အစီအစဉ် ဆွဲထားပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မော်ဂန် လီဗာပူးအသင်းကနေ ထွက်ခွာခဲ့စဉ်က စတီဗင်ဂျရတ် ကိုယ်တိုင်က ” ကျနော်ရဲ့ အမြင်မှာတော့ ခရစ်မော်ဂန်ဟာ လီဗာပူးမှာရှိခဲ့တဲ့ အကောင်းဆုံးတကာ အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျနေ်ာရဲ့ ခန္ဓာကိုယ်ကို ၁၀ နှစ်ကြာ ဂရုစိုက်ပေးခဲ့တဲ့ မော်ဂန်ကို ကျေးဇူးတင်ပါတယ် ” လို့ ထုတ်ဖော် အသိအမှတ်ပြုခဲ့ပါတယ်။ မော်ဂန်ဟာ လီဗာပူးကနေ ထွက်ခွာပြီးနောက်ပိုင်း… Continue Reading →

ခံစစ်မှူး ဘမ်ဝိုက်အတွက် ပေါင် သန်း ၂၀ ရလိုနေတဲ့ ဘရိုက်တန်

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် လိဒ်အသင်းမှ ဗဟိုခံစစ်မှူး ဘမ်ဝိုက်ကို မျက်စိကျနေပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ The Athletic က ဖော်ပြပါတယ်။ အဆိုပါ သတင်းမှာတော့ ဗြိတိန်အတွင်း ပိတ်ဆို့မှု ကာလတွေ မတိုင်ခင်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဘမ်ဝိုက်ရဲ့ ခြေစွမ်းကို ကင်းထောက်လွှတ်ပြီး စောင့်ကြည့်မှုတွေ လုပ်ထားတယ်။ ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်က လိဒ်အသင်းထံ အငှားချထားတဲ့ ဘမ်ဝိုက်ဟာ ဘရိုက်တန်နဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေပြီး တစ်ပတ် လုပ်ခ ပေါင် ၁၀၀၀၀ ရနေတယ်ဆိုတာကိုလည်း ကလပ်တွေက… Continue Reading →

လီဗာပူးနဲ့ သတင်းကြီးနေတဲ့ အယ်ကန်တာရာ အပြောင်းအရွှေ့ ကိစ္စ ဘိုင်ယန်မန်နေဂျာ ထုတ်ပြော

ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကို ပြောင်းမယ်လို့ သတင်းကြီးနေမှုအပေါ် မှတ်ချက်ပေးမှု ပြုလုပ်သွားပါတယ်။ စပိန်လက်ရွေးစင်ဟာ ဒီနွေမှာတော့ ဂျာမနီကနေ ထွက်ခွာပြီး စိန်ခေါ်မှုသစ်တွေ ရှာဖွေမယ်လို့ သတင်းကြီးနေတာပါ။ သူက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုနေပြီး လီဗာပူးထံ ပြောင်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဖီလစ်ကတော့ အဆိုပါ သတင်းတွေကို ငြင်းဆန်ပြီး ဘိုင်ယန်က စာချုပ်သစ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘာစီလိုနာ ကွင်းလယ်လူဟောင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အနာဂတ်မှာ အရေးပါဆဲ… Continue Reading →

မန်စီးတီး V လီဗာပူး ပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ပွဲကြိုသုံးသပ်မှု

ဒီအပတ် ကြာသပတေးည၊ သောကြာနေ့မနက် ၁း၄၅ နာရီ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံဟောင်း မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီသီဟတ်ကို သွားပြီး အမှတ်ပေးပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။ အကယ်လို့ မန်စီးတီးက ချယ်ဆီးကို အရေးမနိမ့်ခဲ့ရင်တော့ ဒီပွဲက အတော်လေး မျှော်လင့်စရာ ပွဲကောင်း ဖြစ်နိုင်ပေမယ့် အခုချိန်မှာတော့ ပွဲရဲ့ တန်ပိုက အနည်းငယ် ကျဆင်းသွားခဲ့ပြီဖြစ်တယ်။ ဒီပွဲမှာ နှစ်သင်းမန်နေဂျာတွေရဲ့ ရွေးချယ်မှုကိုပဲ စောင့်ကြည့်ရမှာဖြစ်ပြီး သေချာတာကတော့ နှစ်သင်းလုံးက ဘယ်အသင်းကိုမှ အနိုင်ပေးလိုမှာ မဟုတ်ပါဘူး။ ပွဲနဲ့… Continue Reading →

ဘောလုံးဝေဖန်ရေးသမား အားလုံးအား ဟန်ဒါဆန်ကို လေးစားမှုပေးဖို့ သတိပေးတဲ့ ရက်နပ်

ဗြိတိန် အားကစားကလောင်ရှင်နဲ့ စကိုင်းစပေါ့မှ ဘောလုံးဝေဖန်ရေးသမား ဂျင်မီ ရက်နပ်က ဗြိတိန်ဘောလုံး အသိုင်းအဝိုင်းအား လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို လေးစားမှုပေးဖို့ သတိပေးတိုက်တွန်းမှု လုပ်ခဲ့ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ရက်နပ်က ဒေးလီးမေလ်းကနေ ခေါင်းကြီးသတင်း ရေးသားခဲ့တာဖြစ်ပြီး လီဗာပူးရဲ့ အောင်မြင်မှုအတွက် အားလုံးသော အသင်းသားတွေနဲ့ မန်နေဂျာကလော့ပ်ကို အသိအမှတ်ပြုရမှာဖြစ်တယ်။ ဒါ့အပြင် လီဗာပူးသမိုင်းမှာ အံ့မခန်းတဲ့ ကိစ္စကို ဦးဆောင်ခဲ့သူ ဟန်ဒါဆန်ကို အားပေးချီးမြှောက်မှုတွေ လုပ်ပေးကြဖို့ ထောက်ခံခဲ့ပါတယ်။ ဟန်ဒါဆန်နဲ့ ပက်သက်ပြီး ရက်နပ်ရဲ့ အသိအမှတ်ပြု ချီးကျူးမှုမှာတော့ ” မရေမတွက်နိုင်တဲ့… Continue Reading →

မန်စီးတီးကနေ လီဗာပူး ပြောင်းလာတော့ သူရင်ဆိုင်ခဲ့ရတဲ့ ဝေဖန်ခံရမှုတွေကို မီလ်နာ ဖွင့်ဟ

၂၀၁၅ နွေအပြောင်းအရွှေ့မှာ မန်စီးတီးကနေ လီဗာပူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ မီလ်နာက သူ ရင်ဆိုင်ခဲ့ရတဲ့ ဝေဖန်ခံရမှုတွေကို ထုတ်ပြောခဲ့ပါတယ်။ မီလ်နာဟာ လီဗာပူးကစားသမားဘဝမှာ လေးခုမြောက် ဆုဖလားအဖြစ် ပရီးမီးယားလိဂ်ကို မကြာခင် ကိုင်မြောက်တော့မှာဖြစ်ပြီး အဓိကအားဖြင့် မန်စီးတီးနဲ့အတူ သူမရခဲ့တဲ့ ဥရောပချန်ပီယံဖလားကိုလည်း အနိုင်ရရှိခဲ့ပြီဖြစ်တယ်။ ဒါကြောင့် သူဟာ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တာလို့ မီလ်နာက ယုံကြည်နေပါတယ်။ မီလ်နာက ” လူအများအပြားက ကျနေ်ာတော့ အမှားကြီး လုပ်မိပြီလို႔ ပြောကြတယ်ဗျာ။ အဲ့တာကပဲ ကျနော်ကို တွန်းအား… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!