လီဗာပူးအသင်းဟာ မနှစ်ကဘောလုံးရာသီ တည်ကန်ဘော အကောင်းဆုံး အသင်းဖြစ်သလို ဒီရာသီမှာလည်း တည်ကန်ဘော အကောင်းဆုံး အသင်းအဖြစ် ခြေစွမ်းပြနေပါတယ်။
ယူနိုက်တက်ပွဲမှာ ထောင့်ကန်ဘောကနေ ဗန်ဒိုက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့နောက် အသင်းဖော် ရော်ဘတ်ဆန်က ဒီအနေအထားအတွက် လီဗာပူးတစ်သင်းလုံးဟာ လေ့ကျင့်ရေးမှာ ပွဲနေ့မတိုင်ခင်တည်းက အရမ်း ကြိုးစားခဲ့ရတာပါလို့ ဖွင့်ဟခဲ့တယ်။ သူကပဲ ဒီလိုလုပ်နိုင်အောင် နောက်ကွယ်က ကူညီပေးတဲ့ ၁၁ ဦးပါ အသင်းကိုလည်း ချီးကျူးခဲ့ပါတယ်။
ရော်ဘတ်ဆန်က “ ကျနော်တို့အသင်း နောက်ကွယ်က အသင်းက အရမ်းကို ကောင်းလွန်းပါတယ် ” လို့ ပရီးမီးယားလိဂ်ဇယားကို ၁၆ မှတ် ဖြတ်အပြီး The Athletic နဲ့ အင်တာဗျူးမှာ ဖြေဆိုပါတယ်။
ဘယ်အစွန်သမားက “ သူတို့က ပြိုင်ဘက်တွေရဲ့ သန်မာမှု၊ အားနည်းမှုအတိုင်း တကယ်ကို အလုပ်လုပ်ပြနိုင်စွမ်းရှိတယ်။ ပွဲနေ့မတိုင်ခင် တစ်ရက် မဲဝုဒ်မှာ ကျနေ်ာတို့က ၁၁ ဦး ၁၁ ဦး နှစ်သင်းခွဲကန်ကြပြီး တည်ကန်ဘောတွေမှာပါ အလုပ်လုပ်ဖို့ ကြိုးစားလေ့ ရှိပါတ်။
ပီတာ (ယာဂင်ကလော့ပ် လက်ထောက်နည်းပြ) က အသင်းအစည်းအဝေးကို ဦးဆောင်ပြီး ဗီဒီယိုနဲ့တကွ သုံးသပ်မှု လုပ်ထားတာကို ဦးဆောင် ဆွေးနွေးလေ့ရှိတယ်။ တည်ကန်ဘောတွေကနေ ကျနေ်ာတို့ ဂိုးသွင်းနိုင်ခဲ့ရင် ခံစားချက် သိပ်ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ လေ့ကျင့်ရေးက ကိုယ်တွေရဲ့ ကြိုးစားမှုကြောင့် ဂိုးရတာဖြစ်လို့ပါပဲ။
တစ်ခါတစ်လေမှာတော့ ကိုယ်ရဲ့ အားသာချက်အဖြစ် အသုံးပြုဖို့ လုပ်ရိုးလုပ်စဉ် လေ့ကျင့်တာဖြစ်သလို တစ်ခါတစ်လေမှာတော့ တည်ကန်ဘောကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်ဖို့ လေ့ကျင့်တာဖြစ်တယ်။ မှန်ကန်တဲ့ ပေးမှုတစ်ခု လုပ်ဖို့ လိုအပ်ခြင်းနဲ့ မှန်ကန်တဲ့ အသင်းသားက အဆုံးသတ်လိုက်ဖို့ပဲ လိုပါတယ်။
ထရန့်က ညာခြမ်းကနေ ပေးပို့နေပြီး ဗာဂျယ်က အကောင်းဆုံး အဆုံးသတ်နေတယ်။ ဗာဂျက်ကို လူကပ်ဖို့ ကြိုးစားကြပေမယ့် သူ့ရဲ့ လုပ်နိုင်စွမ်းက အံ့မခန်းပါပဲ။ တည်ကန်ဘောက ဘောလုံးမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ ဒီတော့ ဒါကို အားသာချက်အဖြစ် ကျနေ်ာတို့က ဘာလို့ အသုံးမချနိုင်ရမှာလဲ? ” လို့ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။
ZAWGYI