Month

October 2020

ဂိုးတွေ သွင်းနေပေမယ့် အထိုင်ကျရေး ပိုမို ကြိုးစားဖို့ လိုနေသေးကြောင်း နားလည်ထားတဲ့ ဂျိုတာ

လီဗာပူးကစားသမားဘဝ တာထွက်ကောင်းမှုတွေကို ပိုင်ဆိုင်နေပေမယ့် ဆက်လက်ပြီးလည်း ကြိုးစားရဦးမှာဖြစ်ကြောင်း ဂျိုတာက ဝန်ခံပါတယ်။ ပွဲထွက်ခွင့်တွေ စရလာတဲ့ ဂျိုတာဟာ လီဗာပူးကို ပြောင်းလာတဲ့နောက် လက်ရွေးစင်မှာပါ ပိုမို နေရာပေးခံလာရပါတယ်။ ဂျိုတာကတော့ ကလပ်အတွက် သူ့ရဲ့ စွမ်းဆောင်ပြမှုတွေက အစပိုင်းပဲ ရှိသေးပြီး အသင်းဖော်တွေကြား ပိုမို နားလည်လာမှုတွေနဲ့အတူ တွဲဘက်မှုတွေကို ပိုမို လုပ်ဆောင်နိုင်ဖို့ ကြိုးစားရမယ်ဆိုတာကို နားလည်တယ်။ ဂျိုတာက ” ဒီလက ကျနော်အတွက်တော့ လကောင်းတစ်လ ဖြစ်ခဲ့ပါတယ်။ လီဗာပူးနဲ့ လက်မှတ်ထိုးနိုင်ခဲ့တာတင် မဟုတ်ဘဲ ကိစ္စတွေ အများကြီး… Continue Reading →

ဝက်ဟမ်းနဲ့ပွဲ ပွဲထွက်လူစာရင်းမှာ သီယာဂိုနဲ့ ရိုင်းစ် ပါဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာ

လီဗာပူးအသင်းဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၁၂ နာရီ မှာ ဝက်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အရေးပါတဲ့ သတင်းအချို့ အသင်းနဲ့ နီးစပ်သူတွေထံက ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ ဝက်ဟမ်းနဲ့ပွဲကြိုမှာ ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ကိတ်တာတို့ ပွဲကစားနိုင်ပြီးလားဆိုတဲ့ အခြေအနေအတွက် အသင်းက ကြံ့ခိုင်မှုပိုင်း နောက်ဆုံး စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ မာတစ်နည်းတူ နောက်ဆုံး လေ့ကျင့်ရေး ၃ ချိန်ကို လုပ်ထားနိုင်ပေမယ့် ရာနှုန်းပြည့် စိတ်မချရသေးတာကြောင့် ပွဲကစားခွင့်တွေ မပေးသေးတာဖြစ်တယ်။ နောက်ဆုံး ထွက်လာတဲ့ သတင်းအရ သီယာဂိုရဲ့… Continue Reading →

ဒီရာသီ ပြောင်းလဲ တိုးတက်လာတဲ့ ဆာလက်ရဲ့ အရည်အချင်းကောင်းတစ်ခုကို ကလော့ပ် ချီးကျူး

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးမှာ သွင်းဂိုး ၆ ဂိုးရထားတဲ့ တိုက်စစ်သမား ဆာလက်ကို ချီးကျူးမှုတစ်ခု ပြုလုပ်သွားပါတယ်။ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးတိုက်စစ်ရဲ့ အဓိကနေရာကိုပါ ပူးတွဲ ကစားလာနေပြီး ကိုယ်တိုင် ဂိုးသွင်းမှုကိုကော ဖန်တီးမှုတွေကိုပါ ပြုလုပ်လာနေတာပါ။ ကလော့ပ်က အီဂျစ်သားရဲ့ လေ့ကျင့်ရေးကွင်းအတွင်း ကြိုးစားမှု၊ တိုးတက်လာမှုတွေက အသင်းဖော်တွေ အားလုံးအတွက် စံနမူနာကောင်းတွေ ဖြစ်နေစေတယ်လို့ ချီးကျူးပါတယ်။ ကလော့ပ်က ” ဒီရာသီမှာ မိုက အရမ်းကောင်းကောင်း ကစားထားပါတယ်။ ဂိုးသွင်းသိပ်ကောင်းတဲ့… Continue Reading →

စာချုပ်သစ်ကိစ္စအတွက် ဖွင့်ဟ စကားပြောလာတဲ့ ဖာဘင်ညို

လီဗာပူးရဲ့ စွယ်စုံရ ကစားသမား ဖာဘင်ညိုဟာ ၂၀၁၈ ခုနှစ်မှာ မိုနာကိုကနေ ပြောင်းလာပြီးနောက် ဒီဘက်နှစ်တွေမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်။ သူ့ရဲ့ သန်မာမှုတွေက လီဗာပူးခံစစ်ကို အကောင်းဆုံး အင်အားဖြည့်ပေးနေပြီး ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ် နှစ်နေရာလုံးအတွက် ခြေစွမ်းပြပေးနေပါတယ်။ သူဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ကာ မကြာခင် ကာလတွေမှာ စာချုပ်သစ်ပေးခြင်း ခံလာရမလား စောင့်ကြည့်နေကြတာ ဖြစ်တယ်။ ဖာဘင်ညိုက “ ကျနော်မှာ စာချုပ် နှစ်နှစ်ထပ်ပိုပြီး ကျန်ပါသေးတယ်။ ဒီ သုံးနှစ်မှာ… Continue Reading →

လွန်ခဲ့တဲ့ ၉ နှစ်က လီဗာပူး၊ ယူနိုက်တက်နဲ့ ပက်သက်တဲ့ သူ့ရဲ့ စကားကို ပြန်ပြင်လိုက်တဲ့ ရိုင်ယန်ဂစ်

၂၀၁၁ ခုနှစ်တုန်းက ယူနိုက်တက်ကစားသမားဘဝမှာ ရိုင်ယန်ဂစ်ဟာ စကားတစ်ခွန်း ပြောခဲ့ပါတယ်။ အဲ့တာကတော့ ယူနိုက်တက်ဟာ လီဗာပူးအသင်းလို ပြိုလဲမှု ဘယ်တော့မှဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ စကားပါပဲ။ ထိုစဉ်က လီဗာပူးအသင်းဟာ ကျဆုံးမှုပေါင်း များစွာကြောင့် ထိုးနှက်ခံနေခဲ့ရပြီး FSG က လက်လွဲယူတဲ့ ကာလဖြစ်တယ်။ တစ်ဘက်မှာ ယူနိုက်တက်ကို ဆာအဲလက်စ်က တာဝန်ယူနေဆဲဖြစ်ပြီး မန်ချက်စတာကလပ်ဟာ စကော့သား မန်နေဂျာကြီး မရှိခဲ့ရင် ဘယ်သူ့ကို တာဝန်ပေးမလဲ ဆိုတာအတွက် စတင် အဖြေရှာနေစဉ် ကာလဖြစ်ပါတယ်။ ထိုစဉ်က ရိုင်ယန်ဂစ်က ယူနိုက်တက်ဟာ လီဗာပူးလို… Continue Reading →

ပရီးမီးယားလိဂ် စည်းမျဉ်း ပြောင်းဖို့ကိစ္စ ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ ပူးပေါင်း ဖိအားပေး

မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာ ဂွာဒီယိုလာတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရရေးအတွက် ဖိအားပေးမှုတွေကို ဖိအားပေးနေကြပြီဖြစ်ပါတယ်။ စည်းမျဉ်းရေးဆွဲသူတွေထံက ခွင့်ပြုချက်ကိုရဖို့ရာ သောကြာနေ့ မီဒီယာတွေ့ဆုံမှုတွေမှာ မန်နေဂျာ နှစ်ဦးလုံးက ပြန်လည်း သုံးသပ်ပေးကြဖို့ တောင်းဆိုခဲ့ကြတာပါ။ ပရီးမီးယားလိဂ်မှာ ကြွက်သားဒဏ်ရာ ပြဿနာတွေ ဆက်တိုက် မြင့်တက်လာနေပြီး ဒီအခြေအနေက ဥရောပမှာ အင်္ဂလန်အသင်းတွေကို မျက်နှာသာမရစေမယ့် အားနည်းချက်လည်း ဖြစ်လာတယ်။ ဥရောပရဲ့ အဆင့်မြင့်တန်း ကလပ်တိုင်းဟာ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ရချိန်မှာ ပရီးမီးယားလိဂ်က Project… Continue Reading →

ရိုဘို အပါ ခံစစ်မှူးနေရာအတွက် အရေးပေါ်သုံးစရာ စီနီယာ လေးဦးကို ထုတ်ပြောတဲ့ ကလော့ပ်

မန်နေဂျာ ယာဂင်ကလော့ပ်က ဝက်ဟမ်းပွဲကြိုမှာပဲ ခံစစ်ပိုင်း ပြဿနာနဲ့ ပက်သက်လို့ ထုတ်ပြောခဲ့ပြန်ပါတယ်။ ဗန်ဒိုက်အပြင် ဖာဘင်ညို မာတစ်တို့ကလည်း ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် ဒီနေ့ညပွဲမှာ ရိုင်စ် ဝီလီယမ်ကို ဂိုးမက်စ်နဲ့ တွဲပေးမှာဖြစ်ကာ နက်ဖီးလစ်က အရန်ကနေ ပါဝင်လာနိုင်ပါတယ်။ သို့သော်လည်း စီနီယာထဲက လေးဦးကလည်း ဗဟိုခံစစ်မှူးတွေအဖြစ် ရွေးချယ်လို့ နိုင်တယ်လို့ ပြောပါတယ်။ မန်နေဂျာကလော့ပ်က “ ကျနေ်ာတို့မှာ ဗဟိုခံစစ်အတွက် အခြားသော ရွေးချယ်စရာတွေအဖြစ် ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်၊ ဂျိမ်းမီလ်နာနဲ့ ရိုဘိုတို့ ရှိပါတယ်။ ရိုဘိုက ဗဟိုခံစစ်မှူးနေရာမှာလည်း… Continue Reading →

ဝက်ဟမ်းပွဲအတွက် ဗဟိုခံစစ်အတွဲကို ရွေးချယ်ထားခြင်းနဲ့ နည်းစနစ် အပြောင်းအလဲ

မန်နေဂျာကလော့ပ်ဟာ ဝက်ဟမ်းပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အသေးစိတ် ကိစ္စတွေကို ဖြေဆိုမှု လုပ်သွားတဲ့အပြင် အချို့ကိစ္စတွေမှာ အရိပ်အမြွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ” အကောင်းဆုံး တုန့်ပြန်ဖို့လိုပြီး လူစာရင်းကို အကောင်းဆုံး အသုံးချတတ်ဖို့လည်း လိုပါတယ်။ ရှက်ဖီးနဲ့ပွဲမှာ ကျနေ်ာတို့ ပွဲကစားပုံကို အနည်းငယ် ပြောင်းလဲခဲ့တယ်။ တူညီတဲ့ အရာတွေကို ဝက်ဟမ်းနဲ့ပွဲမှာ ဆက်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဘာက အလုပ်ဖြစ်မလဲနဲ့ ဘယ်ကစားသမားတွေကို ရွေးလိုရမလဲဆိုတဲ့အပေါ် မူတည်တယ်။ အင်္ဂါနေ့ညမှာ ကျနေ်ာတို့ ကစားခဲ့ပြီး နောက်ရက်မှာ ပြန်လည်အားဖြည့်မှုတွေ လုပ်ခဲ့တယ်။ ဒီနေ့ကတော့ နည်းစနစ်ပိုင်းဆိုင်ရာ… Continue Reading →

ဝက်ဟမ်းပွဲကြို ကလော့ပ်ပြောတဲ့ ဗန်ဒိုက်ရဲ့ အခြေအနေ၊ VAR နဲ့ သီယာဂို၊ ကိတ်တာ ကိစ္စများ

ဝက်ဟမ်းပွဲကြို မန်နေဂျာကလော့ပ်ရဲ့ မီဒီယာတွေ့ဆုံမှုမှ အရေးပါတဲ့ မေးခွန်းတွေအတွက် ဖြေဆိုပေးမှုကို ကောက်နုတ် ဖော်ပြပါတယ်။ ဗန်ဒိုက်ကိစ္စ ” ခွဲစိတ်မှု အောင်မြင်ပါတယ်။ ဒါက ငါတို့ရနိုင်တဲ့ သတင်းကောင်းပါ။ ဗန်ဒိုက် ရာနှုန်းပြည့် ပြန်ကောင်းလာဖို့အတွက် ဖြစ်နိုင်တာတွေ အားလုံးကို ကြိုးစားမှာပါ။ ဒီအခြေအနေမှာတော့ စိတ်မကျေနပ်တာတွေ ပြောဖို့ကိစ္စမျိုး မရှိပါဘူး။ ခွဲစိတ်မှု အောင်မြင်တယ်၊ သူအခြေအနေ ကောင်းပါတယ်။ ” VAR အတွက် မှတ်ချက် ” ဘာကိုမှ ထပ်မပြောချင်တော့ပါဘူး။ ပြောလို့ ပြောင်းလဲသွားမယ်ဆိုရင် ပြောမှာပါ။ အခုက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!