လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသင်းက ချန်ပီယံဖြစ်ခဲ့ပြီ ဖြစ်သော်လည်း လက်ကျန် ပွဲတွေကို အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲထိ ကစားဖို့ ကျန်ရှိနေချိန်မှာပဲ လီဗာပူးက ဒီရာသီ ချန်ပီယံအသင်း ဖြစ်လာခဲ့ပါပြီ။ ချန်ပီယံဖြစ်လို့လည်း ဘောလုံးပွဲတွေကို ပေါ့လျော့မှာ မဟုတ်ဘဲ ဖြစ်နိုင်သလောက် အကောင်းဆုံးတွေ ဆက်ကစားဖို့ လီဗာပူးအသင်းက မျှော်လင့်ထားပါတယ်။
မန်နေဂျာကလော့ပ်က ‘ ကောင်လေးတွေ ပြသထားတဲ့ တည်ငြိမ်မှုက မယုံနိုင်လောက်စရာပါပဲ။ ကျနော်က ရပ်တန့်မှာ မဟုတ်သလို ကျနေ်ာတို့အသင်းကလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ အာရုံစိုက်မှုကို ဆက်လုပ်ပြီး အခွင့်အရေးတွေကို ရှာဖွေသွားမှာပါ။
မရပ်တန့်ကြဘူးဆိုတာက အရာအားလုံးကို ကျနေ်ာတို့ အနိုင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျနေ်ာတို့ ဆက်ပြီး တိုးတက်လိုပါတယ်။ ဘာလို့လည်းဆိုတော့ အခြားသော အသင်းတွေကလည်း တိုးတက်လာပြီး ပိုကောင်းလာကြပါတယ်။ မန်စီးတီးကလည်း တကယ်ကို မယုံနိုင်လောက် စရာပါပဲ။
တစ်ခုခုကို ကျနေ်ာတို့ အနိုင်ရမယ်ဆိုပြီး ကတိတော့ မပေးနိုင်ပပါဘူး။ ဒါပေမယ့် တိုးတက်လာဖို့ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပြီး အဲ့တာက ဖြစ်နိုင်တယ်ဆိုတာ ကျနေ်ာတို့ သိပါတယ် ‘ လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ အမှတ်ပေးဖလား အကြိမ် ၂၀ ထိ အနိုင်ရထားပြီး လီဗာပူးအသင်းက ၁၉ ကြိမ်မြောက်ကို အနိုင်ရခဲ့ပြီဖြစ်တယ်။ ဒါကြောင့် လာမယ့်ရာသီတွေမှာ လီဗာပူးက ပြိုင်ဘက်ဟောင်းရဲ့ စံချိန်ကို လိုက်မှီဖို့ ကြိုးစားလာဖို့ ရှိနေပါတယ်။
ကလော့ပ်ကပဲ ‘ အရမ်းကောင်းတဲ့ နေရာကို ရောက်လာတာဖြစ်ပြီး ဒီနေရာက ကျနေ်ာတို့ ရှိနှင့်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုကစပြီး နေရာကောင်းမှာ ဆက်ရှိနေဖို့လည်း ကျနေ်ာတို့ သေချာအောင် လုပ်ရပါမယ်။
အခုချိန်ထိ ကောင်းမွန်တဲ့ အနေအထားတွေမှာ ရှိနေဆဲဖြစ်ပေမယ့် ဆက်လက်ပြီး ယှဉ်ပြိုင်ကစားဖို့ ၇ ပွဲ ကျန်ရှိနေသေးပြီး အဲ့သည်ပွဲတွေမှာ ကျနေ်ာတို့ရဲ့ အကောင်းဆုံး ဘောလုံးကို ဆက်လက်ပြီး ကစားလိုပါတယ်။ အဲ့အတိုင်း လုပ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။
မန်စီးတီးလို မြင့်မားတဲ့ ရမှတ် ရဖို့ဆိုတာက ကျနော်အတွက်တော့ သိပ်ကောင်းတဲ့ ကိစ္စပပါ။ လုပ်နိုင်မလားတော့ မသိပါဘူး။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့ ယှဉ်ပြိုင်ကစားရမယ့် လက်ကျန် ၇ ပွဲမှာ ၆ ပွဲကို ကာလတိုအတွင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ကျနေ်ာတို့ အပြောင်းအလဲတွေ အများကြီး ပြုလုပ်ရပါမယ် ‘ လို့ ပြောဆိုခဲ့ပါတယ်။
ZAWGYI
လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသင်းက ချန်ပီယံဖြစ်ခဲ့ပြီိ ဖြစ်သော်လည်း လက်ကျန် ပွဲတွေကို အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။
တစ်ခုခုကို ကျနော်တို့ အနိုင်ရမယ်ဆိုပြီး ကတိတော့ မပေးနိုင်ပပါဘူး။ ဒါပေမယ့် တိုးတက်လာဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားကြမှာဖြစ်ပြီး အဲ့တာက ဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့ သိပါတယ် ‘ လို့ ပြောဆိုခဲ့ပါတယ်။
ကလော့ပ်ကပဲ ‘ အရမ်းကောင်းတဲ့ နေရာကို ရောက်လာတာဖြစ်ပြီး ဒီနေရာက ကျနော်တို့ ရှိနှင့်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုကစပြီး နေရာကောင်းမှာ ဆက်ရှိနေဖို့လည်း ကျနော်တို့ သေချာအောင် လုပ်ရပါမယ်။