Month

April 2021

လီဗာပူးရဲ့ အားသာချက်က အားသာချက်မဖြစ်နိုင်ကြောင်း ယူနိုက်တက်ပွဲကြို ကလော့ပ်ပြော

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဒီအပတ်မှာတော့ အင်္ဂလန်ဒါဘီလို့ တင်စားရတဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ နှစ်သင်းဟာ အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာခဲ့ရတဲ့ လီဗာပူးက ကြားရက်မှာ ပွဲမကစားထားရဘူး။ ယူနိုက်တက်ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဖြစ် ရိုးမားကို အိမ်ကွင်းမှာ ဧည့်ခံထားရလို့ ဒီတစ်ကိမ် တွေ့ဆုံမှုမှာ မန်ချက်စတာကလပ်ဟာ ပွဲပန်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ ဒါကို အားသာချက်အဖြစ် မြင်လို့မရဘူးလို့ မှတ်ချက်ပေးခဲ့တယ်။ ကလော့ပ်က ” ယူနိုက်တက်ကို အနိုင်ရဖို့ဆိုတာက အရမ်းကို အရေးကြီးပါတယ်။… Continue Reading →

လီဗာပူးက နှလုံးသားမှာ ရှိပေမယ့် အနာဂတ်က ဘာမဆို ဖြစ်နိုင်တာ ဝန်ခံလိုက်တဲ့ ဟယ်ရီဝီလ်ဆန်

ချန်ပီယံရှစ်ကလပ် ကားဒစ်ဖ်မှာ အငှားသွားရောက် ကစားနေတဲ့ လီဗာပူး တောင်ပံ တိုက်စစ်သမား ဟယ်ရီ ဝီလ်ဆန်က သူ့ရဲ့ စီနီယာ ကစားသမားဘဝမှာ လီဗာပူးထက် တခြားမှာ ပွဲကစားတာ ပိုများနေတဲ့နောက် မာဆေးဆိုဒ်ကလပ် ကနေ လိုအပ်ရင် ထွက်ခွာရတော့မှာ ဖြစ်ကြောင်း ဝန်ခံ ပြောဆိုလာပါတယ်။ အသက် ၂၄ နှစ် အရွယ် ဝေးစ် လက်ရွေးစင် ကစားသမားဟာ လီဗာပူး အသင်းကို စိတ်ထဲမှာ ရှိပေမယ့် အသင်းမှာ အခွင့် အရေး မရဘဲ လူငယ်အသင်းနဲ့ အငှားထွက်… Continue Reading →

ယူနိုက်တက်နဲ့ပွဲ ပွဲထွက် လူစာရင်းမှာ ကလော့ပ် ရွေးချယ်လို့ရနိုင်မယ့် လီဗာပူးစီနီယာ ၂၀ ဦး

ဒီအပတ်မှာ လီဗာပူးခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုမက်စ်တို့ဟာ အက်ဆာ လေ့ကျင့်ရေးမှာ တိုးတက်တဲ့ အခြေအနေတွေကို ပြသနိုင်ခဲ့ကြောင်း ကလပ်ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမယ့်လို့ ဒီတလော အဓိက ပွဲထွက်ပေးနေတဲ့ နက်ဖီးလစ်ကတော့ ကြံ့ခိုင်မှု ပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ လာမယ့် ယူနိုက်တက်ပွဲမှာ ကလော့ပ် ရွေးချယ်စရာ ခံစစ်မှူးတွေအဖြစ် ခါဘတ်၊ ရိုင်းဝီလီယမ်တို့ပဲ ရှိမှာဖြစ်တယ်။ ဇန်နဝါရီက လီဗာပူးအသင်း ခေါ်ယူထားတဲ့ ဘမ်ဒေးဗစ်ကတော့ ဒီရာသီမှာ ပွဲထွက်ကစားပေးနိုင်မယ် မျှော်လင့်လို့ မရတော့ပါဘူး။ ကွင်းလယ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလွဲရင် ကျန်… Continue Reading →

ယူနိုက်တက် V လီဗာပူ းပရီးမီးယားလိဂ် ပွဲစဉ် (၃၄) အတွက် လော်ရိုး၏ ရလဒ်ခန့်မှန်းချက်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဒီအပတ်မှာ လီဗာပူးဟာ ခါးသီးပြိုင်ဘက် ယူနိုက်တက်ရဲ့ အိမ်ကွင်းကို သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုအပ်နေပြီး ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ဖို့ သေချာသလောက် ရှိနေပြီး အမှတ်ပေးချန်ပီယံအဖြစ်လည်း မျှော်လင့်နိုင်ခွင့် နည်းပါးသွားတာကြောင့် လီဗာပူးရဲ့ ဦးတည်ချက်ကို ဖျက်ဆီးဖို့ အာရုံစိုက်လာပါမယ်။ ပွဲနဲ့ပက်သက်ပြီး ဘီဘီစီမှ ဘောလုံးခန့်မှန်းသူ လော်ရိုးက ” ဇန်နဝါရီတုန်းက အန်ဖီးကွင်းမှာ ဒီနှစ်သင်းဟာ ဝ-၀ ရလဒ် ထွက်ပေါ်ထားခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့… Continue Reading →

ယူနိုက်တက် V လီဗာပူ းပရီးမီးယားလိဂ် ပွဲစဉ် (၃၄) အတွက် အိုဝင်၏ သုံးသပ် ခန့်မှန်းချက်

လီဗာပူးရဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် လက်ကျန် ၅ ပွဲထဲမှာ အခက်ခဲဆုံး ပွဲအဖြစ် ဒီအပတ်မှာတော့ ယူနိုက်တက်အိမ်ကွင်း အိုထရတ်ဖိုဒ့်ကိုသွားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ၄ မှတ်အကွာမှာ ရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်သွားမယ်လို့ သုံးသပ်ခံနေရတာပါ။ လက်ကျန်ပွဲ အားလုံးကို အနိုင်ရရင်တောင် ပြိုင်ဘက် ချယ်ဆီး (သို့) လက်စတာက နှစ်ပွဲလောက် ခြေချော်ဖို့ကို မျှော်လင့်နေရမှာ ဖြစ်ပါတယ်။ အိုဝင်က ” ဒီရာသီ အစောတုန်းက အန်ဖီးကွင်းမှာ နှစ်သင်း ရင်ဆိုင်ကစားခဲ့စဉ်က… Continue Reading →

ကိုနိတ်နှင့်အတူ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်သစ်ကို မြင်ရဖွယ်ရှိကြောင်း ရှင်းပြမှု

ဒီရာသီမှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးပေမယ့် ကစားသမား ခေါ်ယူရေးမှာ ခံစစ်ပိုင်းကို ပိုမိုအားပြုမယ့် အလားအလာတွေ ပြသလာနေကြောင်း မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက သုံးသပ်ပါတယ်။ ကုန်ခဲ့တဲ့ ၄ ရာသီကထက် အဆိုးဆုံး ရမှတ်နှင့် အဆင့်တွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် အစီအစဉ်သစ်တွေ ချမှတ်မှုတွေ လုပ်နေဆဲဖြစ်တယ်။ ခံစစ်ကို အာရုံပြုနေခြင်းကြောင့် လီဗာပူးရဲ့ အနာဂတ် အစီအစဉ်ဟာ ခံစစ်အထိုင် ပြောင်းလဲခြင်းနှင့်အတူ ကစားကွက် အပြောင်းအလဲပါ လုပ်ဖို့ ရည်ရွယ်လားဆိုတာက မေးခွန်းဖြစ်လာပါတယ်။ ဒီရာသီမှာ… Continue Reading →

အဓိက ပစ်မှတ်နှစ်ဦးကို ခေါ်ဖို့ လီဗာပူးဘက်က မီးစိမ်းပြရင် ပြောင်းရွှေ့ကြေး သန်း ၈၀ ကုန်ကျမည်

လီဗာပူးအသင်းရဲ့ လာမယ့် ရာသီအတွက် ခေါ်ယူဖို့ အပြီးသတ်စာရင်းထဲမှာ ခံစစ်မှူး ကိုနိတ်နှင့် ကွင်းလယ်လူ ဘစ်ဆာမာတို့ ပါဝင်လာပြီလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ အစောတုန်းက ကိုနိတ်အတွက် လီဗာပူးဟာ ပေါင် ၂၈-၄၀ သန်းကြား ပေးရမယ်လို့ သိထားရတယ်။ ဒါပေမယ့်လို့ တယ်လီဂရပ်ကတော့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၈ သန်းလို နည်းပါးတဲ့ ပမာဏ မဖြစ်နိုင်ဘဲ ပေါင် သန်း ၄၀ ကပ်မယ့် ပမာဏတစ်ရပ်ဖြစ်ဖို့ပဲ ရာနှုန်းများတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးကို… Continue Reading →

လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်မှာ မာဆေးဆိုဒ်ကလပ်ကို ရွေးချယ်ခဲ့ရခြင်းကို အလွန်ဆို ရှင်းပြ

စပိန်ကွင်းလယ်ဟောင်း အလွန်ဆိုက လီဗာပူးနှင့် ရီးရဲလ်မက်ဒရစ်မှာ သူဘာလို့ လီဗာပူးကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာအတွက် ကာရေဂါရဲ့ ‘ The Greatest Game ’ အစီအစဉ်ကနေ ရှင်းပြသွားပါတယ်။ ၂၀၀၄ မှာ အလွန်ဆိုဟာ သူ့ရဲ့ ငယ်မွေးခြံပေါက်ကလပ် ရီးရဲလ်ဆိုစီဒက်ကနေ လီဗာပူးကို ပြောင်းရွှေ့ခဲ့သူပါ။ ၂၀၀၉ မှာတော့ မန်နေဂျာ ရာဖာက သူ့အပေါ် သစ္စာဖောက်တယ်ဆိုတဲ့ ခံစားချက်ကြောင့် ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားခဲ့ပေမယ့် ပထမဆုံးအကြိမ် ပြောင်းရွှေ့မှုမှာ လီဗာပူးကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ တုန်းက… Continue Reading →

ခြေစွမ်း ဘယ်လိုဖြစ်သွားလဲ ဆိုတာ သူလည်း နားမလည်နိုင်ဘူးလို့ ဖွင့်ဟခဲ့တဲ့ တိုက်စစ်မှူး ဖာမီနို

လီဗာပူး တိုက်စစ်မှူး ဖာမီနိုက ဒီရာသီ ၆ ဂိုးသာ သွင်းယူထားပြီး ၂၀၂၁ ထဲမှာ ဆိုရင် တစ်ဂိုးသာ သွင်းယူထားရသေးတာပါ။ ဘရာဇီးသားရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းတွေက ဒီယေဂို ဂျိုတာကိုပါ ပထမ ပွဲထွက် နေရာ ပေးခဲ့ရပြီး သူ့နေရာ ခြိမ်းခြောက်ခံလာရပါတယ်။ ဖာမီနိုက ဒီရာသီ ခြေစွမ်း ကျဆင်းသွားတဲ့ အပေါ် ဘာမှားယွင်းသွားခဲ့တာလဲ နားမလည်နိုင် ဖြစ်ရကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။ ” (ဘာမှားနေလို့လဲ ဆိုတာ) ကျနော်လည်း အဖြေကို တကယ်ကို မသိပါဘူး။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!