ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲကြီးပွဲကောင်းအဖြစ်က ယူနိုက်တက်ဟာ စပါးကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ဒါဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း မော်ရင်ညိုတစ်ယောက် အိုထရတ်ဖိုဒ့်ကို ပထမဆုံးအကြိမ် ပြန်လာမှု ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ ချာလီနီကိုးလက်စ်က လူတိုင်းက ဒီပွဲကို စောင့်မျှော်နေကြမှာဖြစ်ပြီး အသင်းဟောင်းကို ရင်ဆိုင်ချိန်မှာ မော်ရင်ညို ဘာလုပ်ပြမယ်ဆိုတာကို အားလုံးက မြင်လိုကြမယ်လို့ ဆိုပါတယ်။

” ကျနေ်ာတို့ အားလုံး ဗုဒ္ဓဟူးနေ့ ပွဲစဉ်အတွက် စောင့်မျှော်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲက အလန်းစား ဖြစ်မှာ မို့ပါ။ မော်ရင်ညို မန်ချက်စတာကို ပြန်လာပြီး တဖန် ရင်ဆိုင်မှာ အတွက် ရင်ခုန်နေကြတယ်။

ဂျို့စ်က ဝေဖန်ရှုံ့ချမှုတွေ ခံရမလား။ သူတို့က အိုးထရက်ဖို့ဒ်မှာ သူ့ကို မနှစ်သက်ခဲ့ကြဘူး။ မော်ရင်ညိုရဲ့ စတိုင်ကို မကြိုက်ကြတာ ဖြစ်ကောင်း ဖြစ်မယ် ဒါပေမယ့် ပို နက်နဲတာကတော့ ကစားသမားတွေနဲ့ ပတ်သတ်ပြီး သူ့ အတွေးအမြင်တွေကို မနှစ်သက်ကြတာပါ အထူးသဖြင့် ပေါ့ဘာနဲ့ ပတ်သတ်လို့ပေါ့။ သူက လုခ်ရှောနဲ့လည်း ပြသနာရှိခဲ့တယ်။ ဂျို့စ်က အမြဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူ ဖြစ်တယ်။ သူက ဆုဖလားကြီးတွေ မယူပေးခဲ့ဘူး၊ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင်လည်း မစွမ်းေ်ဆာင်ပြခဲ့ဘူး။ ဆိုးဆိုးဝါးဝါးလည်း ဆန့်ကျင်ကြတော့ မြင်ရမယ် မထင်ပါဘူး။

ကျနော် မှားကောင်းမှားမယ် ဒါပေမယ့် စပါးအသင်းက လွန်ခဲ့တဲ့ သုံးပတ်ကသာ ဆို အိုးထရက်ဖို့ဒ်ကို ခေါင်းငိုက်စိုက်နဲ့ လာကြမှာ ဖြစ်တယ်။ ဒီပွဲမြှတော့ သရေ တစ်မှတ် ရရင်ကို ဝမ်းသာကြမှာပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်ကတော့ စပါး အလိုရှိတာ ဘာကိုမဆို ပေးမှာ မဟုတ်ပါဘူး။

ထူးထူးဆန်းဆန်း ကိစ္စတွေ တော့ ရှိပါတယ်။ အိုးထရက်ဖို့ဒ်မှာ စပါးက အနိုင်ရဖို့ ရေပန်းစားနေတယ်။ သူတို့က အသင်းကြီးတွေနဲ့ ဆို ရလဒ်ကောင်း မရထားဘူး။ ဒါပေမယ့် ယူနိုက်တက်ကလည်း မြင့်မြင့်မားမား အနေအထားမှာ မရှိပါဘူး။ ယူနိုက်တက်က သူတို့ အရည်အချင်းကို သက်သေပြဖို့ ကြိုးစားမှာ ဖြစ်လို့ စိတ်ဝင်စားစရာ ကောင်းမှာပါ။ ဂျို့စ်ကတော့ သူ့အလုပ်သူ ကောင်းကောင်း လုပ်ပြလိမ့်မယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီနစ်ကိုးလပ်ရဲ့ ခန့်မှန်းရလဒ်ကတော့ မန်ယူနိုက်တက် ၂-၂ စပါး ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၅ ပြဲၾကီးပြဲေကာင္းအျဖစ္က ယူႏုိက္တက္ဟာ စပါးကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ဒါဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလေနာက္ပိုင္း ေမာ္ရင္ညိဳတစ္ေယာက္ အိုထရတ္ဖိုဒ့္ကို ပထမဆံုးအၾကိမ္ ျပန္လာမႈ ျဖစ္ပါတယ္။

စကိုင္းစေပါ့့မွ ခ်ာလီနီကိုးလက္စ္က လူတိုင္းက ဒီပြဲကို ေစာင့္ေမွ်ာ္ေနၾကမွာျဖစ္ျပီး အသင္းေဟာင္းကို ရင္ဆိုင္ခ်ိန္မွာ ေမာ္ရင္ညိဳ ဘာလုပ္ျပမယ္ဆိုတာကို အားလံုးက ျမင္လိုၾကမယ္လုိ႔ ဆိုပါတယ္။

” က်ေန္ာတို႔ အားလံုး ဗုဒၶဟူးေန႕ ပြဲစဥ္အတြက္ ေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီပြဲက အလန္းစား ျဖစ္မွာ မို႔ပါ။ ေမာ္ရင္ညိဳ မန္ခ်က္စတာကို ျပန္လာျပီး တဖန္ ရင္ဆိုင္မွာ အတြက္ ရင္ခုန္ေနၾကတယ္။

ဂ်ိဳ႕စ္က ေ၀ဖန္ရွံဳ႕ခ်မႈေတြ ခံရမလား။ သူတို႔က အိုးထရက္ဖို႔ဒ္မွာ သူ႔ကို မနွစ္သက္ခဲ့ၾကဘူး။ ေမာ္ရင္ညိဳရဲ႕ စတိုင္ကို မၾကိဳက္ၾကတာ ျဖစ္ေကာင္း ျဖစ္မယ္ ဒါေပမယ့္ ပို နက္နဲတာကေတာ့ ကစားသမားေတြနဲ႕ ပတ္သတ္ျပီး သူ႔ အေတြးအျမင္ေတြကို မနွစ္သက္ၾကတာပါ အထူးသျဖင့္ ေပါ့ဘာနဲ႕ ပတ္သတ္လို႔ေပါ့။ သူက လုခ္ေရွာနဲ႕လည္း ျပသနာရွိခဲ့တယ္။ ဂ်ိဳ႕စ္က အျမဲ ပြင့္ပြင့္လင္းလင္း ေျပာတတ္တဲ့သူ ျဖစ္တယ္။ သူက ဆုဖလားၾကီးေတြ မယူေပးခဲ့ဘူး၊ ခ်န္ပီယံလိဂ္ ၀င္ခြင့္ရေအာင္လည္း မစြမ္းေ္ဆာင္ျပခဲ့ဘူး။ ဆိုးဆိုး၀ါး၀ါးလည္း ဆန္႔က်င္ၾကေတာ့ ျမင္ရမယ္ မထင္ပါဘူး။

က်ေနာ္ မွားေကာင္းမွားမယ္ ဒါေပမယ့္ စပါးအသငး္က လြန္ခဲ့တဲ့ သံုးပတ္ကသာ ဆို အိုးထရက္ဖို႕ဒ္ကို ေခါင္းငိုက္စိုက္နဲ႕ လာၾကမွာ ျဖစ္တယ္။ ဒီပြဲမွၾေတာ့ သေရ တစ္မွတ္ ရရင္ကို ၀မ္းသာၾကမွာပါ။ ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ကေတာ့ စပါး အလုိရွိတာ ဘာကိုမဆို ေပးမွာ မဟုတ္ပါဘူး။

ထူးထူးဆန္းဆန္း ကိစၥေတြ ေတာ့ ရွိပါတယ္။ အိုးထရက္ဖို႔ဒ္မွာ စပါးက အနုိင္ရဖို႔ ေရပန္းစားေနတယ္။ သူတို႔က အသင္းၾကီးေတြနဲ႕ ဆို ရလဒ္ေကာင္း မရထားဘူး။ ဒါေပမယ့္ ယူနိုက္တက္ကလည္း ျမင့္ျမင့္မားမား အေနအထားမွာ မရွိပါဘူး။ ယူနိုက္တက္က သူတို႔ အရည္အခ်င္းကို သက္ေသျပဖို႔ ၾကိဳးစားမွာ ျဖစ္လို႔ စိတ္၀င္စားစရာ ေကာင္းမွာပါ။ ဂ်ိဳ႔စ္ကေတာ့ သူ႔အလုပ္သူ ေကာင္းေကာင္း လုပ္ျပလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီနစ္ကိုးလပ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ မန္ယူနိုက္တက္ ၂-၂ စပါး ျဖစ္ပါတယ္။