လီဗာပူးဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို အသာစီးယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၁၀ မိနစ်ကျော်မှာ အယ်လီဆန်ရဲ့ ဆုံးဖြတ်ချက် အမှားကြောင်း အနီကဒ်ထိခဲ့ပြီး ခက်ခဲတဲ့ပွဲတစ်ပွဲအဖြစ် ပြောင်းလဲ ရင်ဆိုင်ခဲ့ရပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ပြိုင်ဘက် ဘရိုက်တန်ကို ချီးကျူးစကား ပြောဆိုခဲ့သလို အယ်လီဆန် အနီကဒ်ရမှုက အသင်းဖော်တွေရဲ့ လိုအပ်ချက်ကြောင့်လည်း ဖြစ်ပါတယ်လို့ ကာကွယ်ပြောဆိုကာ ပိုကောင်းအောင် ဆက်ကြိုးစားဖို့ နိုးဆော်သွားပါတယ်။

ဗန်ဒိုက်က ” ဘရိုက်တန်က အသင်းကောင်း တစ်သင်း ဖြစ်တယ်။ သူတို့က ဘောလုံးကို ကောင်းစွာ ကစားပြီး စွန့်စားမှုတွေလည်း လုပ်တယ်။ ဒါကြောင့် လွယ်ကူတာ မဟုတ်ပါဘူး။ ဒုတိယပိုင်းမှာ ကျနော်တို့ ကစားသွားတာထက် ပိုကောင်းအောင် လုပ်ခဲ့သ်င့တယ်။ ဒါပေမယ့် ပြိုင်ဘက် အသင်းကိုလည်း အသိအမှတ် ပြုရမှာပါ။ ကံမကောင်းစွာ အယ်လစ်ဆန် အနီကတ် ရသွားတော့ ကျနော်တို့ ခံစစ် ကစားဖို့ ဖြစ်ခဲ့တယ်။ ”

” (အယ်လစ်ဆန် အနီကတ်နဲ့ ပတ်သတ်ပြီး) ကျနော်တို့ အနေနဲ့ ဒိထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်။ သူ့ကို ဒီလို အခြေအနေမျိုး ရောက်အောင် တွန်းပို့ခဲ့သလို ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဖြစ်တာက ဖြစ်သွားပြီး ဒါကို လက်ခံ ဖြေရှင်းဖို့ လိုတယ်။ စိတ်ပျက်မိပေမယ့် ကိုယ့်အလုပ်ကိုယ် ဆက် လုပ်ရမယ်။ ” လို့ ဆိုပါတယ်။

အယ်လီဆန်ရဲ့ ဂိုးပြင်ထွက်ပုတ်မှုက သူ့ကို အနီကဒ်ရစေခဲ့သလို လီဗာပူးဘက်က ပြစ်ဒဏ်ဘောလည်း ပေးခဲ့ရပါတယ်။ ဂိုးသမားတွေ လဲနေမှုမှာ လီဗာပူးဘက်က ပြင်ဆင်ချိန် မရဖြစ်နေခဲ့ပြီး အတ်ဒရီယန် ဝင်လာလာခြင်း လူကာတံတိုင်းကို နေရာချဖို့ ကြိုးစားစဉ်မှာပဲ ကွင်းလယ်ဒိုင် အက်ကင်ဆန်က ဝီစီမှုတ်ခဲ့တာပါ။ လူစားလဲမှုလုပ်ပြီး ဂိုးသမားက ဂိုးပေါက်ကို ရောက်ရောက်ခြင်းမှာ ဒိုင်ရဲ့ ဝီစီမှုတ်မှာက လီဗာပူးကို မျက်နှာသာမပေးတဲ့ အပြုအမှုဆိုတာ ထင်ရှားပါတယ်။

ဗန်ဒိုက်ကတော့ ” ဘရိုက်တန်ရဲ့ ဂိုးနဲ့ ပတ်သတ်ပြီး ကျနော် သိကို မသိလိုက်ဘူး။ ကျနော် ခံစစ် တံတိုင်းထဲမှာ ပြင်ဆင်ပြီး အလုပ်ရှုပ်နေတုန်း။ ဘယ်လို ဖြစ်သွားမှန်းကို မသိခဲ့ဘူး။ ဒိုင်လူကြီးကတော့ ဂိုးကို ခွင့်ပြုခဲ့တယ် ဒီတော့ လက်ခံရုံ ရှိပါတယ်။ စိတ်ပျက်စရာတွေ ရှိခဲ့ပေမယ့် ကျနော်တို့ သုံးမှတ် အပြည့် ရခဲ့တယ်။ ” လို့ ဆိုသွားခဲ့တယ်။

လီဗာပူးဟာ ကြားရက်မှာ မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့ အမှတ်ပေးပွဲ ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် အဆိုပါ ပွဲကိုတော့ ဂိုးသမား အယ်လီဆန်၊ ခံစစ်မှူးမာတစ်၊ ကွင်းလယ်လူ ဖာဘင်ညိုတို့ လွဲချော်သွားကြတော့မှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဟာ အိမ္ကြင္းမွာ ဘရိုက္တန္ကို အသာစီးယူႏုိင္ခဲ့ေပမယ့္ ပြဲျပီးခါနီး ၁၀ မိနစ္ေက်ာ္မွာ အယ္လီဆန္ရဲ႔ ဆံုးျဖတ္ခ်က္ အမွားေၾကာင္း အနီကဒ္ထိခဲ့ျပီး ခက္ခဲတဲ့ပြဲတစ္ပြဲအျဖစ္ ေျပာင္းလဲ ရင္ဆိုင္ခဲ့ရပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ျပိဳင္ဘက္ ဘရိုက္တန္ကို ခ်ီးက်ဴးစကား ေျပာဆိုခဲ့သလို အယ္လီဆန္ အနီကဒ္ရမႈက အသင္းေဖာ္ေတြရဲ႕ လိုအပ္ခ်က္ေၾကာင့္လည္း ျဖစ္ပါတယ္လို႔ ကာကြယ္ေျပာဆိုကာ ပိုေကာင္းေအာင္ ဆက္ၾကိဳးစားဖို႔ ႏိုးေဆာ္သြားပါတယ္။

ဗန္ဒိုက္က ” ဘရိုက္တန္က အသင္းေကာင္း တစ္သင္း ျဖစ္တယ္။ သူတို႔က ေဘာလံုးကို ေကာင္းစြာ ကစားျပီး စြန္႔စားမႈေတြလည္း လုပ္တယ္။ ဒါေၾကာင့္ လြယ္ကူတာ မဟုတ္ပါဘူး။ ဒုတိယပိုင္းမွာ က်ေနာ္တို႔ ကစားသြားတာထက္ ပိုေကာင္းေအာင္ လုပ္ခဲ့သ္င့တယ္။ ဒါေပမယ့္ ျပိဳင္ဘက္ အသင္းကိုလည္း အသိအမွတ္ ျပဳရမွာပါ။ ကံမေကာင္းစြာ အယ္လစ္ဆန္ အနီကတ္ ရသြားေတာ့ က်ေနာ္တို႔ ခံစစ္ ကစားဖို႔ ျဖစ္ခဲ့တယ္။ ”

” (အယ္လစ္ဆန္ အနီကတ္နဲ႕ ပတ္သတ္ျပီး) က်ေနာ္တို႔ အေနနဲ႕ ဒိထက္ ပိုေကာင္းေအာင္ လုပ္နိုင္ခဲ့သင့္တယ္။ သူ႔ကို ဒီလို အေျခအေနမ်ိဳး ေရာက္ေအာင္ တြန္းပို႔ခဲ့သလို ျဖစ္ခဲ့တယ္။ ဒါေပမယ့္ ျဖစ္တာက ျဖစ္သြားျပီး ဒါကို လက္ခံ ေျဖရွင္းဖို႔ လိုတယ္။ စိတ္ပ်က္မိေပမယ့္ ကုိယ့္အလုပ္ကိုယ္ ဆက္ လုပ္ရမယ္။ ” လို႔ ဆိုပါတယ္။

အယ္လီဆန္ရဲ႕ ဂိုးျပင္ထြက္ပုတ္မႈက သူ႔ကို အနီကဒ္ရေစခဲ့သလို လီဗာပူးဘက္က ျပစ္ဒဏ္ေဘာလည္း ေပးခဲ့ရပါတယ္။ ဂိုးသမားေတြ လဲေနမႈမွာ လီဗာပူးဘက္က ျပင္ဆင္ခ်ိန္ မရျဖစ္ေနခဲ့ျပီး အတ္ဒရီယန္ ဝင္လာလာျခင္း လူကာတံတိုင္းကို ေနရာခ်ဖို႔ ၾကိဳးစားစဥ္မွာပဲ ကြင္းလယ္ဒိုင္ အက္ကင္ဆန္က ဝီစီမႈတ္ခဲ့တာပါ။ လူစားလဲမႈလုပ္ျပီး ဂိုးသမားက ဂိုးေပါက္ကို ေရာက္ေရာက္ျခင္းမွာ ဒိုင္ရဲ႕ ဝီစီမႈတ္မွာက လီဗာပူးကို မ်က္ႏွာသာမေပးတဲ့ အျပဳအမႈဆိုတာ ထင္ရွားပါတယ္။

ဗန္ဒိုက္ကေတာ့ ” ဘရိုက္တန္ရဲ႕ ဂိုးနဲ႕ ပတ္သတ္ျပီး က်ေနာ္ သိကို မသိလိုက္ဘူး။ က်ေနာ္ ခံစစ္ တံတိုင္းထဲမွာ ျပင္ဆင္ျပီး အလုပ္ရႈပ္ေနတုန္း။ ဘယ္လို ျဖစ္သြားမွန္းကို မသိခဲ့ဘူး။ ဒိုင္လူၾကီးကေတာ့ ဂိုးကို ခြင့္ျပဳခဲ့တယ္ ဒီေတာ့ လက္ခံရံု ရွိပါတယ္။ စိတ္ပ်က္စရာေတြ ရွိခဲ့ေပမယ့္ က်ေနာ္တို႔ သံုးမွတ္ အျပည့္ ရခဲ့တယ္။ ” လို႔ ဆိုသြားခဲ့တယ္။

လီဗာပူးဟာ ၾကားရက္မွာ မာေဆးဆိုဒ္ဒါဘီအျဖစ္ အဲဗာတန္နဲ႔ အမွတ္ေပးပြဲ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ အဆိုပါ ပြဲကိုေတာ့ ဂိုးသမား အယ္လီဆန္၊ ခံစစ္မွဴးမာတစ္၊ ကြင္းလယ္လူ ဖာဘင္ညိဳတို႔ လြဲေခ်ာ္သြားၾကေတာ့မွာ ျဖစ္ပါတယ္။