လီဗာပူးအသင်းခေါင်းဆောင် နောက်ခံလူ ဗာဂျေး ဗန်ဒိုက်ကတော့ မနေ့ညက အန်းဖီးမှာ ကန်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂိုးမရှိ သရေပွဲ အပြီးမှာ ပြိုင်ဘက်အသင်းအား မကျေမနပ် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ သရေကျလို့တောင် အောင်ပွဲခံနေသလို ဒီပွဲကို နိုင်ဖို့ ကြိုးစား ကစားသွားတာ မရှိဘဲ ခံစစ်သာ ပိတ် သွားခဲ့တယ်လို့ ဗန်ဒိုက်က ပြောဆိုလိုက်တာပါ။

ဗန်ဒိုက်က ” ဒီပွဲမှာ အနိုင် ကစားဖို့ တစ်သင်းကပဲ ကြိုးစား ကစားသွားတာပါ။ ကံမကောင်းစွာပဲ နိုင်ပွဲက မဖြစ်လာခဲ့ပါဘူး။ ဒါကြောင့် အတော်ကြီး စိတ်တိုမိပါတယ်။ ကျွန်တော်တို့က ပွဲတိုင်းကို အနိုင် ကစားချင်တာ။

ဒီနေ့ပွဲမှာ အဘက်ဘက်က ထောင့်ပေါင်းစုံက ကျွန်တော်တို့ အသင်း သာခဲ့တယ်။ သူတို့က ကောင်တာကနေ ကျွန်တော်တို့ကို ပြန်ဖိုက်မလို့ပေါ့။

အခု သရေ တစ်မှတ် ရတာတောင် သူတို့မှာ ပျော်ရွှင်နေကြပြီ။ ကျွန်တော်တို့ကတော့ တစ်မှတ်ပဲ ရလို့ ဒေါကန် စိတ်ပျက်နေတယ်။ ” လို့ ပွဲ အပြီး စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ဂိုးပြတ် အရှက်တကွဲ ရှုံးထားတာကြောင့် ယူနိုက်တက်ဟာ ဒီရာသီမှာ ထပ် အဖြစ်မခံတော့ဘဲ ခံစစ်ကို သေချာ ပိတ်ကစားကာ ဟွိုင်လန်း၊ ဂါနာချိုတို့ ကောင်တာတိုက်စစ်နဲ့သာ တချက်တချက်မှ ပြန် တုန့်ပြန် ကစားခဲ့ပါတယ်။

လီဗာပူးအသင်း အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း အမှတ်ပြည့် မရတော့တဲ့ ပထမဆုံး ပွဲလည်း ဖြစ်လာခဲ့ပါတယ်။