အခုပြောပြလိုတာကတော့ ပုံမှန် မြင်တွေ့နေကျ မဟုတ်တဲ့ လီဗာပူးအသင်းသားတွေရဲ့ သွင်းဂိုးနဲ့ ပက်သက်တဲ့ ရှုထောင့်တစ်ခုကို တယ်လီဂရပ်က ဖော်ပြလာတဲ့ စစ်တမ်းဟား ပြန်လည် ဖော်ပြခြင်းဖြစ်တယ်။

ပရီးမီးယားလိဂ်အသင်းတွေဟာ အဝေးကွင်းထက်စာရင် အိမ်ကွင်းမှာ ရလဒ်တွေ ပိုကောင်းတတ်ပြီး အိမ်ကွင်းဆိုရင် ဂိုးတွေလည်း ပိုမို သွင်းယူလေ့ ရှိပါတယ်။ ဒါကြောင့်လည်း အသင်းကြီးတွေဟာ အဝေးကွင်းပွဲတွေ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ရလဒ်မကောင်းတာတွေ ဖြစ်တတ်ကြပါတယ်။

အိမ်ကွင်းပွဲစဉ်တွေမှာလည်း ပရီးမီးယားလိဂ်ကလပ်တွေက ကိုယ်အသင်း ပရိသတ် အများစုရှိရာ ပွဲကြည့်စင်တွေမှာ ဂိုးတွေ ပိုသွင်းနိုင်လေ့ရှိတယ်။ ဒါကး ကိုယ်ကို အားပေးတဲ့ ပရိသတ်တွေရှေ့ ဂိုးတွေ ပိုသွင်းပြလိုတာမျိုးတွေ အသင်းသားတွေရဲ့ စိတ်မှာ ရှိတတ်ကြလို့ဖြစ်ပါတယ်။ တယ်လီဂရပ်က ပြုစုတဲ့ စစ်တမ်းမှာတော့ လီဗာပူးအသင်းဟာ အခြားသော အသင်းတွေနဲ့ ဆန့်ကျင်ဘက်အဖြစ် ကိုယ်အသင်းရဲ့ အမာခံ ပရိသတ်တွေရှေ့မှာထက် ပြိုင်ဘက်အသင်း ပရိသတ်တွေရှေ့မှာ ဂိုးသွင်းနိုင်တာက ပိုများနေတယ်လို့ သိရတယ်။

အန်ဖီးကွင်းမှာ လီဗာပူးဒေသခံ အမာခံပရိသတ်တွေရှိတဲ့ The Kop ပွဲကြည့်စင်ရှေ့မှာထက် အဝေးကွင်းနဲ့ အိမ်ကွင်းပရိသတ်တွေ တစ်ဝက်စီ မျှသုံးတဲ့ Anfield Road ရှေ့မှာ လီဗာပူးအသင်းသားတွေက ဂိုးတွေ ပိုသွင်းကြပါတယ်။ ဒီရာသီ အန်ဖီးကွင်းက သွင်းဂိုးတွေရဲ့ သုံးပုံ နှစ်ပုံဖြစ်တဲ့ သွင်းဂိုး ၂၀ ဟာ Anfield Road ရှေ့မှာ သွင်းယူခြင်းဖြစ်ပြီး သွင်းဂိုး ၁၁ ဂိုးကိုပဲ The Kop ပွဲကြည့်စင်ရှေ့မှာ သွင်းယူထားတာဖြစ်တယ်။

ဒါဟာ ပုံမှန် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ကွာခြားနေပြီး အခြားသော အသင်းတွေက အိမ်ကွင်းပရိသတ်ရှေ့က ပွဲကြည့်စင်မှာဆိုရင် ဂိုးတွေ ပိုသွင်းကြတာဖြစ်တယ်။ တယ်လီဂရပ်ကတော့ လီဗာပူးအသင်းဟာ ပြိုင်ဘက်တွေရဲ့ ပရိသတ်တွေရှေ့မှာ ဂိုးသွင်းရတာကို ပိုနှစ်သက်ပြီး အစောပိုင်းမှာ ၎င်းတို့ရှေ့ ဂိုးသွင်းထားကာ ခံစစ်ကို အထိုင်ပြန်ချတာမျိုးကို နှစ်သက်တယ်လို့ ဖော်ပြခဲ့တယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်ဖွယ်ရှိတဲ့ စစ်တမ်းတစ်ခုဖြစ်ပြီး အခြား ထိပ်တန်းအသင်းတွေကတော့ ကိုယ်အသင်း ပရိသတ်တွေရှေ့က ဂိုးတိုင်းမှာ ဂိုးသွင်းတာက ပိုများတယ်လို့ သိပါတယ်။

ZAWGYI

အခုေျပာျပလိုတာကေတာ့ ပံုမွန္ ျမင္ေတြ႔ေနက် မဟုတ္တဲ့ လီဗာပူးအသင္းသားေတြရဲ႕ သြင္းဂိုးနဲ႔ ပက္သက္တဲ့ ရႈေထာင့္တစ္ခုကို တယ္လီဂရပ္က ေဖာ္ျပလာတဲ့ စစ္တမ္းဟား ျပန္လည္ ေဖာ္ျပျခင္းျဖစ္တယ္။

ပရီးမီးယားလိဂ္အသင္းေတြဟာ အေဝးကြင္းထက္စာရင္ အိမ္ကြင္းမွာ ရလဒ္ေတြ ပိုေကာင္းတတ္ျပီး အိမ္ကြင္းဆိုရင္ ဂိုးေတြလည္း ပိုမို သြင္းယူေလ့ ရွိပါတယ္။ ဒါေၾကာင့္လည္း အသင္းၾကီးေတြဟာ အေဝးကြင္းပြဲေတြ သြားေရာက္ ယွဥ္ျပိဳင္တဲ့အခါ ရလဒ္မေကာင္းတာေတြ ျဖစ္တတ္ၾကပါတယ္။

အိမ္ကြင္းပြဲစဥ္ေတြမွာလည္း ပရီးမီးယားလိဂ္ကလပ္ေတြက ကိုယ္အသင္း ပရိသတ္ အမ်ားစုရွိရာ ပြဲၾကည့္စင္ေတြမွာ ဂိုးေတြ ပိုသြင္းႏုိင္ေလ့ရွိတယ္။ ဒါကး ကိုယ္ကို အားေပးတဲ့ ပရိသတ္ေတြေရွ႔ ဂိုးေတြ ပိုသြင္းျပလိုတာမ်ိဳးေတြ အသင္းသားေတြရဲ႕ စိတ္မွာ ရွိတတ္ၾကလို႔ျဖစ္ပါတယ္။ တယ္လီဂရပ္က ျပဳစုတဲ့ စစ္တမ္းမွာေတာ့ လီဗာပူးအသင္းဟာ အျခားေသာ အသင္းေတြနဲ႔ ဆန္႔က်င္ဘက္အျဖစ္ ကိုယ္အသင္းရဲ႕ အမာခံ ပရိသတ္ေတြေရွ႔မွာထက္ ျပိဳင္ဘက္အသင္း ပရိသတ္ေတြေရွ႔မွာ ဂိုးသြင္းႏုိင္တာက ပိုမ်ားေနတယ္လို႔ သိရတယ္။

အန္ဖီးကြင္းမွာ လီဗာပူးေဒသခံ အမာခံပရိသတ္ေတြရွိတဲ့ The Kop ပြဲၾကည့္စင္ေရွ႔မွာထက္ အေဝးကြင္းနဲ႔ အိမ္ကြင္းပရိသတ္ေတြ တစ္ဝက္စီ မွ်သံုးတဲ့ Anfield Road ေရွ႔မွာ လီဗာပူးအသင္းသားေတြက ဂိုးေတြ ပိုသြင္းၾကပါတယ္။ ဒီရာသီ အန္ဖီးကြင္းက သြင္းဂိုးေတြရဲ႕ သံုးပံု ႏွစ္ပံုျဖစ္တဲ့ သြင္းဂိုး ၂၀ ဟာ Anfield Road ေရွ႔မွာ သြင္းယူျခင္းျဖစ္ျပီး သြင္းဂိုး ၁၁ ဂိုးကိုပဲ The Kop ပြဲၾကည့္စင္ေရွ႔မွာ သြင္းယူထားတာျဖစ္တယ္။

ဒါဟာ ပံုမွန္ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ကြာျခားေနျပီး အျခားေသာ အသင္းေတြက အိမ္ကြင္းပရိသတ္ေရွ႔က ပြဲၾကည့္စင္မွာဆိုရင္ ဂိုးေတြ ပိုသြင္းၾကတာျဖစ္တယ္။ တယ္လီဂရပ္ကေတာ့ လီဗာပူးအသင္းဟာ ျပိဳင္ဘက္ေတြရဲ႕ ပရိသတ္ေတြေရွ႔မွာ ဂိုးသြင္းရတာကို ပိုႏွစ္သက္ျပီး အေစာပိုင္းမွာ ၄င္းတို႔ေရွ႔ ဂိုးသြင္းထားကာ ခံစစ္ကို အထိုင္ျပန္ခ်တာမ်ိဳးကို ႏွစ္သက္တယ္လို႔ ေဖာ္ျပခဲ့တယ္။

စိတ္ပိုင္းဆိုင္ရာနဲ႔ သက္ဆိုင္ဖြယ္ရွိတဲ့ စစ္တမ္းတစ္ခုျဖစ္ျပီး အျခား ထိပ္တန္းအသင္းေတြကေတာ့ ကိုယ္အသင္း ပရိသတ္ေတြေရွ႔က ဂိုးတိုင္းမွာ ဂိုးသြင္းတာက ပိုမ်ားတယ္လို႔ သိပါတယ္။