ဒီကနေ့မှာ အဂ္ဂါက သူ့ရဲ့ တွစ်တာအကောင့်ကနေ ‘လွန်ခဲ့တဲ့ ၁၅ နှစ်က ဒီလိုရက်မှာ ငါ့ရဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်။ အနီရောင်ဂျာစီက ငါ့အတွက် အရာအားလုံး ပေးခဲ့ပါတယ် Y.N.W.A’ ဆိုတဲ့ စာသားကို တင်ခဲ့ပါတယ်။

အဂ္ဂါဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဟောင်းဖြစ်သလို အဲ့တာကလည်း သူ့ရဲ့ သစ္စာတရားကို လေးစားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဂ္ဂါက သူ့လက်ချောင်းမှာ လီဗာပူးရဲ့ ဆောင်ပုဒ်ကို တက်တူးရေးထိုးထားခဲ့ပြီး ၄ နှစ်အကြာ ၂၀၁၆ မှာတော့ လီဗာပူးမြို့ရဲ့ သင်္ကေတဖြစ်တဲ့ လိုင်ဗာငှက် နှစ်ကောင်ကို ဖြည့်စွက်ခဲ့ပါတယ်။

အသက် ငယ်ငယ်နဲ့ ကစားသမားဘဝက အနားယူခဲ့တဲ့ အဂ္ဂါဟာ အသင်းအပေါ် သစ္စာရှိခဲ့ပေမယ့် ကစားသမားဘဝ အဆုံးသတ် မကောင်းခဲ့ပါဘူး။ ဘရန်ဒန်ရော်ဂျာရဲ့ ရောင်းထုတ်မှုဖြင့် သူဟာ ဇာတိမြေက ဒိန်းမတ်ကလပ် ဘရွန်ဘီကို ပေါင် ၅ သန်းနဲ့တင် ထွက်ခွာခဲ့ရသူဖြစ်တယ်။

ဒီတော့ သူ့ရဲ့ နာမည်ကျော် Y.N.W.A တက်တူးကိစ္စ ဖြစ်လာရခြင်း ဇာတ်လမ်းကို ပြောပြမှာ ဖြစ်ပါတယ်။

အဂ္ဂါက အသက် ၁၅ နှစ်မှာတင် ပြင်သစ်က ပဲရစ်ကိုသွားတဲ့ ခရီးမှာ တက်တူး စထိုးခဲ့သူဖြစ်ပါတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ တက်တူးတွေအပြည့်ဖြစ်ခဲ့ကာ လက်ချောင်းမှာ ထိုးထားတဲ့ Y.N.W.A တက်တူးကတော့ ၂၀၁၂ ခုနှစ် နွေမှာ ထိုးခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ FSG လက်ထက် မန်နေဂျာအပြောင်းအလဲအဖြစ် ဆာကင်နီ နေရာမှာ ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ခဲ့တယ်။ ထိုစဉ်က အသက် ၂၇ နှစ်အရွယ် အဂ္ဂါကို ဥရောပ ထိပ်သီးအသင်းတွေက ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူလိုခဲ့ကာ အပြောင်းအရွှေ သတင်းတွေ အများကြီး လုပ်ခတ်ခဲ့ပါတယ်။

ဒါပေမယ့်လို့ လီဗာပူးရဲ့ ရာသီကြို လေ့ကျင့်ရေးကို လာပူးပေါင်းတဲ့ အဂ္ဂါက လက်ချောင်းမှာ Y.N.W.A ဆိုတဲ့ စာလုံးတွေ ရေးထိုးခဲ့ကာ အသင်းအပေါ် သူ့ရဲ့ သစ္စာတစ်ရားကို ပြသပြီး အပြောင်းအရွှေ့ ဇာတ်လမ်းတွေကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။

ဒီတက်တူးကပဲ အဂ္ဂါကို လီဗာပူးပရိသတ်တွေ အချစ်ပိုရတဲ့ အကြောင်းရင်း ဖြစ်လာခဲ့ကာ များစွာသော လီဗာပူးပရိသတ်တွေကလည်း လက်ချောင်းမှာ တက်တူးလိုက်ထိုးသည်ထိ ခေတ်စားခဲ့တယ်။ ၂၀၁၆ မှာတော့ လီဗာပူးကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ အဂ္ဂါက အသင်းကို ချစ်စိတ် မပျက်ဘဲ ဘေးဘက်မှာ လီဗာပူးမြို့ ကိုယ်စားပြု လိုင်ဗာငှက်ပုံတွေ ထပ်ဖြည့်ခဲ့တာ ဖြစ်တယ်။

အဂ္ဂါဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ စတီဗင် ဂျရတ် မိတ်ဆက်ပွဲအဖြစ် အန်ဖီးမှာ ပြုလုပ်တဲ့ ချစ်ကြည်ရေးပွဲမှာ ကလပ်ကို တစ်ကျော့ ပြန်လာခဲ့ပါသေးတယ်။ အဲ့ပွဲကလွဲလို့ သူဟာ အန်ဖီးကွင်းထံ လုံးဝ ပြန်မလာခဲ့တာက ယနေ့ထိတိုင်အောင်ပဲ ဖြစ်ပါတယ်။

ZAwGYI

ဒီကေန႔မွာ အဂၢါက သူ႔ရဲ႕ တြစ္တာအေကာင့္ကေန ‘လြန္ခဲ့တဲ့ ၁၅ ႏွစ္က ဒီလိုရက္မွာ ငါ့ရဲ႕ ခရီးစဥ္ကို စတင္ခဲ့တယ္။ အနီေရာင္ဂ်ာစီက ငါ့အတြက္ အရာအားလုံး ေပးခဲ့ပါတယ္ Y.N.W.A’ ဆိုတဲ့ စာသားကို တင္ခဲ့ပါတယ္။

အဂၢါဟာ လီဗာပူးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားေဟာင္းျဖစ္သလို အဲ့တာကလည္း သူ႔ရဲ႕ သစၥာတရားကို ေလးစားျခင္းေၾကာင့္ပဲ ျဖစ္ပါတယ္။ အဂၢါက သူ႔လက္ေခ်ာင္းမွာ လီဗာပူးရဲ႕ ေဆာင္ပုဒ္ကို တက္တူးေရးထိုးထားခဲ့ျပီး ၄ ႏွစ္အၾကာ ၂၀၁၆ မွာေတာ့ လီဗာပူးျမိဳ႔ရဲ႕ သေကၤတျဖစ္တဲ့ လိုင္ဗာငွက္ ႏွစ္ေကာင္ကို ျဖည့္စြက္ခဲ့ပါတယ္။

အသက္ ငယ္ငယ္နဲ႔ ကစားသမားဘဝက အနားယူခဲ့တဲ့ အဂၢါဟာ အသင္းအေပၚ သစၥာရွိခဲ့ေပမယ့္ ကစားသမားဘဝ အဆံုးသတ္ မေကာင္းခဲ့ပါဘူး။ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ ေရာင္းထုတ္မႈျဖင့္ သူဟာ ဇာတိေျမက ဒိန္းမတ္ကလပ္ ဘရြန္ဘီကို ေပါင္ ၅ သန္းနဲ႔တင္ ထြက္ခြာခဲ့ရသူျဖစ္တယ္။

ဒီေတာ့ သူ႔ရဲ႕ နာမည္ေက်ာ္ Y.N.W.A တက္တူးကိစၥ ျဖစ္လာရျခင္း ဇာတ္လမ္းကို ေျပာျပမွာ ျဖစ္ပါတယ္။

အဂၢါက အသက္ ၁၅ ႏွစ္မွာတင္ ျပင္သစ္က ပဲရစ္ကိုသြားတဲ့ ခရီးမွာ တက္တူး စထိုးခဲ့သူျဖစ္ပါတယ္။ သူ႔ခႏၶာကိုယ္ တစ္ခုလံုးမွာ တက္တူးေတြအျပည့္ျဖစ္ခဲ့ကာ လက္ေခ်ာင္းမွာ ထိုးထားတဲ့ Y.N.W.A တက္တူးကေတာ့ ၂၀၁၂ ခုႏွစ္ ေႏြမွာ ထိုးခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ FSG လက္ထက္ မန္ေနဂ်ာအေျပာင္းအလဲအျဖစ္ ဆာကင္နီ ေနရာမွာ ဘရန္ဒန္ေရာ္ဂ်ာကို ခန္႔အပ္ခဲ့တယ္။ ထိုစဥ္က အသက္ ၂၇ နွစ္အရြယ္ အဂၢါကို ဥေရာပ ထိပ္သီးအသင္းေတြက ေပါင္ သန္း ၂၀ ျဖင့္ ေခၚယူလိုခဲ့ကာ အေျပာင္းအေရႊ သတင္းေတြ အမ်ားၾကီး လုပ္ခတ္ခဲ့ပါတယ္။

ဒါေပမယ့္လို႔ လီဗာပူးရဲ႕ ရာသီၾကိဳ ေလ့က်င့္ေရးကို လာပူးေပါင္းတဲ့ အဂၢါက လက္ေခ်ာင္းမွာ Y.N.W.A ဆိုတဲ့ စာလံုးေတြ ေရးထိုးခဲ့ကာ အသင္းအေပၚ သူ႔ရဲ႕ သစၥာတစ္ရားကို ျပသျပီး အေျပာင္းအေရႊ႔ ဇာတ္လမ္းေတြကို အဆံုးသတ္ေစခဲ့တာျဖစ္ပါတယ္။

ဒီတက္တူးကပဲ အဂၢါကို လီဗာပူးပရိသတ္ေတြ အခ်စ္ပိုရတဲ့ အေၾကာင္းရင္း ျဖစ္လာခဲ့ကာ မ်ားစြာေသာ လီဗာပူးပရိသတ္ေတြကလည္း လက္ေခ်ာင္းမွာ တက္တူးလိုက္ထိုးသည္ထိ ေခတ္စားခဲ့တယ္။ ၂၀၁၆ မွာေတာ့ လီဗာပူးကေန ထြက္ခြာခဲ့ျပီျဖစ္တဲ့ အဂၢါက အသင္းကို ခ်စ္စိတ္ မပ်က္ဘဲ ေဘးဘက္မွာ လီဗာပူးျမိဳ႔ ကိုယ္စားျပဳ လိုင္ဗာငွက္ပံုေတြ ထပ္ျဖည့္ခဲ့တာ ျဖစ္တယ္။

အဂၢါဟာ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ စတီဗင္ ဂ်ရတ္ မိတ္ဆက္ပြဲအျဖစ္ အန္ဖီးမွာ ျပဳလုပ္တဲ့ ခ်စ္ၾကည္ေရးပြဲမွာ ကလပ္ကို တစ္ေက်ာ့ ျပန္လာခဲ့ပါေသးတယ္။ အဲ့ပြဲကလြဲလို႔ သူဟာ အန္ဖီးကြင္းထံ လံုးဝ ျပန္မလာခဲ့တာက ယေန႔ထိတိုင္ေအာင္ပဲ ျဖစ္ပါတယ္။