Month

February 2024

နိုင်ပွဲ ဘယ်လိုယူရမလဲ နည်းလမ်းကို မန်ယူအသင်း သိနေပြီလို့ ပြိုင်ဘက်တွေအား သတိပေးတဲ့ နည်းပြတန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ်ကို ကာဆီမီရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ ၁-ဝ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ကွာတားအဆင့်မှာ ယူနိုက်တက်ဟာ ခြေစွာနေတဲ့ လီဗာပူးနဲ့ ထိပ်တိုက်တွေ့နေတာပါ။ မတ်လအတွင်း ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေချိန် သူ့အသင်း ခြေစွမ်းတည်ငြိမ်မှု မရှိဘူး ပြောကြတဲ့ ဝေဖန်မှုတွေအား နည်းပြတန်ဟက်က လက်မခံနိုင်ဘဲ ခါးခါးသီးသီး တုန့်ပြန်လိုက်ပါတယ်။ ” ကျွန်တော်တို့က ခြေစွမ်းတည်ငြိမ်ပါတယ်။ ၂၀၂၄… Continue Reading →

အေဂျက်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်သွားမယ့် လီဗာပူး လက်ထောက်နည်းပြ

ရာသီကုန်မှာ နည်းပြကလော့ပ်နဲ့အတူ လီဗာပူးကနေ ထွက်ခွာသွားမယ့် လက်ထောက်နည်းပြ ပပ်လင်ဒါးဟာ မန်နေဂျာအဖြစ် စတင် အလုပ်လုပ်တော့မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေအတွင်း အဓိကကျသူ တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ ပက်လင်ဒါးဟာ ကလော့ပ်နေရာ ဆက်ခံသူဖြစ်ခွင့်အတွက် အလွန်ဆို၊ ဒီဇာဘီတို့နဲ့အပြိုင် ကြိုးစားသွားမှာ မဟုတ်ပါဘူး။ သူဟာ ဇာတိမြေဖြစ်တဲ့ နယ်သာလန်ကို ပြန်သွားကာ အေဂျက်အသင်းကို တာဝန်ယူဖွယ် ရှိနေပါတယ်။ လက်ရှိမှာ လင်ဒါးနဲ့ အေဂျက်ကြား စကားပြောမှု စတင်နေပြီလို့ သိရပါတယ်။ ကလော့ပ်နဲ့အတူ လက်ထောက်နည်းပြတွေဖြစ်တဲ့ လင်ဒါး၊ ပီတာ၊ ဗစ်တာမာတိုစ့်တို့တွေ… Continue Reading →

ဒဏ်ရာတွေကြားက ဒီကနေ့ည စတင်တော့မယ့် လီဗာပူးရဲ့ ပွဲကြပ်ကာလ

လီဗာပူးအသင်းဟာ လာမယ့် ပြိုင်ပွဲစုံ ၈ ပွဲကို ၁၈ ရက်အတွင်း ယှဉ်ပြိုင်ရမှာဖြစ်ကာ ပွဲကြပ်ကာလတစ်ခုကို ကျော်ဖြတ်ရပါလိမ့်မယ်။ မတ်လ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် အသင်း ရင်ဆိုင်ကစားရမယ့် ပွဲစဉ်တွေမှာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေ ပါဝင်လာတာပါ။ အရေးအကြီးဆုံး ပွဲကတော့ အန်ဖီးမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲပဲ ဖြစ်ပါတယ်။ ချက်ကလပ် စပါတာ ပရာဟာ အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းနဲ့ အိမ်ကွင်းပွဲ နှစ်ခုကြားမှာ မန်စီးတီးပွဲ ရှိနေတာမို့ နည်းပြကလော့ပ်ဟာ အဓိက… Continue Reading →

ရာသီကုန်ရင် အာဆင်နယ်ကို သေချာပေါက် စွန့်ခွာသွားမယ့် အင်္ဂလန် ကြယ်ပွင့်

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နေပေမယ့်လို့ ကစားသမား အချို့ဟာ ရာသီကုန်ရင် အမ်းမရိတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလန်ဂိုးသမား ရမ်စ်ဒယ်ဟာ အာဆင်နယ်အသင်း ဂိုးပေါက်ကို တာဝန်ယူခွင့် ဆုံးရှုံးခဲ့တာကြောင့် ယူရို ၂၀၂၄ မှာ ရွေးချယ်ခံရဖွယ် မရှိဘူးလို့ အသံထွက်နေပါတယ်။ ရမ်စ်ဒယ်ကတော့ သူ့ရဲ့ အနေအထားကို ပျော်ရွှင်နေခြင်း မရှိပါဘူး။ ပုံမှန်ပွဲကစားခွင့်အတွက်ကော အင်္ဂလန်အသင်းနဲ့အတူ လာမယ့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားနိုင်ရေးအတွက်ပါ အသင်းသစ်ကို ရှာဖွေသွားတော့မယ်လို့ Caught Offside က ဖော်ပြလာပါတယ်။ ရာယာထံ… Continue Reading →

မန်ယူ ဂန္တဝင်ကြီးရဲ့ မှတ်တမ်းလည်း ဟာလန်း ချိုးဖျက်ခြင်း ခံလိုက်ရပါပြီ

မန်စီးတီးက လူတန်ကို ၆-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူး ဟာလန်းဟာ တစ်ဦးတည်း ၅ ဂိုးသွင်းခဲ့ကာ အင်္ဂလန်လိဂ်ရဲ့ ထိပ်တန်း စံချိန်တွေကို ရယူသွားပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ မိနစ် ၄၀ မှာတင် hat-trick ရခဲ့တာဖြစ်ကာ ဒုတိယပိုင်းမှာ နောက်ထပ် ၂ ဂီုး ထပ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဒီဘရိုင်းကလည်း ဟာလန်းအတွက် ၄ ကြိမ်တောင် ဂိုးထောက်ပံ့မှု လုပ်ပေးခဲ့ပါတယ်။ စီးတီးရဲ့ နောက်ဆုံး သွင်းဂိုး တစ်ဂိုးကတော့… Continue Reading →

ချယ်ဆီးကို ပြစ်ပြစ်နှစ်နှစ် ဝေဖန်သွားတဲ့ နာမည်ကြီး သုံးသပ်သူကို မပြောသင့်တဲ့ စကား ပြောခဲ့တယ်လို့ တုန့်ပြန်

လီဗာပူးအသင်းက ချယ်ဆီးအသင်းကို အနိုင်ရခဲ့တာဟာ ကလော့ပ်ရဲ့ ကလေးတစ်သိုက်က ပေါင် ဘီလျံနဲ့ချီ သုံးမရတဲ့ ချယ်ဆီးကို အနိုင်ယူခဲ့တာလို့ ဂယ်ရီနဗီးရဲ့ ပြောဆိုမှုဟာ ပြောသင့်တဲ့ စကားမျိုး မဟုတ်ဘူးလို့ ပိုချက်တီနိုက တုန့်ပြန်လိုက်ပါတယ်။ ဒုတိယပိုင်းမှာ ကလော့ပ်က လူငယ်တွေကို ဦးစားပေး ထည့်သုံးခဲ့သလို ချယ်ဆီးကို ဗန်ဒိုက်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရချိန်မှာ ကွင်းထဲ ရှိနေတဲ့ သူ့ ကစားသမား ၁၁ ဦးထဲက ၆ ဦးဟာ လီဗာပူးအကယ်ဒမီက လာတဲ့သူတွေ ဖြစ်ပါတယ်။ နဗီးက ချယ်ဆီးအသင်း ဂိုးပေးရချိန်… Continue Reading →

အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် မန်ယူကိုကျော်ပြီး လီဗာပူးတို့ ပြတ်ပြတ်သားသား ဦးဆောင်လာ

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာရာဘောင်းဖလား ဗိုလ်စွဲပြီးနောက် သူတို့ရဲ့ အဓိက ဆုဖလား စာရင်းမှာ တစ်လုံး ထပ်တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာရာဘောင်းဖလားဟာ လီဗာပူးအသင်း အတွက် ၄၆ လုံးမြောက် ဆုဖလားလည်း ဖြစ်ပါတယ်။ အင်္ဂလန်မှာ အအောင်မြင်ဆုံး ကလပ်အသင်း လီဗာပူးကလည်း ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပြီး ဒုတိယနေရာမှ မန်ချက်စတာ ယူနိုက်တက်ကို ဖလား ၃ လုံး အသာ ရထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အဓိက ဆုဖလား ၄၃ လုံး… Continue Reading →

ကလော့ပ်နဲ့အတူ မြို့ပတ်ပြီး အောင်ပွဲခံဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား အောင်မြင်ခဲ့ပြီမို့ ရာသီကုန်ရင် အမိုးဖွင့်ကားနဲ့အတူ မြို့ထဲ လှည့်လည်ကာ ပရိသတ်တွေကို နှုတ်ဆက်ခွင့်ရအောင် ဖိတ်ခေါ်ဖို့ စီစဉ်လာပါတယ်။ ကလပ်ရဲ့ ထိပ်ပိုင်းအကြီးအကဲတွေကြား ဆွေးနွေးမှု စတင်နေပြီဖြစ်ကာ မေလအကုန် အန်ဖီးကနေ ထွက်တော့မယ့် ဂန္တဝင်နည်းပြကြီးကို အကောင်းဆုံး နှုတ်ဆက်ဖို့ အစီအစဉ်တွေကို ရှာဖွေနေပါတယ်။ လီဗာပူးအသင်းဟာ လိဂ်ဖလား အောင်မြင်မှုအတွက် အမိုးဖွင့်ကားနဲ့အတူ အောင်ပွဲခံတာမျိုး လုပ်ဖူးခြင်း မရှိပါဘူး။ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ အမှတ်ပေးဖလားလို ဆုဖလားကြီး အောင်မြင်မှုတွေအတွက်ပဲ အောင်ပွဲခံလေ့ရှိတာပါ။ ဒါပေမယ့်လို့ ကလော့ပ် ထွက်ခွာမယ့် ကိစ္စမှာ… Continue Reading →

မန်ယူခေါ်ရင် အာတီတာက အာဆင်နယ်ကို စွန့်ခွာမှာလို့ ဖော်ထုတ်လိုက်တဲ့ သရဲနီဟောင်း

ယူနိုက်တက်ကသာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီး အာတီတာကို ချိတ်ဆက်မယ်ဆိုရင် စပိန်သား နည်းပြဟာ အိုးထရတ်ဖိုဒ့်ကို ပြောင်းလာပါလိမ့်မယ်လို့ ရီယို ဖာဒီနန်က ပြောလာခဲ့ပါတယ်။ ၂၀၁၉ ဒီဇင်ဘာမှာ အာဆင်နယ်ကို နည်းပြအဖြစ် အာတီတာ စတင် တာဝန်ယူလာခဲ့ပြီးနောက် ဂန်းနားတွေဟာ အက်ဖ်အေဖလား အောင်မြင်ထားပါတယ်။ မနှစ်ကနဲ့ ဒီရာသီမှာဆိုရင် ပရီးမီးယားလိဂ်ကို စိန်ခေါ်လာနေတာပါ။ အသက် ၄၁ နှစ်အရွယ် နည်းပြဟာ အခုချိန်ထိ အခြားအသင်း တစ်သင်းထံ ပြောင်းမယ်လို့ အသံမထွက်သေးပေမယ့် ယူနိုက်တက်က ခေါ်ယူလိုရင် အနာဂတ်ကို စဉ်းစားသွားမယ့်သူပါလို့ သရဲနီဟောင်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!