ဂျာမနီတိုက်စစ်သမား တီမိုဝါနာဟာ ဥရောပကလပ် အများအပြားက အလိုရှိနေတဲ့ ထိပ်တန်း တိုက်စစ်မှူးဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကလည်း ရေပန်းစား အသင်းတစ်သင်း ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီး၊ ယူနိုက်တက်နဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အပြင် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်တို့က တီမိုဝါနာကို ခေါ်ယူဖို့ လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားနေကြတာဖြစ်တယ်။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ဝါနာကို ခေါ်ယူဖို့ လီဗာပူးနဲ့ ဘိုင်ယန်က ရေပန်းအစားဆုံး ဖြစ်ပေမယ့် ကစားသမားက လိုက်ဇစ်နဲ့ပဲ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ နီးကပ်လာရာမှာတော့ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူခွင့်ရတဲ့ ချယ်ဆီးနဲ့ တိုက်စစ်ပိုင်း အင်အားဖြည့်လိုနေတဲ့ ရီးရဲလ်မက်ဒရစ်က ပါဝင်လာခဲ့ပြီး လီဗာပူးက ရေပန်းစားအသင်းအဖြစ်ကနေ မှေးမှိန်လာခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂျာမနီသတင်းတွေနဲ့ အင်္ဂလန်သတင်းတွေက လီဗာပူးဟာ ဝါနာကို စိတ်ဝင်စားဆဲဆိုတဲ့ ဖော်ပြမှုကနေ အောက်ပါသတင်း ထွက်ရှိလာပါတယ်။

လီဗာပူးဟာ နွေအပြောင်းအရွှေ့တုန်းက ဝါနာကို ကမ်းလှမ်းခဲ့ပြီး အဆိုပါ ကမ်းလှမ်းမှုမှာ ပုံမှန် ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိ မပါခဲ့တာကြောင့် တိုးတက်မှုအတွက် အမြဲတမ်း ပွဲထွက်ခွင့်ရလိုတဲ့ ဝါနာက ငြင်းဆန်ခဲ့တာလို့ သိရတယ်။ လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားတဲ့ ဘိုင်ယန်ကလည်း ကမ်းလှမ်းမှု လုပ်ခဲ့ဟန်ရှိပြီး လီဝမ်ဒေါစကီးကို ကျော်ပြီး ပွဲထွက်ခွင့်ပေးဖို့ အာမခံခဲ့ခြင်း မရှိဘူးလို့ ယူဆရတယ်။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့နောက် နောက်ထပ် တိုက်စစ်သမားတစ်ဦးကို ထားလိုပေမယ့် အဓိက တိုက်စစ်သမား သုံးဦးကလည်း အလှည့်ကျစနစ်ကို ရေရှည်မှာ လက်ခံဖွယ်မရှိတာကြောင့် နောက်ထပ် အရန်အစားထိုးဖို့ကို လီဗာပူးဘက်က အခက်တွေ့နေရခြင်း ဖြစ်တယ်လို့ ယုံကြည်ရတယ်။

ဂျာမနီဘက်ကတော့ ဝါနာဟာ ပရီးမီးယားလိဂ်ကို ပြောင်းလိုပြီး နိုင်ငံတူမန်နေဂျာရှိရာ လီဗာပူးကို ပိုမို အားသန်တယ်လို့ ဖော်ပြတယ်။ လီဗာပူးဘက်က ပွဲကစားခွင့် အာမခံချက် တစ်ခုပေးမယ်ဆိုရင် ပြောင်းဖို့ စိတ်ပိုင်းဖြတ်နိုင်တယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့ နွေမှာ ဝါနာနဲ့ လိုက်ဇစ်ကြား စာချုပ်မှာ ယူရို ၅၀-၆၀ သန်းကြား ပြောင်းရွှေ့ကြေးရရင် ထွက်ခွာခွင့် ပါဝင်ကြောင်းလည်း သိထားရတယ်။

လီဗာပူးသတင်းထောက် DaveOCKOP က ” ဝါနာနဲ့ ပက်သက်ပြီး ပြောနေတာတွေ အများကြီးရှိတယ်။ သူက ပွဲထွက်ခွင့်မရလို့ မလာတာလို့ ပြောကြသလို အချို့ကလည်း သူက လီဗာပူးကို လာချင်တယ်ပေါ့။ ငါတို့အသင်းက အကောင်းဆုံး ကစားသမားတွေကကို မခေါ်နိုင်ဘူးလို့ သိပ်မကြာခင်က ပြောခဲ့ကြတယ်။ အခုတော့ ဘွန်းဒက်လီဂါ အကောင်းဆုံး ကစားသမားက ပွဲမကစားရလိုသာ ငါတို့အသင်းကို မပြောင်းလိုတာဆိုတော့ ဒါက တိုးတက်လာတာပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဂ်ာမနီတိုက္စစ္သမား တီမိုဝါနာဟာ ဥေရာပကလပ္ အမ်ားအျပားက အလိုရွိေနတဲ့ ထိပ္တန္း တိုက္စစ္မွဴးျဖစ္ျပီး သူ႔ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ လီဗာပူးကလည္း ေရပန္းစား အသင္းတစ္သင္း ျဖစ္ေနပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီး၊ ယူႏုိက္တက္နဲ႔ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္အျပင္ ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္တို႔က တီမိုဝါနာကို ေခၚယူဖို႔ လီဗာပူးနဲ႔အျပိဳင္ စိတ္ဝင္စားေနၾကတာျဖစ္တယ္။ ျပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႔မွာ ဝါနာကို ေခၚယူဖို႔ လီဗာပူးနဲ႔ ဘိုင္ယန္က ေရပန္းအစားဆံုး ျဖစ္ေပမယ့္ ကစားသမားက လိုက္ဇစ္နဲ႔ပဲ သက္တမ္းတိုးခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီ နီးကပ္လာရာမွာေတာ့ အေျပာင္းအေရႊ႔မွာ လူသစ္ေခၚယူခြင့္ရတဲ့ ခ်ယ္ဆီးနဲ႔ တိုက္စစ္ပိုင္း အင္အားျဖည့္လိုေနတဲ့ ရီးရဲလ္မက္ဒရစ္က ပါဝင္လာခဲ့ျပီး လီဗာပူးက ေရပန္းစားအသင္းအျဖစ္ကေန ေမွးမွိန္လာခဲ့ပါတယ္။ ဒါေပမယ့္လို႔ ဂ်ာမနီသတင္းေတြနဲ႔ အဂၤလန္သတင္းေတြက လီဗာပူးဟာ ဝါနာကို စိတ္ဝင္စားဆဲဆိုတဲ့ ေဖာ္ျပမႈကေန ေအာက္ပါသတင္း ထြက္ရွိလာပါတယ္။

လီဗာပူးဟာ ေႏြအေျပာင္းအေရႊ႔တုန္းက ဝါနာကို ကမ္းလွမ္းခဲ့ျပီး အဆိုပါ ကမ္းလွမ္းမႈမွာ ပံုမွန္ ပြဲထြက္ခြင့္ေပးမယ္ဆိုတဲ့ ကတိ မပါခဲ့တာေၾကာင့္ တိုးတက္မႈအတြက္ အျမဲတမ္း ပြဲထြက္ခြင့္ရလိုတဲ့ ဝါနာက ျငင္းဆန္ခဲ့တာလို႔ သိရတယ္။ လီဗာပူးနဲ႔အျပိဳင္ စိတ္ဝင္စားတဲ့ ဘုိင္ယန္ကလည္း ကမ္းလွမ္းမႈ လုပ္ခဲ့ဟန္ရွိျပီး လီဝမ္ေဒါစကီးကို ေက်ာ္ျပီး ပြဲထြက္ခြင့္ေပးဖို႔ အာမခံခဲ့ျခင္း မရွိဘူးလို႔ ယူဆရတယ္။

ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ေနာက္ ေနာက္ထပ္ တုိက္စစ္သမားတစ္ဦးကို ထားလိုေပမယ့္ အဓိက တိုက္စစ္သမား သံုးဦးကလည္း အလွည့္က်စနစ္ကို ေရရွည္မွာ လက္ခံဖြယ္မရွိတာေၾကာင့္ ေနာက္ထပ္ အရန္အစားထိုးဖို႔ကို လီဗာပူးဘက္က အခက္ေတြ႔ေနရျခင္း ျဖစ္တယ္လို႔ ယံုၾကည္ရတယ္။

ဂ်ာမနီဘက္ကေတာ့ ဝါနာဟာ ပရီးမီးယားလိဂ္ကို ေျပာင္းလိုျပီး ႏုိင္ငံတူမန္ေနဂ်ာရွိရာ လီဗာပူးကို ပိုမို အားသန္တယ္လို႔ ေဖာ္ျပတယ္။ လီဗာပူးဘက္က ပြဲကစားခြင့္ အာမခံခ်က္ တစ္ခုေပးမယ္ဆိုရင္ ေျပာင္းဖို႔ စိတ္ပိုင္းျဖတ္ႏုိင္တယ္လို႔ ဆိုတယ္။ ျပီးခဲ့တဲ့ ေႏြမွာ ဝါနာနဲ႔ လိုက္ဇစ္ၾကား စာခ်ဳပ္မွာ ယူရို ၅၀-၆၀ သန္းၾကား ေျပာင္းေရႊ႔ေၾကးရရင္ ထြက္ခြာခြင့္ ပါဝင္ေၾကာင္းလည္း သိထားရတယ္။

လီဗာပူးသတင္းေထာက္ DaveOCKOP က ” ဝါနာနဲ႔ ပက္သက္ျပီး ေျပာေနတာေတြ အမ်ားၾကီးရွိတယ္။ သူက ပြဲထြက္ခြင့္မရလို႔ မလာတာလို႔ ေျပာၾကသလို အခ်ိဳ႕ကလည္း သူက လီဗာပူးကို လာခ်င္တယ္ေပါ့။ ငါတို႔အသင္းက အေကာင္းဆံုး ကစားသမားေတြကကို မေခၚႏုိင္ဘူးလို႔ သိပ္မၾကာခင္က ေျပာခဲ့ၾကတယ္။ အခုေတာ့ ဘြန္းဒက္လီဂါ အေကာင္းဆံုး ကစားသမားက ပြဲမကစားရလိုသာ ငါတို႔အသင္းကို မေျပာင္းလိုတာဆိုေတာ့ ဒါက တိုးတက္လာတာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။