ပရီးမီးယားလိဂ် ဝါရင့်မန်နေဂျာဟောင်းကြီး ရာဖာဘင်နီတက်စ်က တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ မန်စီးတီးကြား အရံှူးအနိုင် ရလဒ်ထွက်ပေါ်တာက အမှတ်ပေးဖလားအတွက် သက်ရောက်ရှိမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုမှု လုပ်ပေးလာပါတယ်။

ဒီရာသီ အမှတ်ပေးပွဲ ၁၁ ပွဲ ကစားထားချိန်မှာ လီဗာပူးက ရံှူးပွဲမရှိသေးသလို ဒုတိယနေရာက မန်စီးတီးကို ၆ မှတ်ဖြတ်ထားတဲ့ အနေအထားဖြစ်တယ်။ ဒါပေမယ့် ဒီပွဲကို အရေးနိမ့်မယ့်ဆိုရင် ရမှတ်ကွာဟမှုက ၃ မှတ်ထိ လျော့ကျမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် ၉ မှတ်ထိ တိုးပွားလာမှာပါ။ ဒါပေမယ့်လို့ နိုဝင်ဘာလဟာ အမှတ်ပေးဖလား ဘယ်အသင်း အနိုင်ရမယ်ဆိုတာကို အဆုံးအဖြတ်ပေးတဲ့လ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူးလို့ ရာဖာက ပြောပါတယ်။

လီဗာပူးဟာ ဒီနှစ်တွေမှာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းမှာ အတွေ့အကြုံကောင်းတွေ တိုးတက်လာပေမယ့် မန်စီးတီးကလည်း ချန်ပီယံအတွေ့အကြုံ ကြွယ်ဝတဲ့အသင်း ဖြစ်တာကြောင့် ဒီပွဲရလဒ်က ရာသီကုန်မှာ ဆုဖလားကို ဘယ်အသင်း ကိုင်မြောက်နိုင်မလဲ ဆိုတာအထိ သပ်ရောက်မှု မရှိနိုင်ကာ ပြိုင်ဆိုင်မှုတွေ ဆက်ရှိနေမယ်လို့ ရာဖာက ယူဆတာဖြစ်ပါတယ်။

စပိန်မန်နေဂျာကြီးက “ တစ်ခါတစ်လေမှာတော့ ဆုဖလားက ပွဲတစ်ပွဲအပေပး မူတည်နိုင်ပေမယ့် တစ်ခါတစ်လေမှာတော့ ပွဲတစ်ပွဲရဲ့ အခိုက်အတန်တစ်ခုပေါ်မှာ မူတည်ပါတယ်။ ဒီတော့ ဒီအပတ်မှာ မန်စီးတီးက လီဗာပူးကို အနိုင်ရမယ်ဆိုရင် ဂွာဒီယိုလာရဲ့အသင်းက ပိုနီးသွားပါမယ်။ မီဒီယာတွေက ဒီအကြောင်းကိုပဲ မေးခွန်းတွေ ထုတ်နေတာပါ။ လီဗာပူးတို့ လုပ်နိုင်မလား၊ လုပ်နိုင်လိမ့်မလား သူတို့ ဖိအားတွေ ရှိနေမလား၊ ဒီဖိအားတွေကို ရင်ဆိုင်နိုင်မလား စသဖြင့် စသဖြင့်ပေါ့။

မနှစ်ကရာသီအပြီးမှာ လီဗာပူးက အတွေပအကြုံတွေ ပိုကောင်းလာတယ်။ ဒါက အမြဲတမ်း အကောင်းမြင်ဖို့ကောင်းပါတယ်။ ဒါပေမယ့် မန်စီးတီးကလည်း ထိပ်ဆုံးအဆင့်တွေမှာ ရှိနေတာပါ။ ဒီပွဲကို အနိုင်ရဖို့ လိုမယ်ဆိုတာ သူတို့သိတယ်။ သူတို့မှာ သိပ်ကောင်းတဲ့ အသင်းလည်း ရှိပါတယ်။ လီဗာပူးရဲ့ တိုးတက်မှုက အသာစီးဖြစ်လာခဲ့ပြီး နောက်ထပ် ခြေတစ်လှမ်းကို တိုးနိုင်မယ့် အလားအအလာ ရှိပါတယ်။

ဒါပေမယ့် ဒါက ဘောလုံးပါ အခုချိန်မှာ မေလအတွင်း ဘာတွေဖြစ်လာမယ်ဆိုတာ ပြောဖို့က စောပါသေးတယ်။ နိုဝင်ဘာလနဲ့ ဘာတစ်ခုမှ အဆုံးအဖြတ်ပေးမှာ မဟုတ်ပါဘူူ။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ဝါရင့္မန္ေနဂ်ာေဟာင္းၾကီး ရာဖာဘင္နီတက္စ္က တနဂၤေႏြေန႔မွာ လီဗာပူးနဲ႔ မန္စီးတီးၾကား အရံွဴးအႏုိင္ ရလဒ္ထြက္ေပၚတာက အမွတ္ေပးဖလားအတြက္ သက္ေရာက္ရွိမလားဆိုတဲ့ ေမးခြန္းကို ေျဖဆိုမႈ လုပ္ေပးလာပါတယ္။

ဒီရာသီ အမွတ္ေပးပြဲ ၁၁ ပြဲ ကစားထားခ်ိန္မွာ လီဗာပူးက ရံွဴးပြဲမရွိေသးသလို ဒုတိယေနရာက မန္စီးတီးကို ၆ မွတ္ျဖတ္ထားတဲ့ အေနအထားျဖစ္တယ္။ ဒါေပမယ့္ ဒီပြဲကို အေရးနိမ့္မယ့္ဆိုရင္ ရမွတ္ကြာဟမႈက ၃ မွတ္ထိ ေလ်ာ့က်မွာျဖစ္ျပီး အႏုိင္ရမယ္ဆိုရင္ ၉ မွတ္ထိ တိုးပြားလာမွာပါ။ ဒါေပမယ့္လို႔ ႏိုဝင္ဘာလဟာ အမွတ္ေပးဖလား ဘယ္အသင္း အႏုိင္ရမယ္ဆိုတာကို အဆံုးအျဖတ္ေပးတဲ့လ ဘယ္တုန္းကမွ မဟုတ္ခဲ့ပါဘူးလို႔ ရာဖာက ေျပာပါတယ္။

လီဗာပူးဟာ ဒီႏွစ္ေတြမွာ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္စြမ္းမွာ အေတြ႔အၾကံဳေကာင္းေတြ တိုးတက္လာေပမယ့္ မန္စီးတီးကလည္း ခ်န္ပီယံအေတြ႔အၾကံဳ ၾကြယ္ဝတဲ့အသင္း ျဖစ္တာေၾကာင့္ ဒီပြဲရလဒ္က ရာသီကုန္မွာ ဆုဖလားကို ဘယ္အသင္း ကိုင္ေျမာက္ႏုိင္မလဲ ဆိုတာအထိ သပ္ေရာက္မႈ မရွိႏုိင္ကာ ျပိဳင္ဆိုင္မႈေတြ ဆက္ရွိေနမယ္လို႔ ရာဖာက ယူဆတာျဖစ္ပါတယ္။

စပိန္မန္ေနဂ်ာၾကီးက “ တစ္ခါတစ္ေလမွာေတာ့ ဆုဖလားက ပြဲတစ္ပြဲအေပပး မူတည္ႏုိင္ေပမယ့္ တစ္ခါတစ္ေလမွာေတာ့ ပြဲတစ္ပြဲရဲ႕ အခိုက္အတန္တစ္ခုေပၚမွာ မူတည္ပါတယ္။ ဒီေတာ့ ဒီအပတ္မွာ မန္စီးတီးက လီဗာပူးကို အႏုိင္ရမယ္ဆိုရင္ ဂြာဒီယိုလာရဲ႕အသင္းက ပိုနီးသြားပါမယ္။ မီဒီယာေတြက ဒီအေၾကာင္းကိုပဲ ေမးခြန္းေတြ ထုတ္ေနတာပါ။ လီဗာပူးတို႔ လုပ္ႏုိင္မလား၊ လုပ္ႏုိင္လိမ့္မလား သူတို႔ ဖိအားေတြ ရွိေနမလား၊ ဒီဖိအားေတြကို ရင္ဆိုင္ႏုိင္မလား စသျဖင့္ စသျဖင့္ေပါ့။

မႏွစ္ကရာသီအျပီးမွာ လီဗာပူးက အေတြပအၾကံဳေတြ ပိုေကာင္းလာတယ္။ ဒါက အျမဲတမ္း အေကာင္းျမင္ဖို႔ေကာင္းပါတယ္။ ဒါေပမယ့္ မန္စီးတီးကလည္း ထိပ္ဆံုးအဆင့္ေတြမွာ ရွိေနတာပါ။ ဒီပြဲကို အႏုိင္ရဖို႔ လိုမယ္ဆိုတာ သူတို႔သိတယ္။ သူတို႔မွာ သိပ္ေကာင္းတဲ့ အသင္းလည္း ရွိပါတယ္။ လီဗာပူးရဲ႕ တိုးတက္မႈက အသာစီးျဖစ္လာခဲ့ျပီး ေနာက္ထပ္ ေျခတစ္လွမ္းကို တိုးႏုိင္မယ့္ အလားအအလာ ရွိပါတယ္။

ဒါေပမယ့္ ဒါက ေဘာလံုးပါ အခုခ်ိန္မွာ ေမလအတြင္း ဘာေတြျဖစ္လာမယ္ဆိုတာ ေျပာဖို႔က ေစာပါေသးတယ္။ ႏုိဝင္ဘာလနဲ႔ ဘာတစ္ခုမွ အဆံုးအျဖတ္ေပးမွာ မဟုတ္ပါဘူူ။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။