လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း ကလပ်ဘက်က တရားဝင် သတင်း ထုတ်ပြန်ပေးခဲ့ပြီး သူဟာ တစ်ဦးတည်း သီးသန့် အနေအထားအဖြင့် ၁၀ ရက် နေရမှာဖြစ်ပါတယ်။

တနင်္လာနေ့က အာဆင်နယ်နဲ့ပွဲကို သီယာဂို မပါနိုင်တာက ဒဏ်ရာကြောင့်ဖြစ်ပြီး နိုင်ငံတကာ သီတင်းပတ် နောက်ပိုင်းမှ ပြန်သုံးနိုင်မယ်လို့ ကလော့ပ်က ဆိုထားခဲ့တယ်။ ဒါပေမယ့်လို့ စစ်ဆေးမှု နှစ်ခုအပြီးမှာ ပိုးတွေကြောင့် သေချာခဲ့တာကို မနက်ကပဲ ကလပ်က တရားဝင် သတင်းထုတ်ပြန်ပေးပါတယ်။

အရင်အပတ် အကုန်က စစ်ဆေးမှုကို လုပ်ချိန်မှာ သီယာဂိုက သူ့ဘာသာ သံသယရှိတာကြောင့် အသင်းလူစာရင်းကို မထိခိုက်စေဖို့ ကိုယ်ဘာသာပဲ ကွာရန်တင်းဝင်ခဲ့တယ်။ သူဟာ သီးသန့်နေထိုင်ပြီး ကုသမှုတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ရောဂါ အစောပိုင်းမှာတင် သီယာဂိုက သီးသန့်ခွဲနေဖို့ တောင်းဆိုခဲ့တာကြောင့် သူမျှော်လင့်ထားသလိုပဲ အသင်းလူစာရင်းကို ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ သီယာဂို ကိုယ်တိုင်ကတော့ ပြန်လည် ကျန်းမာလာဖို့ ကြိုးစားနေပြီလို့ တွစ်တာကနေ ထုတ်ဖော်ခဲ့ပါတယ်။

သီယာဂိုဟာ ဒီနွေမှာ လီဗာပူးရဲ့ ဒုတိယမြောက် ကိုဗစ် ကူးစက်ခြင်း ခံရတဲ့ အသင်းသားဖြစ်တယ်။ သြစတြီးယား ခရီးစဉ်မှာ အမည်မသိ အသင်းသားတစ်ဦး ကိုဗစ် ကူးစက်ခံရပေမယ့် ဗြိတိန် စည်းမျဉ်းတွေအတိုင်းပဲ အသင်းဘက်က နာမည် မဖော်ခွင့်ရှိတာကြောင့် တရားဝင် သတင်း မထုတ်ပြန်ပေးပါဘူး။

သီယာဂို ကိစ္စမှာလည်း အသင်းက ဒဏ်ရာရနေတယ်ဆိုတဲ့ အနေအထားဖြင့်ပဲ တိတ်ဆိတ်နေလိုခဲ့တယ်။ အသင်းဘက်က ဆေးအဖွဲ့နဲ့ ပူးပေါင်းပြီး သီယာဂိုရဲ့ သတင်းကို ပြင်ပကို မကြေညာဘဲ အခြေအနေတွေ မလှုပ်ခတ်အောင် ထိန်းထားလိုခဲ့တယ်။ ဒါပေမယ့်လို့ သီယာဂိုက လက်ရွေးစင်တာဝန်ကို သူဘာလို့လွဲချော်မယ်ဆိုတာကို ရှင်းပြနိုင်ဖို့ တရားဝင် သတင်းထုတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။

မာဆေးဆိုဒ်မှာပဲ သီယာဂိုဟာ သီးသန့်နေမှု လုပ်ရမှာဖြစ်ကာ နောက်အပတ် အကုန်ထိ နေအိမ်ကနေ ထွက်ခွာခွင့်ရမှာ မဟုတ်ပါဘူး။ မန်နေဂျာကလော့ပ်က နိုင်ငံတကာ သီတင်းပတ် အကုန်မှ သီယာဂို ပြန်ကစားနိုင်မယ်လို့ ဆိုပေမယ့် မာဆေးဆိုဒ် ဒါဘီမှာ ပါဝင်ခွင့်ရနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုဟာ ကိုဗစ္-၁၉ ကူးစက္ခံေနရေၾကာင္း ကလပ္ဘက္က တရားဝင္ သတင္း ထုတ္ျပန္ေပးခဲ့ျပီး သူဟာ တစ္ဦးတည္း သီးသန္႔ အေနအထားအျဖင့္ ၁၀ ရက္ ေနရမွာျဖစ္ပါတယ္။

တနလၤာေန႔က အာဆင္နယ္နဲ႔ပြဲကို သီယာဂို မပါႏုိင္တာက ဒဏ္ရာေၾကာင့္ျဖစ္ျပီး ႏုိင္ငံတကာ သီတင္းပတ္ ေနာက္ပိုင္းမွ ျပန္သံုးႏုိင္မယ္လို႔ ကေလာ့ပ္က ဆိုထားခဲ့တယ္။ ဒါေပမယ့္လို႔ စစ္ေဆးမႈ ႏွစ္ခုအျပီးမွာ ပိုးေတြေၾကာင့္ ေသခ်ာခဲ့တာကို မနက္ကပဲ ကလပ္က တရားဝင္ သတင္းထုတ္ျပန္ေပးပါတယ္။

အရင္အပတ္ အကုန္က စစ္ေဆးမႈကို လုပ္ခ်ိန္မွာ သီယာဂိုက သူ႔ဘာသာ သံသယရွိတာေၾကာင့္ အသင္းလူစာရင္းကို မထိခိုက္ေစဖို႔ ကိုယ္ဘာသာပဲ ကြာရန္တင္းဝင္ခဲ့တယ္။ သူဟာ သီးသန္႔ေနထိုင္ျပီး ကုသမႈေတြကို ျပဳလုပ္ရမွာျဖစ္ပါတယ္။

ေရာဂါ အေစာပိုင္းမွာတင္ သီယာဂိုက သီးသန္႔ခြဲေနဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ သူေမွ်ာ္လင့္ထားသလိုပဲ အသင္းလူစာရင္းကို ထိခိုက္မႈေတာ့ မရွိခဲ့ပါဘူး။ သီယာဂို ကိုယ္တိုင္ကေတာ့ ျပန္လည္ က်န္းမာလာဖို႔ ၾကိဳးစားေနျပီလို႔ တြစ္တာကေန ထုတ္ေဖာ္ခဲ့ပါတယ္။

သီယာဂိုဟာ ဒီေႏြမွာ လီဗာပူးရဲ႕ ဒုတိယေျမာက္ ကိုဗစ္ ကူးစက္ျခင္း ခံရတဲ့ အသင္းသားျဖစ္တယ္။ ၾသစၾတီးယား ခရီးစဥ္မွာ အမည္မသိ အသင္းသားတစ္ဦး ကိုဗစ္ ကူးစက္ခံရေပမယ့္ ျဗိတိန္ စည္းမ်ဥ္းေတြအတိုင္းပဲ အသင္းဘက္က နာမည္ မေဖာ္ခြင့္ရွိတာေၾကာင့္ တရားဝင္ သတင္း မထုတ္ျပန္ေပးပါဘူး။

သီယာဂို ကိစၥမွာလည္း အသင္းက ဒဏ္ရာရေနတယ္ဆိုတဲ့ အေနအထားျဖင့္ပဲ တိတ္ဆိတ္ေနလိုခဲ့တယ္။ အသင္းဘက္က ေဆးအဖြဲ႔နဲ႔ ပူးေပါင္းျပီး သီယာဂိုရဲ႕ သတင္းကို ျပင္ပကို မေၾကညာဘဲ အေျခအေနေတြ မလႈပ္ခတ္ေအာင္ ထိန္းထားလိုခဲ့တယ္။ ဒါေပမယ့္လို႔ သီယာဂိုက လက္ေရြးစင္တာဝန္ကို သူဘာလို႔လြဲေခ်ာ္မယ္ဆိုတာကို ရွင္းျပႏုိင္ဖို႔ တရားဝင္ သတင္းထုတ္ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္။

မာေဆးဆိုဒ္မွာပဲ သီယာဂိုဟာ သီးသန္႔ေနမႈ လုပ္ရမွာျဖစ္ကာ ေနာက္အပတ္ အကုန္ထိ ေနအိမ္ကေန ထြက္ခြာခြင့္ရမွာ မဟုတ္ပါဘူး။ မန္ေနဂ်ာကေလာ့ပ္က ႏုိင္ငံတကာ သီတင္းပတ္ အကုန္မွ သီယာဂို ျပန္ကစားႏုိင္မယ္လို႔ ဆိုေပမယ့္ မာေဆးဆိုဒ္ ဒါဘီမွာ ပါဝင္ခြင့္ရႏုိင္မယ့္ အေျခအေနမွာ ရွိေနပါတယ္။