Month

December 2020

နယူးကာဆယ် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) အတွက် လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

မနက်ဖြန်ညမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) အတွက် အဝေးကွင်းအဖြစ် နယူးကာဆယ်ထံသွားပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ ထိပ်ဆုံးအသင်းတွေကြား ရမှတ် ကွာဟချက် နည်းပါးနေပြီး မတိမ်းမယိမ်း ရှိနေတဲ့ အနေအထားဖြစ်တယ်။ ဒီပွဲမှာ ဝက်စ်ဘရွန်းပွဲလို အမှားမျိုး မဖြစ်ဖို့ သတိပြုရမှာဖြစ်ကာ အနိုင်သုံးမှတ် သေချာပေါက် ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ လော်ရိုးက ပြောရာမှာ ” နယူးကာဆယ်အတွက် သီတင်းပတ်ကောင်း တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူတို့ရဲ့ ဂိမ်းပလန်ကို ပြောင်းလဲမယ်လို့… Continue Reading →

နယူးကာဆယ်ကို ရင်ဆိုင်ရမယ့် ပွဲမှာ ပွဲချိန်ပြည့် သတိပြုရမယ့် ကိစ္စကို နားလည်ထားတဲ့ ထရန့်

မနက်ဖြန်ညမှာ နယူးကာဆယ်နဲ့ တွေ့ဆုံတဲ့အခါ လီဗာပူးအသင်းဖော်တွေအနေနဲ့ တစ်စက္ကန့်တောင်မှ သတိလက်လွတ်မဖြစ်စေဖို့ စိတ်အားထက်သန်နေကြောင်း အသင်းဝဘ်ဆိုဒ်ကနေတစ်ဆင့် ထရန့်အလက်ဇန်းဒါး အာနိုးက ထုတ်ပြောလိုက်ပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ အသင်းရဲ့ သတိပေါ့လျော့မှုကို အခွင့်ကောင်း ယူပြီး ဧည့်သည်အသင်းက ခြေပဂိုး ရယူခဲ့တာပါ။ ဒီတစ်ကြိမ် လီဗာပူးဟာ စိန့်ဂျိမ်းစ်ပက်ခ်ကို သွားရောက်ကစားရမှာ ဖြစ်သလို နိုင်ပွဲရယူပြီး ပြန်လာနိုင်ဖို့ အာနိုးက မျှော်လင့်နေတာ ဖြစ်တယ်။ ဝက်စ်ဘရွန်းနဲ့ပွဲတုန်းက အမှားတွေကို ထပ်မလုပ်မိဖို့ လိုအပ်ကြောင်းနဲ့ နယူးကာဆယ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ ဆိုတဲ့အပေါ် အာနိုးက “ဒါက ဝက်စ်ဘရွန်းနဲ့တုန်းကလိုပဲ ခက်ခဲတဲ့ပွဲ… Continue Reading →

မန်နေဂျာကလော့ပ်ရဲ့ တွဲဘက်ဟောင်းကို နည်းပြအဖွဲ့ဝင်အသစ်အဖြစ် လီဗာပူးအသင်း ခန့်အပ်

လီဗာပူးအသင်းဟာ ကလပ်ရဲ့ head of recovery and performance ရာထူးအတွက် Dr Andreas Schlumberger ကို ခန့်အပ်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ ရာထူးသစ်ဟာ ကလပ်ရဲ့ စွမ်းဆောင်ရည်၊ ဆေးအဖွဲ့နဲ့ ပြန်လည်အားဖြည့်မှုဆိုင်ရာ ပိုင်းအတွက် အကြီးအကဲအဖြစ် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ Schlumberger ဟာ ရှော်ကေးအသင်းကနေ လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးစင်တာမှ ပထမအသင်း နည်းပြအဖွဲ့ထံ လာရောက် ပူးပေါင်းမှာဖြစ်တယ်။ အသက် ၅၄ နှစ်အရွယ် နည်းပြဟာ လက်ရှိ… Continue Reading →

နယူးကာဆယ်ပွဲအတွက် ပွဲနေ့လူစာရင်းမှာ သီယာဂို ပါဝင်လာမယ်လို့ ဖော်ပြလာ

လီဗာပူးသတင်းထောက်တွေက နယူးကာဆယ်နဲ့ပွဲအတွက် ပွဲနေ့လူစာရင်းမှာ သီယာဂို ပါဝင်လာမယ်လို့ ဒီကနေ့ သတင်းတွေမှာ ဖော်ပြလာပါတယ်။ မနက်ဖြန် ဗုဒ္ဓဟူးနေ့ည ကြာသပတေးနေ့ မနက်မှာ လီဗာပူးက နယူးကာဆယ်အသင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ သီယာဂိုနဲ့ ပက်သက်ပြီး သတင်းကောင်း ကြားလာရနိုင်သော်လည်း ခံစစ်မှူး မာတစ်ကတော့ ပါဝင်ဖို မသေချာဘူးလို့ သိရတယ်။ ဒူးဒဏ်ရာက ပြန်သက်သာလာတဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ စိန့်ဂျိမ်းပက်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲအတွက် ပွြနေ့လူစာရင်းထဲ ပါဝင်သွားနိုင်တယ်။ ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်မလား လူစားဝင် ကစားသမားအဖြစ်… Continue Reading →

ဗန်ဒိုက်က သူ့အတွက်တော့ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူး (၃) ဦးထဲက တစ်ဦးဆိုတဲ့ ဟာလန်း

ဘွန်ဒက်လီဂါမှာ တောက်ပတဲ့ အလားအလာတွေ ပြသနေတဲ့ နော်ဝေသား တိုက်စစ်မှူး ဟာလန်းက ကမ္ဘာအကောင်းဆုံး ခံစစ်သမားတွေအဖြစ် သူမြင်တဲ့ သူတွေကို ရွေးထုတ်မှု လုပ်လာခဲ့ပါတယ်။ နော်ဝေအခြေစိုက် VG သတင်းဌာနဖြင့် ပြုလုပ်တဲ့ အင်တာဗျူးမှာ ဟာလန်းက ” ကမ္ဘာပေါ်မှာ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေက ဆာဂျီယို ရာမိုစ့်၊ ဗာဂျယ် ဗန်ဒိုက်နဲ့ ကိုလီဘာလီတို့ ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဟာလန်းက ဗန်ဒိုက်ကို အထင်ကြီးသူဖြစ်ပြီး မနှစ်တုန်းက ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့စဉ်မှာလည်း နယ်သာလန်သား ခံစစ်သမားကို… Continue Reading →

အယ်ကန်တာရာ၊ ဝိုက်နယ်ဒမ်နှင့် ဇန်နဝါရီအတွက် ခံစစ်မှူးသစ် အခြေအနေ

– သီယာဂို အယ်ကန်တာရာရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ကွင်းထဲ ပြန်ဝင်ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက်တွေ ဖော်ပြခဲ့သည်။ – ကွင်းလယ်လူ ဝိုက်နယ်ဒမ်သည် ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပကလပ်တွေနှင့် အပြောင်းအရွှေ့ ကိစ္စ တရားဝင် ဆွေးနွေးခွင့်ရမည်ဖြစ်သည်။ သူဟာ လီဗာပူးနဲ့ သက်တမ်း တိုးမတိုးကို ဆုံးဖြတ်ပေးရတော့မည် ဖြစ်ပြီး သူကို ဘာစီလိုနာထံ ခေါ်ယူနိုင်ဖို့ ရော်နယ်ကိုးမန်းက မျှော်လင့်ထားသည်။ – လီဗာပူးအသင်းသည် နက်ဖီးလစ်နှင့် ရိုင်းစ် ဝီလီယမ်တို့နေရာတွေကို ကာဗာဖြစ်ဖို့ ဇန်နဝါရီမှာ ခံစစ်မှူးတစ်ဦးကို အငှားခေါ်ခြင်းမျိုး လုပ်မည်… Continue Reading →

နယူးကာဆယ် V လီဗာပူးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) အတွက် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ဟာ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးအပိတ်ပွဲဖြစ်ပြီး လီဗာပူးအသင်းက အဝေးကွင်းမှာ နယူးကာဆယ်ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၂း၃၀ မှာ အဆိုပါပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ နယူးကာဆယ်ဟာ ပုံစံကောင်းတွေ ပျောက်ဆုံးနေတဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာ လီဗာပူးအသင်းကလည်း မာတစ်၊ ကိတ်တာတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ လီဗာပူးရဲ့ မျှော်လင့်ချက် ကစားသမားဖြစ်တဲ့ သီယာဂို နယူးပွဲ ပွဲနေ့လူစာရင်းမှာ ပါဝင်မလား၊ ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်မလားကို ကြည့်ရမှာဖြစ်တယ်။ ဒီပွဲနဲ့… Continue Reading →

လီဗာပူးပရိသတ်တွေ စိတ်ပျက်စေမယ့် သတင်းပေးလာတဲ့ သတင်းထောက် ဂျိမ်းပီရက်ဇ်

၂၀၂၀ ခုနှစ်က ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီနှစ်ရဲ့ နောက်ဆုံးပွဲအဖြစ် ဒီကြားရက်မှာ လီဗာပူးအသင်းက နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာတော့ ဗဟိုခံစစ်မှူး မာတစ်နဲ့ ကွင်းလယ်လူ ကိတ်တာတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ဒီရာသီမှာ လီဗာပူးရဲ့ စီနီယာ ခံစစ်သမား ၃ ဦးလုံးဟာ နယူးကာဆယ်နဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။ The Athletic သတင်းဌာနကနေ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ဖော်ပြရာမှာ ” လီဗာပူးအသင်းရဲ့ စီနီယာအဆင့် ပုဂ္ဂိုလ်ရဲ့ သတင်းပေးမှုအရ ဇန်နဝါရီဈေးကွက်မှာ… Continue Reading →

လီဗာပူးအတွက် လွယ်အောင်ကို ဝက်စ်ဘရွန်းဘက်က စီစဉ်ပေးခဲ့ကြောင်း ထောက်ပြမှု

ဘီဘီစီရဲ့ Match of the Day 2 ပရိုဂရမ်ကနေ လီဗာပူးခံစစ်မှူးဟောင်း စတီဖန် ဝါးနော့က အန်ဖီးကွင်းက အသင်းဟောင်းရဲ့ ပွဲချဉ်းကပ်မှုဟာ မှားခဲ့တယ်လို့ ထောက်ပြသွားပါတယ်။ တန်းဆင်းဇုန်ကလပ်နဲ့ ယှဉ်ပြိုင်ရာမှာ မာနေးရဲ့ ခပ်စောစော ဂိုးကို မြင်ရတဲ့နောက် ဒီပွဲကတော့ လီဗာပူးပွဲလို့ အားလုံး ထင်ခဲ့ကြတာပါ။ ဝါးနော့က ဝက်စ်ဘရွန်းဟာ လီဗာပူးအသင်းသားတွေကို အဲ့လို ခံစားရအောင် လုပ်ခဲ့ကြပြီး သူတို့ ကိုယ်တိုင်ကတော့ တစ်ဂိုးပေးထားရသော်ညား ကိုယ်ရဲ့ တာဝန်ကို နောက်ဆုံး အချိန်ထိ မမေ့ခဲ့ကြဘူးလို့ မှတ်ချက်ပေးခဲ့တယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!