Month

June 2020

တနင်္ဂနွေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်ကတော့ သူ့ရဲ့ လီဗာပူး အသင်းဖော်ဟောင်း ဟန်ဒါဆန် တစ်ယောက် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို အထင်ကရ ဆုဖလားတွေ ဆက်တိုက် အောင်မြင်နေမှုအပေါ် ဝမ်းသာ ပီတိဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။ လီဗာပူး တိုက်စစ်သမား ဖာမင်နိုက ပရီးမီးယားလိဂ်ဖလားကို အောင်မြင်တဲ့နောက် ဆံပင်ကို အနီရောင်းဆိုးပြီး အောင်ပွဲခံခဲ့ပါတယ်။ လီဗာပူး အဝတ်လဲခန်းဟာ ချန်ပီယံဖြစ်ရင် ဆံပင် အနီရောင်ဆိုးမယ်လို့ ကတိပြုကြဖူးပါတယ်။ လီဗာပူးအသင်းဥက္ကဌ ဝါနာက အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ အသင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေ… Continue Reading →

လီဗာပူးမှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော အသင်းဖော်ဟောင်းအတွက် ဂုဏ်ယူနေတဲ့ ဆွာရက်စ်

လီဗာပူးအသင်းကနေ ဆွာရက်စ် ထွက်သွားတဲ့နောက် အပြောင်းအလဲတွေ များစွာ ဖြစ်ခဲ့ပြီး လက်ရှိ လီဗာပူးမှာ သူ့ရဲ့ တွဲ ကစားခဲ့တဲ့ အသင်းဖော်ဟောင်း ဆိုလို့ ဟန်ဒါဆန် တစ်ဦးပဲ ကျန်ရှိပါတော့တယ်။ ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်ကတော့ သူ့ရဲ့ လီဗာပူး အသင်းဖော်ဟောင်း ဟန်ဒါဆန် တစ်ယောက် ချန်ပီယံလိနဲ့ ပရီးမီးယားလိဂ်လို အထင်ကရ ဆုဖလားတွေ ဆက်တိုက် အောင်မြင်နေမှုအပေါ် ဝမ်းသာ ပီတိဖြစ်နေခဲ့တယ်။ ဟန်ဒါဆန်က အရမ်းကို ခက်ခဲတဲ့ ကာလတွေ လီဗာပူးမှာ ရှိခဲ့တယ်လို့ ဆွာရက်စ်က… Continue Reading →

လီဗာပူးအသင်းရဲ့ အမြတ်ငွေ တစ်ပြားတစ်ချပ်ကိုမှ မထုတ်ယူဘူးဆိုတဲ့ အသင်းဥက္ကဌ ဝါနာ

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ တီမိုဗာနာအတွက် ချယ်ဆီးနဲ့အပြိုင် ဝင်ရောက်ခဲ့ခြင်း မရှိတာအတွက် ပရိသတ်တွေဘက်က အမြင်မကြည့်မှု အချို့လည်း ရှိထားပါတယ်။ ဒီဘက်နှစ်တွေမှာ အန်ဖီးကွင်းကို တိုးချဲ့မှု၊ ကစားသမားသစ် ခေါ်ယူရေးတွေကို လုပ်ဆောင်မှု၊ အမာခံ ကစားသမားတွေကို ကာလရှည် သက်တမ်းတိုးမှုနဲ့ လေ့ကျင့်ရေး ကွင်းသစ် တည်ဆောက်မှုတွေလည်း ရှိထားတာဖြစ်တယ်။ အသင်းဥက္ကဌ ဝါနာက အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ အသင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားပေမယ့် အမြတ်အစွန်းတွေကို တစ်ပြားတစ်ချပ်တောင် ကိုယ်ကျိုးအတွက် ထုတ်ယူခြင်း မရှိပါဘူးလို့ ထုတ်ပြောလိုက်ပါတယ်။ လီဗာပူး… Continue Reading →

သူ့အသင်း ဂျာစီမဝတ်ဘဲ လီဗာပူးဂျာစီဖြင့် လေ့ကျင့်ရေး ဆင်းခဲ့လို့ ဒဏ်ရိုက်ခံရတဲ့ ကစားသမား

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ချိန်မှာ ဂုဏ်ယူစွာ အောင်ပွဲခံခဲ့သူ တစ်ဦးကတော့ ဝက်ကွန်ဘီအသင်း တိုက်စစ်သမား Adebayo Akinfenwa ပဲ ဖြစ်ပါတယ်။ သူဘယ်သူလဲဆိုတာ မေ့နေတဲ့ လီဗာပူး ပရိသတ်တွေကို ပြန်အမှတ်ရစေဖို့ အစဖော်ပေးရမယ်ဆိုရင် ၂၀၁၅ ခုနှစ် ဇန်နဝါရီတုန်းက အဒီဘာယိုဟာ လီဗာပူးနဲ့ ဝက်ကွန်ဘီတို့ အက်ဖ်အေဖလားမှာ ထိပ်တိုက်တွေ့စဉ် လီဗာပူးဘက် ဂိုး သွင်းယူခဲ့သူပါပဲ။ အဝတ်လဲခန်းမှာတည်းက အသင်းဖော်တွေကို သူ သတိပေးခဲ့တာက ပွဲပြီးလို့ ဂျရတ်ဂျာစီကို သူနဲ့ အပြိုင် လုသူရှိရင် သူနဲ့ ပြဿနာတတ်လိမ့်မယ်လို့… Continue Reading →

ဆုဖလားတွေ စိန်ခေါ်ဖို့ လီဗာပူးကို ကလော့ပ် အသွင်ပြောင်းခဲ့တဲ့ နည်းစနစ်ကြီး ၁၀ ခု (ဆောင်းပါး)

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးမန်နေဂျာအဖြစ် အန်ဖီးကို ယာဂင်ကလော့ပ် ဝင်လာခဲ့ချိန်က လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ဖို့ ဝေးကွာနေခဲ့ပါတယ်။ အဆိုပါနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံက လက်စတာဖြစ်ပြီး ရမှတ် ၈၁ မှတ်ဖြင့် ချန်ပီယံဖြစ်ချိန်မှာ လီဗာပူးအသင်းက ရမှတ် ၆၀ ဖြင့် အဆင့် ၈ နေရာမှာပဲ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာ ချန်ပီယံလိဂ်ကို ပုံမှန်ဝင်နိုင်ဖို့နဲ့ ဆုဖလားတွေကို စိန်ခေါ်လာဖို့အတွက် ကလေ့ာပ်က လီဗာပူးအသင်းကို အသွင်ပြောင်းမှုကြီးတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။… Continue Reading →

အီးသီးဟတ်မှာ ချန်ပီယံ လီဗာပူးကို ဂုဏ်ပြုမှုနဲ့ ကြိုဆိုမယ်ဆိုတဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းက ဒီရာသီ ၎င်းတို့ အိမ်ကွင်းကို ရောက်လာမယ့် လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဂုဏ်ပြုမှု လုပ်ပေးမယ်လို့ သိရပါတယ်။ လီဗာပူးဟာ နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရခဲ့တာဖြစ်ပြီး ဒီအတွက် ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းသားတွေက ကြီးစွာသော ဂုဏ်ပြုမှုတွေကို ရရှိနေကြပါတယ်။ လီဗာပူးဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း အမှတ်ပေးဖလား အိပ်မက်အတွက် ဇွဲကြီးကြီး ကြိုစားခဲ့ပြီး ဒီရာသီမှာတော့ အံ့မခန်း ခြေစွမ်းတွေနဲ့အတူ အမှတ်ပေးပွဲ ၇ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာပဲ… Continue Reading →

လီဗာပူးပရိသတ်တွေကို တောင်းပန်ပြီး ချန်ပီယံဖြစ်တာအတွက် ဂုဏ်ပြုစကားဆိုတဲ့ ဆွာရက်စ်

ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်က အသင်းဟောင်း လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရတာအတွက် ပျော်ရွှင်မိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အရေးပါတဲ့ အသင်းသားတစ်ဦး ဖြစ်ခဲ့တဲ့ ဆွာရက်စ်ဟာ လီဗာပူးအပေါ် သံဃောဇဉ်ကြီးသူတစ်ဦး ဖြစ်ပါတယ်။ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ တစ်ဆင့်ပဲ ဆွာရက်စ်က ” ကျနော်အတွက်တော့ လီဗာပူးပရိသတ်တွေ၊ ကစားသမားတွေ၊ လီဗာပူးအတွက် အလုပ်လုပ်သူတွေအတွက် ကြီးကျယ်တဲ့ ကိစ္စကြီးလို့ ထင်ပါတယ်။ များစွာသော ပုဂ္ဂိုလ်တွေဟာ ဒီနှစ်ပေါင်း ၃၀ အတွင်းမှာ အလုပ်တွေ… Continue Reading →

လီဗာပူးကို ဆန်ချိုပြောင်းလာခဲ့မယ်ဆိုရင် အရမ်းကို အံ့အားသင့်မိမှာပါဆိုတဲ့ ကလော့ပ်

မန်နေဂျာယာဂင်ကလောပ့်က ဒီနွေမှာ လီဗာပူးက ဆန်ချိုကို ခေါ်ယူခဲ့မယ်ဆိုရင် အရမ်းကို အံ့အားသင့်မိပါလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်တောင်ပံသမားက ဒေါ့မွန်မှာ အနာဂတ် မသေချာဖြစ်နေပြီး ဒေါ့မွန်မန်နေဂျာကတော့ တိုက်စစ်သမားက ဒီနွေမှာ ထွက်သွားနိုင်တယ်လို့ ထုတ်ပြောထားတယ်။ သန်း ၁၀၀ တန်ကြေးရှိတဲ့ တိုက်စစ်သမားဟာ ဒေါ့မွန်နဲ့ စာချပ် နှစ်နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး သူ့ကို ခေါ်ယူရေးကို အင်္ဂလန်အသင်း အများအပြားက သတင်းထွက်ထားပါတယ်။ ဆန်ချိုကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် လီဗာပူးလည်း ပါဝင်နေပြီး မန်နေဂျာကလော့ပ်ကလည်း ကစားသမားကောင်းဖြစ်တဲ့ ဆန်ချိုကို… Continue Reading →

ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအတွက် ကတိစကားတစ်ခု ပေးသွားခဲ့တဲ့ မန်နေဂျာကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသင်းက ချန်ပီယံဖြစ်ခဲ့ပြီ ဖြစ်သော်လည်း လက်ကျန် ပွဲတွေကို အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲထိ ကစားဖို့ ကျန်ရှိနေချိန်မှာပဲ လီဗာပူးက ဒီရာသီ ချန်ပီယံအသင်း ဖြစ်လာခဲ့ပါပြီ။ ချန်ပီယံဖြစ်လို့လည်း ဘောလုံးပွဲတွေကို ပေါ့လျော့မှာ မဟုတ်ဘဲ ဖြစ်နိုင်သလောက် အကောင်းဆုံးတွေ ဆက်ကစားဖို့ လီဗာပူးအသင်းက မျှော်လင့်ထားပါတယ်။ မန်နေဂျာကလော့ပ်က ‘ ကောင်လေးတွေ ပြသထားတဲ့ တည်ငြိမ်မှုက မယုံနိုင်လောက်စရာပါပဲ။ ကျနော်က ရပ်တန့်မှာ မဟုတ်သလို ကျနေ်ာတို့အသင်းကလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!