ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ အဓိက ခံစစ်မှူး မပါဝင်နိုင်သော်လည်း လီဗာပူးအသင်းက နိုင်ပွဲယူနိုင်လောက်အောင် လုံလောက်တဲ့ လူစာရင်း ရှိတယ်လို့ ဂိုးသမား အယ်လစ်ဆန်က ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်နဲ့ပွဲအတွက် ဗန်ဒိုက်က ပွဲပယ်ခံထားရပြီး ဂိုမက်ဇ်၊ လိုဗရန်တို့က ဒဏ်ရာ ရှိနေတာကြောင့် မာတစ်နဲ့ တွဲဖက်ကစားနိုင်မယ့် ဗဟိုခံစစ်မှူး မရှိတဲ့ ပြဿနာ ရင်ဆိုင်နေရပါတယ်။

ဒီရာသီ လီဗာပူးအသင်းနဲ့ ရလဒ်တွေ အပေါ် လွှမ်းမိုးမှု အရှိဆုံး ကစားသမားအမည် လီဗာပူးအခြေစိုက် Echo သတင်းဌာန ၀က်ဘ်ဆိုဒ်မှာ မဲ ကောက်ယူခဲ့ရာ ဖာဘင်ညိုက အံ့အားသင့်ဖွယ် အဖြစ် Rating 7.14 နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အဲဒီနောက် ဆာလက်နဲ့ ဗန်ဒိုက်က Rating 7.13 နဲ့ အသီးသီး ဖာဘင်ညိုနောက်မှာ ရှိကြပါတယ်။

ဘိုင်ယန်မြူးနစ် တိုက်စစ်သမား အာဂျန်ရော်ဘင်က ၄င်းအတွက် အဆိုးဆုံးကွင်းက လီဗာပူးရဲ့ အန်းဖီးကွင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ရော်ဘင်က ချယ်ဆီးအသင်းနဲ့ ရှိစဉ် လီဗာပူးနဲ့ ရင်ဆိုင်ဖူးပြီး သူ့အတွက် အန်းဖီးမှာ မှတ်တမ်းဆိုးများ ရှိခဲ့တာပါ။

ဘိုင်ယန်ခံစစ်မှူး ဘိုတန်ဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် 16 သင်း ရှူံးထွက်ပွဲ မတိုင်ခင်မှာပဲ အစာအိမ်နာ ရောဂါကြောင့် လူစာရင်းကနေ နုတ်ထွက်သွားရပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခုလုံးမှာ ဗိုလ်စွဲနိုင်တယ်လို့ ကွင်းလယ်ကစားသမား ၀ိုက်နယ်ဒန်က ယုံကြည်မှု ရှိနေပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက် အဆင့်မှာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းမှ ခံစစ်မှူး ကင်မစ်က ယာဂင်ကလော့ပ်ကို လေးစားသူ ဖြစ်ပြီး ဒီပွဲမှာလည်း ဘိုင်ယန်ထက် လီဗာပူးက ကျော်ဖြတ်ဖို့ ရေပန်းစားကြောင်း ၀န်ခံသွားပါတယ်။

ဒီအပတ်အကုန်မှာ လီဗာပူးနဲ့ ယူနိုက်တက် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ အစောပိုင်းက ဒဏ်ရာကြောင့် မပါဝင်နိုင်ဘူး ပြောဆိုထားတဲ့ ယူနိုက်တက် တိုက်စစ်သမား မာရှယ်နဲ့ လင်ဂတ်တို့ ပြန်လည်ပါဝင်နိုင်ချေ ရှိနေပါတယ်။