ဒီကနေ့ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ ပွဲအတွက် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ပွဲကြို ပရိုဂရမ်မှာ အသင်းရဲ့ သဘောထားကို ကိုယ်စားပြုတဲ့ စကားတွေကို ပြောဆိုခဲ့ပြီဖြစ်ပါတယ်။

ဟန်ဒါဆန်က “ လီဗာပူးနဲ့ ယူနိုက်တက်ပွဲဟာ မာဆေးဆိုဒ် ဒါဘီထက် ပိုကြီးမားတဲ့ ပွဲတစ်ပွဲလား ဒါကို သေချာမပြောလိုပေမယ့် ဒီပွဲက အရမ်းကို အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ကာ ခြားနားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် တစ်ဦးအဖြစ် ကျနော်က ပြိုင်ဘက်တိုင်းကို လေးစားမှုရှိရမယ်လို့ သင်ကြားခံခဲ့ရတယ်။ လီဗာပူး ကစားသမားတစ်ယောက်အဖြစ် ယူနိုက်တက်က ဘယ်လို သန်မာတဲ့ အသင်းကောင်းတစ်သင်းလည်းဆိုတာကို နားလည်ဖို့နဲ့ ဒီပွဲကို လေးစားမှုရှိဖို့ လိုအပ်တယ်ဆိုတာကို သိထားပါတယ်။

ကျနေ်ာတို့နဲ့ ပက်သက်ပြီး အခြားသော အသင်းတွေက စံသက်မှတ်ချက်တွေ လုပ်ကြတာမျိုးကို ကျနော် သဘောမကျဘူး။ ကျနေ်ာတို့တွေ ကိုယ်ဘာသာ သက်မှတ်ချက် မရှိပေမယ့် အခြားအသင်းတွေက လုပ်ကြတာတွေရှိတယ်။ ကျနော်အတွက်ကတော့ လီဗာပူးရဲ့ စံက လီဗာပူးပါပဲ။ အခြား ဘယ်လို အဓိပ္ပာယ် သက်မှတ်ချက်မှ မရှိပါဘူး။

လီဗာပူးအတွက် အောင်မြင်မှုတွေ ရချင်ပါတယ် ဘာလို့လည်းဆိုတော့ အောင်မြင်ဖို့က အသင်းပရိသတ်တွေအတွက် အများကြီး အဓိပ္ပာယ် ရှိလို့ပါပဲ။ ကျနေ်ာတို့ အောင်မြင်ချင်တာက ဒါကလွဲရင် ဘာအကြောင်းမှ မရှိပါဘူး။ လီဗာပူးရဲ့ အဓိက သန်မာမှုက ကျနေ်ာတို့ ကိုယ်တိုင်ရဲ့ အဆင့်အတန်းနဲ့ မျှော်လင့်ချက်ပါ။ ဒါကလွဲရင် အခြားသော လုံ့ဆော်မှုလည်း မလိုပါဘူး။ ကျနေ်ာတို့အတွက် နောက်ပွဲကို အနိုင်ရဖို့ မလိုပါဘူး။ တစ်ခုတည်းသော အခြေအနေက လက်ရှိ ပြိုင်ရမယ့်ပွဲကို အာရုံစိုက်ဖို့ဖြစ်တယ်။

မန်နေဂျာက အဝတ်လဲခန်းမှာ စံချိန်တွေအကြောင်း ပေးမပြောဘူး။ နောက်ပွဲမှာ ဘယ်အသင်းကို အနိုင်ကစားရမယ်ဆိုတာလည်း ဘယ်သူမှ စိတ်မဝင်စားဘူး။ ဘာလိုလဲ? ကျနေ်ာတို့က လက်ရှိမှာ နေနေပြီး ကိုယ်ပြိုင်ရမယ့်ပွဲကို ယှဉ်ပြိုင်ဖို့ပဲ အရေးကြီးပါတယ်။ ပြီးမှ အခြားအရောတွေ လာပါလိမ့်မယ်။

ယူနိုက်တက်ကို ပြိုင်ရမှ ပြိုင်ဘက်တွေကို လေးစားတာ မဟုတ်ပဲ အသင်းတိုင်းကို တူညီစွာ လေးစားပါတယ်။ ယူနိုက်တက် ပြိုင်ဘက်ကောင်းပါ။ သူတို့အသင်းက ကစားသမားတွေနဲ့ လက်ရွေးစင်မှာလည်း တွဲကစားဖူးပါတယ်။ ဒီကနေ့မှာ အကောင်းဆုံး ရလဒ်အတွက် ကျနေ်ာတို့တွေ အာရုံစိုက်မှုကို အပြည့်အဝ မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ အပြစ်ပေးခံရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ ယွဥ္ျပိဳင္ရမယ့္ ယူႏုိက္တက္နဲ႔ ပြဲအတြက္ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ပြဲၾကိဳ ပရိုဂရမ္မွာ အသင္းရဲ႕ သေဘာထားကို ကိုယ္စားျပဳတဲ့ စကားေတြကို ေျပာဆိုခဲ့ျပီျဖစ္ပါတယ္။

ဟန္ဒါဆန္က “ လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲဟာ မာေဆးဆိုဒ္ ဒါဘီထက္ ပိုၾကီးမားတဲ့ ပြဲတစ္ပြဲလား ဒါကို ေသခ်ာမေျပာလိုေပမယ့္ ဒီပြဲက အရမ္းကို အေရးၾကီးတဲ့ ပြဲတစ္ပြဲျဖစ္ကာ ျခားနားတဲ့ ပြဲတစ္ပြဲျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ တစ္ဦးအျဖစ္ က်ေနာ္က ျပိဳင္ဘက္တုိင္းကို ေလးစားမႈရွိရမယ္လုိ႔ သင္ၾကားခံခဲ့ရတယ္။ လီဗာပူး ကစားသမားတစ္ေယာက္အျဖစ္ ယူႏုိက္တက္က ဘယ္လို သန္မာတဲ့ အသင္းေကာင္းတစ္သင္းလည္းဆိုတာကို နားလည္ဖို႔နဲ႔ ဒီပြဲကို ေလးစားမႈရွိဖို႔ လိုအပ္တယ္ဆိုတာကို သိထားပါတယ္။

က်ေန္ာတို႔နဲ႔ ပက္သက္ျပီး အျခားေသာ အသင္းေတြက စံသက္မွတ္ခ်က္ေတြ လုပ္ၾကတာမ်ိဳးကို က်ေနာ္ သေဘာမက်ဘူး။ က်ေန္ာတို႔ေတြ ကိုယ္ဘာသာ သက္မွတ္ခ်က္ မရွိေပမယ့္ အျခားအသင္းေတြက လုပ္ၾကတာေတြရွိတယ္။ က်ေနာ္အတြက္ကေတာ့ လီဗာပူးရဲ႕ စံက လီဗာပူးပါပဲ။ အျခား ဘယ္လို အဓိပၸာယ္ သက္မွတ္ခ်က္မွ မရွိပါဘူး။

လီဗာပူးအတြက္ ေအာင္ျမင္မႈေတြ ရခ်င္ပါတယ္ ဘာလို႔လည္းဆိုေတာ့ ေအာင္ျမင္ဖို႔က အသင္းပရိသတ္ေတြအတြက္ အမ်ားၾကီး အဓိပၸာယ္ ရွိလို႔ပါပဲ။ က်ေန္ာတုိ႔ ေအာင္ျမင္ခ်င္တာက ဒါကလြဲရင္ ဘာအေၾကာင္းမွ မရွိပါဘူး။ လီဗာပူးရဲ႕ အဓိက သန္မာမႈက က်ေန္ာတို႔ ကိုယ္တိုင္ရဲ႕ အဆင့္အတန္းနဲ႔ ေမွ်ာ္လင့္ခ်က္ပါ။ ဒါကလြဲရင္ အျခားေသာ လံု႔ေဆာ္မႈလည္း မလိုပါဘူး။ က်ေန္ာတုိ႔အတြက္ ေနာက္ပြဲကို အႏုိင္ရဖို႔ မလိုပါဘူး။ တစ္ခုတည္းေသာ အေျခအေနက လက္ရွိ ျပိဳင္ရမယ့္ပြဲကို အာရံုစိုက္ဖို႔ျဖစ္တယ္။

မန္ေနဂ်ာက အဝတ္လဲခန္းမွာ စံခ်ိန္ေတြအေၾကာင္း ေပးမေျပာဘူး။ ေနာက္ပြဲမွာ ဘယ္အသင္းကို အႏုိင္ကစားရမယ္ဆိုတာလည္း ဘယ္သူမွ စိတ္မဝင္စားဘူး။ ဘာလိုလဲ? က်ေန္ာတုိ႔က လက္ရွိမွာ ေနေနျပီး ကိုယ္ျပိဳင္ရမယ့္ပြဲကို ယွဥ္ျပိဳင္ဖို႔ပဲ အေရးၾကီးပါတယ္။ ျပီးမွ အျခားအေရာေတြ လာပါလိမ့္မယ္။

ယူႏုိက္တက္ကို ျပိဳင္ရမွ ျပိဳင္ဘက္ေတြကို ေလးစားတာ မဟုတ္ပဲ အသင္းတိုင္းကို တူညီစြာ ေလးစားပါတယ္။ ယူႏုိက္တက္ ျပိဳင္ဘက္ေကာင္းပါ။ သူတို႔အသင္းက ကစားသမားေတြနဲ႔ လက္ေရြးစင္မွာလည္း တြဲကစားဖူးပါတယ္။ ဒီကေန႔မွာ အေကာင္းဆံုး ရလဒ္အတြက္ က်ေန္ာတို႔ေတြ အာရံုစိုက္မႈကို အျပည့္အဝ မလုပ္ႏုိင္ဘူးဆိုရင္ က်ေနာ္တုိ႔ အျပစ္ေပးခံရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။