ယူနိုက်တက်နဲ့ ပွဲမှာ မိုဟာမက် ဆာလက်ရဲ့ ပွဲပြီးခါနီး သွင်းဂိုးကြောင်း လီဗာပူး ပရိသတ်တွေ အရူးအမူး ပျော်ရွှင်ခဲ့ရသလို ဆင်တူ အမှတ်တရ ဖြစ်ရပ်တစ်ခုကိုလည်း အမှတ်ရသွားစေခဲ့ပါတယ်။

ဂိုးသမား အယ်လစ်ဆန်ရဲ့ တိကျတဲ့ ပေးပို့မှုကနေ ဆာလက် တစ်ကိုယ်တော် ထိုးဖောက် ဂိုးသွင်းယူခဲ့တာက ယူနိုက်တက်ဘက် ၂၀၀၉ ခုနှစ်က ဂိုးသမား ရေနာနဲ့ တိုက်စစ်မှူး အန်ဂေါ့တို့ သွင်းဂိုးကို သတိရသွားစေခဲ့တာပါ။ ထိုပွဲမှာလည်း လီဗာပူးက ၂-၀ နဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂိုး အပြီး အောင်ပွဲခံမှုတွေမှာလည်း ရေနာက အန်ဂေါ့ဆီ ပြေးသွား အောင်ပွဲခံခဲ့သလို အယ်လစ်ဆန်ကလည်း ဆာလက်ဆီ ပြေးသွားခဲ့တာပါ။ အယ်လစ်ဆန် ကိုယ်တိုင်ကလည်း ရေနာ အောင်ပွဲခံမှုကို မြင်ဖူးတာကြောင့် အမှတ်တရ အနေနဲ့ ထိုသို့ ပွဲခံခဲ့တာ ဖြစ်ကြောင်း ပွဲ အပြီးမှာ ဖွင့်ဟခဲ့ပါတယ်။ လီဗာပူး တိုက်စစ်မူှးဟောင်း အန်ဂေါ့က ဆာလက်သွင်းဂိုးကြောင့် သတိရသွားစေတဲ့ ပျော်စရာ သွင်းဂိုးအကြောင်း အသင်း ဝက်ဘ်ဆိုက်ကနေ တဆင့် အခုလို ဖွင့်ဟခဲ့ပါတယ်။

” ဖြစ်ရပ်နှစ်ခုက သိပ်တူနေတာ တကယ့်ကို မယုံနိုင်စရာပဲ။ ကစားပုံကတော့ မတူဘူးပေါ့။ ဆာလက်က ပိုပြီး ဝေးဝေး ပြေးခဲ့ရတယ်။ အခြေအနေကို ကောင်းစွာ ဖတ်ပြီး ခံစစ်မှူးကိုလည်း ကောင်းစွာ ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ဒါက နောက်ဆုံး မိနစ်သွင်းဂိုး ဖြစ်တယ်။ အမှတ်တရ အဖြစ်အပျက်တွေကို ပြန် သတိရစေခဲ့တယ်။

ဒီပွဲ ကန်နေတုန်း ကျနော် အိမ်မှာ ရှိတယ်။ မိသားစုနဲ့ အတူပေါ့။ နှစ်ဂိုးလုံးကို ကျနော် မြင်ခဲ့တယ် သိပ်လည်း ပျော်ရွှင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လီဗာပူး ဖြစ်တဲ့ အပြင် သူတို့ အတွက် သိပ် အရေးကြီးတဲ့ ဘောလုံး ရာသီပါ။ တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှား စရာပဲ။ ရိုးရိုးသားသား ပြောရရင် ကျနော် ကြည့်နေတုန်းက အရင် သွင်းဂိုကို ကျနော် မတွေးမိဘူး။

ဒါပေမယ့် replay ပြန်ကြည့်တော့ တော်တော် ဆင်တူနေတာ သတိထားမိတယ်။ အောင်ပွဲခံတာရောပေါ့။ အယ်လစ်ဆန်က ပြေးသွားတာလေ။ တကယ်တကယ် ကြည့်နေရင် ပျော်လာရရော။ ” လို့ အမ်ဂေါ့က ဖွင့်ဟ ပြောာကြားခဲ့ပါတယ်။

လီဗာပူး တွစ်တာကနေလည်း ထိုသွင်းဂိုး နှစ်ဂိုးကို ယှဉ်ပြီးတင်ထားခဲ့ကာ လီဗာပူး ပရိသတ်တွေ အားရပျော်ရွှင်စေဖို့ မျှဝေထားခဲ့ပါသေးတယ်။

Zawgyi – ယူနိုက္တက္နဲ႕ ပြဲမွာ မိုဟာမက္ ဆာလက္ရဲ႕ ပြဲျပီးခါနီး သြင္းဂိုးေၾကာင္း လီဗာပူး ပရိသတ္ေတြ အရူးအမူး ေပ်ာ္ရႊင္ခဲ့ရသလို ဆင္တူ အမွတ္တရ ျဖစ္ရပ္တစ္ခုကိုလည္း အမွတ္ရသြားေစခဲ့ပါတယ္။

ဂိုးသမား အယ္လစ္ဆန္ရဲ႕ တိက်တဲ့ ေပးပို႔မႈကေန ဆာလက္ တစ္ကိုယ္ေတာ္ ထိုးေဖာက္ ဂိုးသြင္းယူခဲ့တာက ယူနိုက္တက္ဘက္ ၂၀၀၉ ခုနွစ္က ဂိုးသမား ေရနာနဲ႕ တိုက္စစ္မွဴး အန္ေဂါ့တို႔ သြင္းဂိုးကို သတိရသြားေစခဲ့တာပါ။ ထိုပြဲမွာလည္း လီဗာပူးက ၂-၀ နဲ႕ နုိင္ခဲ့တာ ျဖစ္ပါတယ္။

ဂိုး အျပီး ေအာင္ပြဲခံမႈေတြမွာလည္း ေရနာက အန္ေဂါ့ဆီ ေျပးသြား ေအာင္ပြဲခံခဲ့သလို အယ္လစ္ဆန္ကလည္း ဆာလက္ဆီ ေျပးသြားခဲ့တာပါ။ အယ္လစ္ဆန္ ကိုယ္တိုင္ကလည္း ေရနာ ေအာင္ပြဲခံမႈကို ျမင္ဖူးတာေၾကာင့္ အမွတ္တရ အေနနဲ႕ ထိုသို႔ ပြဲခံခဲ့တာ ျဖစ္ေၾကာင္း ပြဲ အျပီးမွာ ဖြင့္ဟခဲ့ပါတယ္။ လီဗာပူး တိုက္စစ္မဴွးေဟာင္း အန္ေဂါ့က ဆာလက္သြင္းဂိုးေၾကာင့္ သတိရသြားေစတဲ့ ေပ်ာ္စရာ သြင္းဂိုးအေၾကာင္း အသင္း ၀က္ဘ္ဆိုက္ကေန တဆင့္ အခုလို ဖြင့္ဟခဲ့ပါတယ္။

” ျဖစ္ရပ္နွစ္ခုက သိပ္တူေနတာ တကယ့္ကို မယံုနိုင္စရာပဲ။ ကစားပံုကေတာ့ မတူဘူးေပါ့။ ဆာလက္က ပိုျပီး ေ၀းေ၀း ေျပးခဲ့ရတယ္။ အေျခအေနကို ေကာင္းစြာ ဖတ္ျပီး ခံစစ္မွဴးကိုလည္း ေကာင္းစြာ ေက်ာ္ျဖတ္နုိင္ခဲ့တယ္။ ဒါေပမယ့္ ဒါက ေနာက္ဆံုး မိနစ္သြင္းဂိုး ျဖစ္တယ္။ အမွတ္တရ အျဖစ္အပ်က္ေတြကို ျပန္ သတိရေစခဲ့တယ္။

ဒီပြဲ ကန္ေနတုန္း က်ေနာ္ အိမ္မွာ ရွိတယ္။ မိသားစုနဲ႔ အတူေပါ့။ နွစ္ဂိုးလံုးကို က်ေနာ္ ျမင္ခဲ့တယ္ သိပ္လည္း ေပ်ာ္ရႊင္ခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက လီဗာပူး ျဖစ္တဲ့ အျပင္ သူတို႔ အတြက္ သိပ္ အေရးၾကီးတဲ့ ေဘာလံုး ရာသီပါ။ တကယ့္ကို ရင္ခုန္ စိတ္လႈပ္ရွား စရာပဲ။ ရိုးရိုးသားသား ေျပာရရင္ က်ေနာ္ ၾကည့္ေနတုန္းက အရင္ သြင္းဂိုကုိ က်ေနာ္ မေတြးမိဘူး။

ဒါေပမယ့္ replay ျပန္ၾကည့္ေတာ့ ေတာ္ေတာ္ ဆင္တူေနတာ သတိထားမိတယ္။ ေအာင္ပြဲခံတာေရာေပါ့။ အယ္လစ္ဆန္က ေျပးသြားတာေလ။ တကယ္တကယ္ ၾကည့္ေနရင္ ေပ်ာ္လာရေရာ။ ” လို႔ အမ္ေဂါ့က ဖြင့္ဟ ေျပာာၾကားခဲ့ပါတယ္။

လီဗာပူး တြစ္တာကေနလည္း ထိုသြင္းဂိုး နွစ္ဂိုးကို ယွဥ္ျပီးတင္ထားခဲ့ကာ လီဗာပူး ပရိသတ္ေတြ အားရေပ်ာ္ရႊင္ေစဖို႔ မွ်ေ၀ထားခဲ့ပါေသးတယ္။