ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေ ကစားရဖို့ ရှိနေပြီး လီဗာပူးအသင်းက ဝုဗ်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။

အမှတ်ပေးဇယားကို ၁၆ မှတ်ဖြတ်ထားနိုင်ကာ စိတ်ဓါတ် တက်ကြွနေတဲ့ လီဗာပူးက ထိပ်ဆုံး ၆ သင်းထဲကို ဝင်ရောက်ခွင့်နဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကိုပါ ပစ်မှတ်ထားလာမယ့် ဝုဗ်ကို အဝေးကွင်းမှာ အရေးနိမ့်ပါလိမ့်မယ်လို့ စကိုင်းစပေါ့မှ ချာလီက ခန့်မှန်းသွားခဲ့ပါတယ်။

ချာလီက ” သိပ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပြီး လီဗာပူးက အရမ်းကို မြင့်မားနေတာပါ။ ကျနော်ကတော့ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားထားတာကြောင့် လီဗာပူးက ပင်ပန်းနေပြီး ခြေထောက်တွေ ညောင်းညာနေမယ်လို့ တွေ့ထားမိတယ်။ ဒီပွဲအတွက် သူတို့ လုံလောက်တဲ့ အနားယူမှုတွေ ရရဲ့လား?

ယာဂင်ကလော့ပ်က ဆာဒီယို မာနေးနဲ့ ဖာမင်နိုတို့ကို လူစားလဲခဲ့တယ်။ ဒါပေမယ့် သူတို့က ခံစစ်ကို အနည်းငယ် ပိုအားပြု ကစားခဲ့ရတယ်။ ကလော့ပ်လက်ထက် လီဗာပူးအသင်းသားတွ မလှုပ်နိုင်အောင် ပင်းပန်းနေကြတာမျိုး ရှားရှားပါးပါး မြင်ခဲ့ရပါတယ်။ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ် လေးယောက်တန်းက တည်ငြိမ်နေဆဲပါ။ သူတို့မှာ အားနည်းချက်တွေ ရှိနေပါတယ်။

ယူနိုက်တက်နဲ့ပွဲက ပွဲကောင်းတစ်ပွဲဖြစ်ပြီး သူတို့ ရလဒ်ကောင်းလည်း ရခဲ့တယ်။ ကျနော်ကတော့ လာမယ့် ဝုဗ်နဲ့ပွဲမှာ လီဗာပူးရဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရံှူးပွဲကို မြင်တွေ့ရမယ်လို့ မြင်နေတယ်။ ဒါပေမယ့်လို့ သူတို့ အမှတ်ပေးဖလား အနိုင်ရဖို့ ကြိုးစားမှုကိုတော့ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။

ဝုဗ်က ထိပ်ဆုံး ၆ သင်းနဲ့ ရင်ဆိုင်ရာမှာ ရလဒ်ကောင်းတွေ ရယူထားတယ်။ ဝုဗ်က အန်ဖီးမှာလည်း ပုံစံကောင်းခဲ့ပေမယ့် ရလဒ်တော့ ယူလာနိုင်ခဲ့ခြင်း မရှိဘူး။ ကလော့ပ်က အပြောင်းအလဲတွေ လုပ်ဆောင်ရမှာဖြစ်ပြီး အဲ့တာကလည်း သူတို့ကို ဖရိုဖရဲ ဖြစ်စေပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တာဖြစ်တယ်။

ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးဟာ ဝုဗ်ကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်လိမ့်မယ်လို့ ချာလီက ခန့်မှန်းခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ၾကားရက္မွာေတာ့ ပရီးမီးယားလိဂ္ပြဲေတြ ကစားရဖို႔ ရွိေနျပီး လီဗာပူးအသင္းက ဝုဗ္အသင္း အိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနပါတယ္။

အမွတ္ေပးဇယားကို ၁၆ မွတ္ျဖတ္ထားႏိုင္ကာ စိတ္ဓါတ္ တက္ၾကြေနတဲ့ လီဗာပူးက ထိပ္ဆံုး ၆ သင္းထဲကို ဝင္ေရာက္ခြင့္နဲ႔အတူ ခ်န္ပီယံလိဂ္ ဝင္ခြင့္ကိုပါ ပစ္မွတ္ထားလာမယ့္ ဝုဗ္ကို အေဝးကြင္းမွာ အေရးနိမ့္ပါလိမ့့္မယ္လို႔ စကိုင္းစေပါ့မွ ခ်ာလီက ခန္႔မွန္းသြားခဲ့ပါတယ္။

ခ်ာလီက ” သိပ္ေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ျပီး လီဗာပူးက အရမ္းကို ျမင့္မားေနတာပါ။ က်ေနာ္ကေတာ့ ယူႏုိက္တက္နဲ႔ ရင္ဆုိင္ကစားထားတာေၾကာင့္ လီဗာပူးက ပင္ပန္းေနျပီး ေျခေထာက္ေတြ ေညာင္းညာေနမယ္လို႔ ေတြ႔ထားမိတယ္။ ဒီပြဲအတြက္ သူတို႔ လံုေလာက္တဲ့ အနားယူမႈေတြ ရရဲ႕လား?

ယာဂင္ကေလာ့ပ္က ဆာဒီယို မာေနးနဲ႔ ဖာမင္ႏိုတုိ႔ကို လူစားလဲခဲ့တယ္။ ဒါေပမယ့္ သူတို႔က ခံစစ္ကို အနည္းငယ္ ပိုအားျပဳ ကစားခဲ့ရတယ္။ ကေလာ့ပ္လက္ထက္ လီဗာပူးအသင္းသားတြ မလႈပ္ႏုိင္ေအာင္ ပင္းပန္းေနၾကတာမ်ိဳး ရွားရွားပါးပါး ျမင္ခဲ့ရပါတယ္။ ဗန္ဒိုက္ ဦးေဆာင္တဲ့ ခံစစ္ ေလးေယာက္တန္းက တည္ျငိမ္ေနဆဲပါ။ သူတို႔မွာ အားနည္းခ်က္ေတြ ရွိေနပါတယ္။

ယူႏုိက္တက္နဲ႔ပြဲက ပြဲကောင္းတစ္ပြဲျဖစ္ျပီး သူတို႔ ရလဒ္ေကာင္းလည္း ရခဲ့တယ္။ က်ေနာ္ကေတာ့ လာမယ့္ ဝုဗ္နဲ႔ပြဲမွာ လီဗာပူးရဲ႕ ဒီရာသီ ပထမဆံုး ပရီးမီးယားလိဂ္ရံွဴးပြဲကို ျမင္ေတြ႔ရမယ္လို႔ ျမင္ေနတယ္။ ဒါေပမယ့္လို႔ သူတို႔ အမွတ္ေပးဖလား အႏုိင္ရဖို႔ ၾကိဳးစားမႈကိုေတာ့ ရပ္တည္ႏုိင္မွာ မဟုတ္ပါဘူး။

ဝုဗ္က ထိပ္ဆံုး ၆ သင္းနဲ႔ ရင္ဆုိင္ရာမွာ ရလဒ္ေကာင္းေတြ ရယူထားတယ္။ ဝုဗ္က အန္ဖီးမွာလည္း ပံုစံေကာင္းခဲ့ေပမယ့္ ရလဒ္ေတာ့ ယူလာႏုိင္ခဲ့ျခင္း မရွိဘူး။ ကေလာ့ပ္က အေျပာင္းအလဲေတြ လုပ္ေဆာင္ရမွာျဖစ္ျပီး အဲ့တာကလည္း သူတို႔ကို ဖရိုဖရဲ ျဖစ္ေစပါလိမ့္မယ္ ” လို႔ သံုးသပ္ခဲ့တာျဖစ္တယ္။

ဒီရာသီ ပထမဆံုးအၾကိမ္အျဖစ္ လီဗာပူးဟာ ဝုဗ္ကို အေဝးကြင္းမွာ ၂-၁ နဲ႔ အေရးနိမ့္လိမ့္မယ္လို႔ ခ်ာလီက ခန္႔မွန္းခဲ့ေသးတာ ျဖစ္ပါတယ္။