ယူနိုက်တက်ကို အနိုင်ယူပြီးနောက်မှာ ထူးထူးခြားခြား ကိစ္စတွေအဖြစ် လီဗာပူးဟာ အမှတ်ပေးဖလားကို ပိုင်ဆိုင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ခဲ့ပြီဆိုတဲ့ သတင်းနဲ့ ရှာကွီရီကို ဥရောပကလပ်နှစ်သင်းက ကမ်းလှမ်းမှုကို ငြင်းဆန်ခြင်း သတင်းတွေ ထွက်ပေါ်လာခဲ့တယ်။

ယူနိုက်တက်နဲ့ပွဲမှာ ဖာဘင်ညို လူစားဝင်လာခဲ့တာက ချန်ပီယံလိဂ် ရံှူးထွက်အဆင့်တွေ ပြန်ကစားရဖို့ နီးစပ်လာတဲ့ ကလပ်အသင်းအတွက် သတင်းကောင်းဖြစ်ပြီး မာတစ်နဲ့ မီနာမီနိုတို့ကလည်း အရန်ခုံမှာ ရှိနေခဲ့ကြတာက အားရစရာဖြစ်ပါတယ်။ ဒီကနေ့မနက် လေ့ကျင့်ရေးမှာတော့ လီဗာပူးအသင်းသားတွေကို ရှာကွီရီကလွဲလို့ စုံစုံလင်လင် ပြန်တွေ့ခဲ့ရတာကလည်း ကောင်းမွန်တဲ့ သတင်းဖြစ်ပါလိမ့်မယ်။

လေ့ကျင့်ရေးမှာ မီလ်နာ၊ ကီတာနဲ့ ရှာကွီရီ မပါဝင်ပေမယ့်လည်း ကွင်းလယ်က လီဗာပူးအတွက် ပြဿနာ မဟုတ်ပါဘူး။ သူတို့ မပါဝင်နိုင်ခဲ့ပေမယ့် မာတစ်အပြင် ခံစစ်မှူး လိုဗရန်ပါ လေ့ကျင့်ရေး ပြန်ဆင်းနေခဲ့ပြီဖြစ်တယ်။ ဒါဟာ ခံစစ်မှာ ဆိုးဆိုးရွားရွားကို အင်အားနည်းလွန်းနေခဲ့တဲ့ လီဗာပူးအတွက်တော့ သတင်းကောင်းလည်း ဖြစ်ပါတယ်။

မာတစ်ကော လိုဗရန်ပါ ဒဏ်ရာရနေခဲ့တာကြောင့် ယာဂင်ကလော့ပ်ဟာ စတုဂတ်က နေးဖီးလစ်ကိုတောင် ကာလတိုအဖြစ် အက်ဖ်အေပွဲအတွက် ပြန်ခေါ်ယူခဲ့ရတာဖြစ်တယ်။ အခုချိန်မှာ အဓိက ဗဟိုခံစစ်မှူး လေးဦးလုံးကို ပြန်ရလိုက်တာက ပွဲကြပ်တွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။

ကြားရက်အတွက်တော့ မီလ်နာ (တံကောက်ကြော)၊ ကီတာ (ပေါင်ခြံ) နဲ့ ရှာကွီရီတို့ လေ့ကျင့်နေတာ မမြင်ရတာက ဝုဗ်နဲ့ပွဲမှာ မပါနိုင်ဖို့ များနေပါတယ်။ ဒါပေမယ့် သူတို့ဟာ လာမယ့် ရက်ပိုင်းအတွင်း (သို့) သီတင်းပတ်ထဲမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ထားနိုင်တာဖြစ်တယ်။

ZAWGYI

ယူႏုိက္တက္ကို အႏုိင္ယူျပီးေနာက္မွာ ထူးထူးျခားျခား ကိစၥေတြအျဖစ္ လီဗာပူးဟာ အမွတ္ေပးဖလားကို ပိုင္ဆိုင္ဖို႔ လက္တစ္ကမ္းအကြာကို ေရာက္ခဲ့ျပီဆိုတဲ့ သတင္းနဲ႔ ရွာကီြရီကို ဥေရာပကလပ္ႏွစ္သင္းက ကမ္းလွမ္းမႈကို ျငင္းဆန္ျခင္း သတင္းေတြ ထြက္ေပၚလာခဲ့တယ္။

ယူႏုိက္တက္နဲ႔ပြဲမွာ ဖာဘင္ညိဳ လူစားဝင္လာခဲ့တာက ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ေတြ ျပန္ကစားရဖို႔ နီးစပ္လာတဲ့ ကလပ္အသင္းအတြက္ သတင္းေကာင္းျဖစ္ျပီး မာတစ္နဲ႔ မီနာမီႏိုတို႔ကလည္း အရန္ခံုမွာ ရွိေနခဲ့ၾကတာက အားရစရာျဖစ္ပါတယ္။ ဒီကေန႔မနက္ ေလ့က်င့္ေရးမွာေတာ့ လီဗာပူးအသင္းသားေတြကို ရွာကီြရီကလြဲလို႔ စံုစံုလင္လင္ ျပန္ေတြ႔ခဲ့ရတာကလည္း ေကာင္းမြန္တဲ့ သတင္းျဖစ္ပါလိမ့္မယ္။

ေလ့က်င့္ေရးမွာ မီလ္နာ၊ ကီတာနဲ႔ ရွာကီြရီ မပါဝင္ေပမယ့္လည္း ကြင္းလယ္က လီဗာပူးအတြက္ ျပႆနာ မဟုတ္ပါဘူး။ သူတို႔ မပါဝင္ႏုိင္ခဲ့ေပမယ့္ မာတစ္အျပင္ ခံစစ္မွဴး လိုဗရန္ပါ ေလ့က်င့္ေရး ျပန္ဆင္းေနခဲ့ျပီျဖစ္တယ္။ ဒါဟာ ခံစစ္မွာ ဆိုးဆိုးရြားရြားကို အင္အားနည္းလြန္းေနခဲ့တဲ့ လီဗာပူးအတြက္ေတာ့ သတင္းေကာင္းလည္း ျဖစ္ပါတယ္။

မာတစ္ေကာ လိုဗရန္ပါ ဒဏ္ရာရေနခဲ့တာေၾကာင့္ ယာဂင္ကေလာ့ပ္ဟာ စတုဂတ္က ေနးဖီးလစ္ကိုေတာင္ ကာလတိုအျဖစ္ အက္ဖ္ေအပြဲအတြက္ ျပန္ေခၚယူခဲ့ရတာျဖစ္တယ္။ အခုခ်ိန္မွာ အဓိက ဗဟိုခံစစ္မွဴး ေလးဦးလံုးကို ျပန္ရလိုက္တာက ပြဲၾကပ္ေတြအတြက္ သတင္းေကာင္းပဲ ျဖစ္ပါတယ္။

ၾကားရက္အတြက္ေတာ့ မီလ္နာ (တံေကာက္ေၾကာ)၊ ကီတာ (ေပါင္ျခံ) နဲ႔ ရွာကီြရီတို႔ ေလ့က်င့္ေနတာ မျမင္ရတာက ဝုဗ္နဲ႔ပြဲမွာ မပါႏုိင္ဖို႔ မ်ားေနပါတယ္။ ဒါေပမယ့္ သူတို႔ဟာ လာမယ့္ ရက္ပိုင္းအတြင္း (သို႔) သီတင္းပတ္ထဲမွာ ေလ့က်င့္ေရး ျပန္ဆင္းႏုိင္ဖို႔ ေမွ်ာ္လင့္ထားႏုိင္တာျဖစ္တယ္။