ယူနိုက်တက် ဗဟိုခံစစ်မှူး အဲရစ်ဘိုင်လေဟာ ချယ်ဆီးနဲ့ပွဲမှာ အရွတ်ဒဏ်ရာ ရသွားတာကြောင့် ရာသီကုန်ထိ ကစားနိုင်တော့မှာ မဟုတ်တဲ့ အပြင် အာဖရိကဖလား ပြိုင်ပွဲကိုပါ လွဲချော်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီဂီယာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မသေချာတာကြောင့် အက်သလက်တီကို မက်ဒရစ် ဂိုးသမား ဂျန်အော့ဘလက်ကို ချဉ်းကပ်ဖို့ ကြံရွယ်နေပါတယ်။ အက်လသက်တီကိုနဲ့ သက်တမ်းတိုးထားတာ မကြာသေးတြ့ အော့ဘလက်ကို အလိုရှိပါက သူ့ရဲ့ စာချု့ပ်ပါ ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ သုံးမှသာ ရရှိနိုင်မှာပါ။

ယူနိုက်တက် တိုက်စစ်မှူး လူကာကူက နောက်ဘောလုံးရာသီမှာ အသင်းမှာပဲ ဆက်ရှိမလား သူကိုယ်တိုင် သေချာ မသိသေးကြောင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ လူကာကူဟာ ဒီတလော ကြံ့ခိုင်မှု မပြည့်ဝတဲ့ ပုံစံနဲ့ ကစားနေတယ်လို့ ဝေဖန်စွပ်စွဲမှုတွေ ခံနေရပြီး လာမယ့်နွေ အိုးထရက်ဖို့ဒ်က ထွက်ခွာမယ့် ကစားသမားတွေထဲ ၄င်း ပါဝင်နေတယ်လို့ ပြောဆိုနေကြပါတယ်။

ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒီတလော ကျဆင်းနေတဲ့ ခြေစွမ်းကြောင့် ဝေဖန်မှုများ ဆက်တိုက် ခံနေရပေမယ့် တုန့်ပြန်ပြောဆိုဖို့ ငြင်းပယ်သွားပြီး အသင်းက သူ့ကို စကားတွေ ထိုင်ပြောနေဖို့ ပိုက်ဆံပေးထားတာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဘောလုံး သုံးသပ်သူတွေကတော့ ဒီလို စကားတွေပြောဖို့ ပိုက်ဆံရနေတာ ဖြစ်တာကြောင့် ပြောချင်ရာ ပြောနိုင်တယ်လို့ ပေါ့ဘာက ဆိုပါတယ်။

ဝုဗ်အသင်းဟာ ယူနိုက်တက် ခံစစ်မှူး လင်ဒီလော့ဖ်ကို အလိုရှိနေပြီး ဆွီဒင်သားကို ပြီးခဲ့တဲ့ နွေတည်းက အလိုရှိခဲ့တာ ဖြစ်ပြီး ကမ်းလှမ်းမှု အသစ်တွေနဲ့ ပြန်လည် ကြိုးစားဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် လူငယ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်က နောက်ရာသီ ရှက်ဖီးလ်မှာပဲ အငှားဆက် ကစားဖို့အတွက် ဒီတစ်ပတ်ထဲမှာ မိခင်ကလပ် ယူနိုက်တက်နဲ့ ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ ရှက်ဖီးယူနိုက်တက်ကလည်း နောက်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်လာမှာ ဖြစ်ပါတယ်။

စပါး၊ ယူနိုက်တက်၊ ဒေါ့မွန်အသင်းတွေက ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေပေမယ့် ခရစ္စတယ်ပဲလေ့စ်ကတော့ အသင်း တိုက်စစ်မှူး ဇာဟာကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဒီသီတင်းပတ်တွေထဲ လက်စွမ်းကျဆင်းနေတဲ့ ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေမှုတွေ ရှိနေပါတယ်။ စပိန်ထိပ်သီး ရီးရဲမက်ဒရစ်နဲ့ ပြင်သစ်ထိပ်သီး PSG တို့ကလည်း ဒီဂီယာကို ခေါ်ယူဖို့ ကြိုးစားနေတာပါ။ ဒီဂီယာကို ခေါ်ယူခွင့်ရမယ်ဆိုရင် ပီအက်ဂျီက ပေါင် သန်း ၉၀ထိ ပေးဖို့ ဆုံးဖြတ်ထားပြီး ယူနိုက်တက်ဘက်က အော့ဘလက်ကို ပြန်လည်ခေါ်ယူဖို့ကတော့ ပေါင် ၁၀၃ သန်း သုံးစွဲရမှာဖြစ်တယ်။