လီဗာပူးအသင်းဟာ နွေမှာပြုလုပ်မယ့် ရာသီကြို ပြင်ဆင်မှုကိုလည်း အာရှဘက်ထက်စာရင် မြောက်အမေရိကကိုပဲ သွားရောက်ဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး လိုဗရန်က လာမယ့် တနင်္ဂနွေ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်ကိုလည်း ဆက်လက် လွဲချော်မှာ ဖြစ်ကြောင်း ကလော့ပ်က အတည်ပြုသွားပါတယ်။ လိုဗရန် လီဗာပူးပွဲစဉ်များ လွဲချော်ခဲ့တာ ၆ ပွဲ ဆက် ရှိသွားပြီ ဖြစ်ကာ တစ်ပွဲကတော့ အရန်ခုံမှာ ရှိနေခဲ့ပါတယ်။

ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ပွဲ သွားရောက် ကစားနေချိန်မှာ လီဗာပူးတိုက်စစ်မှူး မာနေးရဲ့ အိမ်ကို ဖောက်ထွင်းခံခဲ့ရပါတယ်။ ဒါက ဒုတိယ အကြိမ် ဖြစ်ပြီး သူခိုးများက မာနေးအိမ်ကို မကြာခဏ မျက်စိကျနေပုံပါ။

လီဗာပူးတိုက်စစ်မှူး မာနေးဟာ ဘိုင်ယန်နဲ့ပွဲမှာ အပိုင်အခွင့်အရေးတွေ လွဲချော်ပြီးနောက် ပွဲပြီး အချက်အလက်များအရ ဒီရာသီ ချန်ပီယံလိဂ်မှာ ဂိုးရမယ့် အပိုင်အခွင့်အရေးတွေကို အလွဲချော်ဆုံး ကစားသမား အဖြစ် ၈ ကြိမ်နဲ့ မှတ်တမ်းယူသွားပါတယ်။

ချယ်ဆီးနဲ့ လီဗာပူးတို့ဟာ ပြင်သစ်လက်ရွေးစင်စေဟာင်း လီလီယန် တူရမ်ရဲ့ သားဖြစ်သူ အသက် 17 နှစ်အရွယ် Khephren Thuram ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။ မိုနာကို အကယ်ဒမီမှာ ထွန်းတောက်လာတဲ့ ကစားသမားက အခုချိန်ထိ ပရော်ဖက်ရှင်နယ် စာချုပ်ကို မချုပ်ဆိုရသေးပါဘူး။

လီဗာပူးအသင်းဟာ အကယ်ဒမီအသင်းမှ လူငယ်တိုက်စစ်သမား ပေါလ် ဂလတ်ဇယ်ကို ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘာရီ လွီတက်စ်ရဲ့ ယူ-18 အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ တိုက်စစ်သမားဟာ ဒီအပတ်မှာပဲ သူ့ရဲ့ အသက် 18 နှစ်ပြည့် မွေးနေ့ကို ရောက်ရှိထားတာပါ။

နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်မယ့် အင်္ဂလန်တိုက်စစ်မှူး စတားရစ်ကို လာလီဂါကလပ် ရီးရဲလ်ဘက်တစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘိုင်ယန်နဲ့ ဂိုးမရှိသရေကျသွားတဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပြီးမှာ ကလော့ပ်က ရလဒ်ဟာ ပြီးပြည့်စုံ ကောင်းမွန်မှု မရှိပေမယ့် လုံလောက် ပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အင်္ဂါနေ့ လီဗာပူးနဲ့ ဂိုးမရှိ သရေပွဲမှာ မာတီနက်ဇ်ကို ကြွက်တက် ဟန်ဆောင် လှဲချမှုများ ပြုလုပ်ပြီး တမင် အချိန်ဆွဲရန် ရည်ရွယ်ခဲ့ကြောင်း ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ကိုဗတ်က ၀န်ခံပြောကြားမှုများ ပြုလုပ်သွားပါတယ်။

တနင်္ဂနွေနေ့ အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာက လီဗာပူးအတွက် ကံအဆိုးဆုံး အချိန်ပါပဲလို့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်းနဲ့ စကိုင်းရဲ့ အားကစားကလောင်ရှင် တင်ရှားဝုဒ်က သုံးသပ်သွားပါတယ်။ ဒီတစ်ကြိမ် အင်္ဂလန်ဒါဘီအဖြစ် ယူနိုက်တက်နဲ့ လီဗာပူးတို့ တွေ့ဆုံမှုဟာ ရာသီတစ်လျှောက် အကြီးကျယ်ဆုံး ပွဲတစ်ပွဲဖြစ်လာမယ်လို့လည်း ၄င်းက ဆိုပါတယ်။