ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်​ဒိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေအတွက် ပွဲကြိုခန့်မှန်းမှုကို ပြုလုပ်သွားခဲ့ပါတယ်။

ရိုနယ်ဒို ခန့်မှန်းခဲ့ရာမှာ အင်္ဂလန်လိဂ်မှ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ စပါးတို့ ဒုတိယအကျော့မှာ အနိုင်ရလဒ်တွေနဲ့ ပြန်လာနိုင်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

လာလီဂါပြိုင်ဘက်ဟောင်း ဘာစီလိုနာဟာ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရိုးမားကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရပေမယ့် အဝေးကွင်းမှာ အရေးနိမ့်တဲ့ ဖြစ်ရပ်မျိုး အန်ဖီးမှာ ရင်ဆိုင်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့တယ်။

ကွာတားအဆင့်မှာ ၄င်းတို့ကို ဖြုတ်ချခဲ့တဲ့ အေဂျက်ကိုတော့ ဒုတိယအကျော့မှာ စပါးက အနိုင်ယူသွားမယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။ ဒီအပတ်မှာတော့ စပါးဘက်က တိုက်စစ်မှူး ဆွန် ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။

ရိုနယ်ဒိုရဲ့ ခန့်မှန်းချက် ဘယ်လောက်ထိ မှန်ကန်မလဲက ကြားရက် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲတွေကို စောင့်ကြည့်ရမှာပါ။