သတ္ကြင္း႐ုပ္ရွင္ဇာတ္ကားဟာ လူငယ္သရုပ္ေဆာင္ေတြျဖစ္တဲ့ မင္းေသြး၊ စည္ၿဖိဳး၊ ေနရဲတို႔က ၎တို႔ကိုယ္တုိင္ထုတ္လုပ္ရးမ်ားကို ပူးေပါင္းျပီး ႐ုိက္ကူးထားၾကျခင္းျဖစ္သည္။ သရုပ္ေဆာင္ မင္းေသြး မကြယ္လြန္မီ ကတည္းက ယခုႏွစ္အတြင္း ႐ုံတင္ျပသႏုိင္ရန္ ႀကိဳးစားေနသည့္ ဇာတ္ကားျဖစ္သည္။

ရုပ္ရွင္ရဲ႕ ဒါရိုက္တာျဖစ္သူ သားညီက ယင္းဇာတ္ကားအတြက္ မင္းေသြးသည္ ႐ုိက္ကူးေရးပိုင္း သာမက ႐ုံတင္ျပသႏုိင္မည့္ အေျခအေန ေရာက္ရွိေအာင္ အမ်ားၾကီး ႀကိဳးစားလုပ္ေဆာင္ခဲ့သည္ဟု ေျပာသည္။ ယင္းရုပ္ရွင္သည္ ကြယ္လြန္ၿပီျဖစ္သည့္ သ႐ုပ္ေဆာင္မင္းေသြး ေခါင္းေဆာင္ေနရာက ပထမဆုံး အၾကိမ္ ပါ၀င္႐ုိက္ကူးျခင္းျဖစ္ျပီး ႐ုပ္ရွင္ဇာတ္ကားကို ဒီဇင္ဘာ ၁၄ ရက္ တြင္ ႐ုံတင္ျပသမည္ျဖစ္သည္။

‘‘ ဒီကားက မင္းေသြးရဲ႕ ပထမဆုံးနဲ႔ ေနာက္ဆုံး ေခါင္းေဆာင္မင္းသား အေနနဲ႔ ႐ုိက္ကူးတဲ့ ႐ုပ္ရွင္ကား ျဖစ္သြားတယ္ ’’ ဟု ယင္းဇာတ္ကားကို ရိုက္ကူးသည့္ ဒါ႐ုိက္တာသားညီက ေျပာပါသည္။

သတ္ကြင္း အမည္ရ ဇာတ္ကားတြင္ မင္းေသြးက ေရွးေခတ္မ်ဳိးႏြယ္စု တစ္ခုမွ ဆင္းသက္လာသူအျဖစ္ ပါ၀င္သ႐ုပ္ေဆာင္ထားၿပီး ဇာတ္ေကာင္သေဘာအရ လမ္းျပအျဖစ္ ပါ၀င္ေၾကာင္း သားညီက ေျပာျပပါသည္။

‘‘ ေလာကမွာ ပိုက္ဆံထက္ အေရးႀကီးတာ အမ်ားႀကီးရွိတယ္။ အဓိကက ဒီခ်ာတိတ္ေလး သုံးေယာက္ ေျပာသြားတာက ေမတၱာတရားက အရာရာ ထက္အေရးႀကီးတယ္။ အဲဒီဟာေလးက သတ္ကြင္းက ေပးခ်င္တဲ့ မက္ေဆ့ခ်္ပါ။ က်န္တာေတြကေတာ့ ႐ုပ္ရွင္သေဘာအရ အက္ရွင္ေတြ၊ စြန္႔စားခန္း (Adventrure) ေတြ ထည့္ထားပါတယ္။

‘‘ အဓိကက မင္းေသြးပဲ။ ကြၽန္ေတာ္ ကားဆက္တယ္။ သူ႔ကိုျပတယ္။ မႀကိဳက္ဘူး။ အသံကိုစိတ္တုိင္းက် ျပန္လုပ္တယ္။ ကာလာျပန္ ခ်ိန္တယ္။ ညီေလး(ေနတိုး)ကို ျပတယ္။ ညီေလးက အိုေကၿပီဆုိတာေတာင္ သူ မအိုေကဘူး။ ဒီ ကားအတြက္ အေခါက္ေခါက္ အပင္ပန္းခံတယ္။ ဆုံးတဲ့ေန႔အထိေတာင္ သူစင္ကာပူက ျပန္ေရာက္ေရာက္ခ်င္း အသံသမားဆီကို ဖုန္းဆက္ၿပီး Sound Check လုပ္ ခ်င္လို႔ ေျပာတယ္ ’’ ဟု သတ္ကြင္း ဇာတ္ကားအတြက္ မင္းေသြး၏ ႀကိဳးပမ္းမႈမ်ားကို သားညီက ေျပာျပပါသည္။

လတ္တေလာတြင္ သတ္ကြင္းဇာတ္ကား၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ ႐ုပ္ရွင္အႏုပညာေမာင္ႏွမမ်ားက ယင္းဇာတ္ကားသည္ မင္းေသြးစိတ္ႏွစ္၍ လုပ္ေဆာင္ခဲ့သျဖင့္ အားေပးရန္ တုိက္တြန္းသည့္ အမွတ္တရစကားမ်ား ေျပာၾကားထားသည္။

သတ္ကြင္းဇာတ္ကားတြင္ ပါ၀င္ သ႐ုပ္ေဆာင္ထားသည့္ ဇာတ္႐ုပ္အတြက္ မင္းေသြးက ခႏၶာကိုယ္ပိုင္းကို သုံးလခန္႔ ျပင္ဆင္ခဲ့ၿပီး ၎၏အေျပာအဆုိပုိင္း ကိုလည္း ဇာတ္ေကာင္၏ ပုံစံအတုိင္းျဖစ္ေစရန္ ႀကိဳးစား သ႐ုပ္ေဆာင္ထားေၾကာင္း မင္းေသြး မကြယ္လြန္မီ ေျပာၾကားထားပါသည္။

UNICODE

သတ်ကွင်းရုပ်ရှင်ဇာတ်ကားဟာ လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသွေး၊ စည်ဖြိုး၊ နေရဲတို့က ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်ရးများကို ပူးပေါင်းပြီး ရိုက်ကူးထားကြခြင်းဖြစ်သည်။ သရုပ်ဆောင် မင်းသွေး မကွယ်လွန်မီ ကတည်းက ယခုနှစ်အတွင်း ရုံတင်ပြသနိုင်ရန် ကြိုးစားနေသည့် ဇာတ်ကားဖြစ်သည်။

ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ သားညီက ယင်းဇာတ်ကားအတွက် မင်းသွေးသည် ရိုက်ကူးရေးပိုင်း သာမက ရုံတင်ပြသနိုင်မည့် အခြေအနေ ရောက်ရှိအောင် အများကြီး ကြိုးစားလုပ်ဆောင်ခဲ့သည်ဟု ပြောသည်။ ယင်းရုပ်ရှင်သည် ကွယ်လွန်ပြီဖြစ်သည့် သရုပ်ဆောင်မင်းသွေး ခေါင်းဆောင်နေရာက ပထမဆုံး အကြိမ် ပါဝင်ရိုက်ကူးခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၁၄ ရက် တွင် ရုံတင်ပြသမည်ဖြစ်သည်။

‘‘ ဒီကားက မင်းသွေးရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်ကား ဖြစ်သွားတယ် ’’ ဟု ယင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာသားညီက ပြောပါသည်။

သတ်ကွင်း အမည်ရ ဇာတ်ကားတွင် မင်းသွေးက ရှေးခေတ်မျိုးနွယ်စု တစ်ခုမှ ဆင်းသက်လာသူအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကောင်သဘောအရ လမ်းပြအဖြစ် ပါဝင်ကြောင်း သားညီက ပြောပြပါသည်။

‘‘ လောကမှာ ပိုက်ဆံထက် အရေးကြီးတာ အများကြီးရှိတယ်။ အဓိကက ဒီချာတိတ်လေး သုံးယောက် ပြောသွားတာက မေတ္တာတရားက အရာရာ ထက်အရေးကြီးတယ်။ အဲဒီဟာလေးက သတ်ကွင်းက ပေးချင်တဲ့ မက်ဆေ့ချ်ပါ။ ကျန်တာတွေကတော့ ရုပ်ရှင်သဘောအရ အက်ရှင်တွေ၊ စွန့်စားခန်း (Adventrure) တွေ ထည့်ထားပါတယ်။

‘‘ အဓိကက မင်းသွေးပဲ။ ကျွန်တော် ကားဆက်တယ်။ သူ့ကိုပြတယ်။ မကြိုက်ဘူး။ အသံကိုစိတ်တိုင်းကျ ပြန်လုပ်တယ်။ ကာလာပြန် ချိန်တယ်။ ညီလေး(နေတိုး)ကို ပြတယ်။ ညီလေးက အိုကေပြီဆိုတာတောင် သူ မအိုကေဘူး။ ဒီ ကားအတွက် အခေါက်ခေါက် အပင်ပန်းခံတယ်။ ဆုံးတဲ့နေ့အထိတောင် သူစင်ကာပူက ပြန်ရောက်ရောက်ချင်း အသံသမားဆီကို ဖုန်းဆက်ပြီး Sound Check လုပ် ချင်လို့ ပြောတယ် ’’ ဟု သတ်ကွင်း ဇာတ်ကားအတွက် မင်းသွေး၏ ကြိုးပမ်းမှုများကို သားညီက ပြောပြပါသည်။

လတ်တလောတွင် သတ်ကွင်းဇာတ်ကား၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရုပ်ရှင်အနုပညာမောင်နှမများက ယင်းဇာတ်ကားသည် မင်းသွေးစိတ်နှစ်၍ လုပ်ဆောင်ခဲ့သဖြင့် အားပေးရန် တိုက်တွန်းသည့် အမှတ်တရစကားများ ပြောကြားထားသည်။

သတ်ကွင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ရုပ်အတွက် မင်းသွေးက ခန္ဓာကိုယ်ပိုင်းကို သုံးလခန့် ပြင်ဆင်ခဲ့ပြီး ၎င်း၏အပြောအဆိုပိုင်း ကိုလည်း ဇာတ်ကောင်၏ ပုံစံအတိုင်းဖြစ်စေရန် ကြိုးစား သရုပ်ဆောင်ထားကြောင်း မင်းသွေး မကွယ်လွန်မီ ပြောကြားထားပါသည်။