နွေအပြောင်းအရွှေ့မှာ စီနီယာကစားသမား အများအပြားက ကလပ်ကနေ ထွက်ခွာမှာဖြစ်လို့ အသင်းပရိသတ်တွေက စိတ်ပျက်နေကြမှာပါ။ ဒီအတွက်တော့ သတင်းကောင်းရှိပါတယ်။ သတင်းကောင်းကို ဆိုးရှားကပဲ ထုတ်ပြောလာခဲ့ပါတယ်။

မန်ယူက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့ရင်တောင် ကမ္ဘာထိပ်တန်း ကစားသမားတွေ လာရောက်ကစားလိုတဲ့ အိပ်မက်အသင်း ဖြစ်နေဆဲပါပဲ။ ဒါကြောင့်လည်း ထိပ်တန်းတွေက သူတို့ရဲ့ အေးဂျန့်တွေကနေ မန်ယူကို ပြောင်းခွင့်ရဖို့ စကားပြောနေကြတယ်လို့ သိရပါတယ်။

ကမ္ဘာအနှံ့ အားပေးသူ ပရိသတ်အများအပြားနဲ့ မန်ယူရဲ့ ပုံရိပ်ဟာ ကစားသမားတွေကို ဆွဲဆောင်မှု ဖြစ်နေသေးပြီး ဒီအချက်ကြောင့် နွေမှာ ကစားသမားဟောင်းတွေ ကလပ်ကနေ ထွက်ခွာသွားခဲ့ရင်တောင် မန်ယူက ကြီးကြီးမားမား ထိခိုက်မှုကြီးတွေ ဖြစ်မလာနိုင်ဘူးလို့ ယူဆရတယ်။

မန်ယူဟာ ရာသီအကုန် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှူံးမယ်ဆိုရင် အဓိက ကစားသမား အများအပြားကို လက်လွတ်ရမှာဖြစ်ပြီး ကလပ်ဘက်ကတော့ ဆိုးရှားကို အသင်းကို ပြန်လည်တည်ဆောက်ခွင့်အတွက် အသုံးစရိတ်ကြီးတွေ ချပေးသွားမှာပါ။

ဘောလုံးရာသီ ယှဉ်ပြိုင်ဆဲဖြစ်သလို အပြောင်းအရွှေ့ မဖွင့်လှစ်သေးတာကြောင့် လုပ်ရှားမှုတွေ ရပ်တန့်နေပေမယ့် နွေမှာတော့ ကြီးမားတဲ့ ကိစ္စကြီးတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့သည်အတွက်လည်း စိတ်လှုပ်ရှားစရာ ထိပ်တန်းတွေနဲ့ ကလပ်အသင်းကြားမှာ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

မန်နေဂျာက ” လာမယ့်ရာသီ ချန်ပီယံလိဂ် မဝင်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် အပြောင်းအရွှေ့မှာ ကလပ်ရဲ့ အစိတ်အပိုင်းဖြစ်ဖို့ ကစားသမားတွေရဲ့ အေးဂျန့်တွေက ကလပ်အသင်းနဲ့ ဘယ်လောက်တောင် စကားပြောပေးနေလည်းဆိုတာ ခင်ဗျားတို့သိရင် အံ့သြကုန်ကြမှာပါပဲ။

ကလပ်ရဲ့ အင်အားတောင့်တင်းမှုနဲ့ အလားအလာကို သူတို့သိကြပါတယ်။ လောလောဆယ် ရုန်းကန်နေရပေမယ့် ကလပ်အသင်းက ဆုဖလားတွေ စိန်ခေါ်မှုနဲ့အတူ နေ့ကောင်းတွေကို ပြန်ရလာမယ် ဆိုတာလည်း သူတို့သိတယ်။

အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရချင်မှ ရပါလိမ့်မယ်။ ဒါပေမယ့် ကစားသမားတွေက ဒီလို လာချင်နေပါတယ်။ အသင်းကို လာဖို့ မေးထားကြတဲ့ နာမည်ကြီး ကစားသမားတွေ စာရင်းကိုသိရင် အားလုံး သိပ်အံ့သြသွားနိုင်ပါတယ် ” လို့ ထုတ်ဖော်ပြောဆိုပါတယ်။