လီဗာပူးမှာမွေးဖွားခဲ့ပြီး အသင်းပရိသတ်တွေက ‘God’ ရယ်လို့ နာမည်ပြောင်ပေးခဲ့ရတဲ့ အထင်ကရ တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာက လက်ရှိမှာ သြစတြေးလျကလပ်တစ်သင်းကို ကိုင်တွယ်နေသူပါ။

ဖော်လာဟာ လီဗာပူးသမိုင်းမှာ သွင်းဂိုးအများဆုံး တိုက်စစ်သမားများစာရင်းရဲ့ နံပါတ် ၆ နေရာမှာ ရပ်တည်နေပြီး မာနေးမတိုင်ခင်က ပရီးမီးယားလိဂ်မှာ အမြန်ဆုံး hat-trick ရှင်လည်းဖြစ်တယ်။ ၁၉၉၄ ခုနှစ်မှာ အာဆင်နယ်ခံစစ်ကို ၄ မိနစ် ၃၃ စက္ကန့်နဲ့ ၃ ဂိုးသွင်းယူမှုဟာ မာနေးမတိုင်ခင်မှာ အမြန်ဆုံးသော hat-trick မှတ်တမ်းအဖြစ် နှစ်အတော်ကြာအောင် ရပ်တည်ခဲ့ပါတယ်။

မနှစ်က နွေမှာတော့ အေ-လိဂ်ကလပ် Brisbane Roar ကို မန်နေဂျာအဖြစ် စတင် ကိုင်တွယ်ခဲ့ပြီး အသက် ၄၄ နှစ်အရွယ် လီဗာပူးသားဟောင်းကြီးက တစ်ရက်မှာ ပရီးမီးယားလိဂ်ကို မန်နေဂျာအဖြစ် ပြန်လာနိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ ဒီအတွက်လည်း သူက လီဗာပူးမြို့သား အဲဗာတန်ကွင်းလယ်လူဟောင်း တိုနီဂရန့်နဲ့အတူ ကြိုးစားလို့ နေပါတယ်။

ဖောင်လာကပဲ ” ပရီးမီးယားလိဂ်ကို ပြန်လာပြီး နည်းပြလိုပါတယ်။ ကျနော်ရဲ့ ပရီးမီးယားလိဂ်အသင်းအတွက် အစိတ်အပိုင်း တစ်ရပ်အဖြစ် တိုနီကိုလည်း ခေါ်ပြီး ကိုင်တွယ်လိုတယ်။ ဒီထက်ပိုပြီး ကြီးမားတဲ့ ကိစ္စကို မတွေးထားပါဘူး။

ပရီးမီးယားလိဂ်ကို ရောက်လာရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော်မှာ ပြင်းပြတဲ့ ရည်မှန်းချက်တွေ ပိုင်ဆိုင်ထားတယ်။ အဲ့သည်ကို ပြန်ရောက်နိုင်ဖို့ ကျနော် လုပ်နိုင်တဲ့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပါတယ်။ အဲ့တာအတွက် ဒီနေရာမှာ စတင်နေတယ်။ တကယ်ကို လုပ်နေတာပါ။ ဒီရဲ့ အပြင်ဘက်မှာ ကြီးမားတဲ့ ကမ္ဘာကြီးနဲ့ အခွင့်အရေးကြီးတွေ ရှိနေတယ်ဆိုတာ ကျနော် သိပါတယ်။ အဲ့အခွင့်အရေးတွေကို အရယူသွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဖောင်လာရဲ့ ရည်မှန်းချက်ကတော့ တစ်ရက်မှာ သူ့ရဲ့ မွေးရပ်ဇာတိ ကလပ်ဖြစ်တဲ့ လီဗာပူးကို ကိုင်တွယ်ခွင့်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ စတီဗင်ဂျရတ်ရဲ့ စီနီယာလည်းဖြစ်ခဲ့တဲ့ ဖောင်လာဟာ အနာဂတ်မှာ အန်ဖီးကို ပြန်လာဖို့ကို ပိုမို အလိုရှိပေမယ့် ယာဂင်ကလော့ပ်က အမြဲတမ်း ဆက်ရှိနေဖို့ကိုလည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။

” ကျနော် လီဗာပူးကိုပဲ ဦးစားပေး ကိုင်တွယ်လိုတာပါ။ ဒါပေမယ့်လို့ အသင်းမှာ ယာဂင်ကိုလည်း ရာသက်ပန် ရှိနေစေချင်ပါတယ်။ သူက သိပ်ထူးချွန်တဲ့ မန်နေဂျာပါ ” လို့ ဖောင်လာက ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမွာေမြးဖြားခဲ့ျပီး အသင္းပရိသတ္ေတြက ‘God’ ရယ္လို႔ နာမည္ေျပာင္ေပးခဲ့ရတဲ့ အထင္ကရ တိုက္စစ္မွဴးေဟာင္း ေရာ္ဘီေဖာင္လာက လက္ရွိမွာ ၾသစေၾတးလ်ကလပ္တစ္သင္းကို ကိုင္တြယ္ေနသူပါ။

ေဖာ္လာဟာ လီဗာပူးသမိုင္းမွာ သြင္းဂိုးအမ်ားဆံုး တိုက္စစ္သမားမ်ားစာရင္းရဲ႕ နံပါတ္ ၆ ေနရာမွာ ရပ္တည္ေနျပီး မာေနးမတိုင္ခင္က ပရီးမီးယားလိဂ္မွာ အျမန္ဆံုး hat-trick ရွင္လည္းျဖစ္တယ္။ ၁၉၉၄ ခုႏွစ္မွာ အာဆင္နယ္ခံစစ္ကို ၄ မိနစ္ ၃၃ စကၠန္႔နဲ႔ ၃ ဂိုးသြင္းယူမႈဟာ မာေနးမတိုင္ခင္မွာ အျမန္ဆံုးေသာ hat-trick မွတ္တမ္းအျဖစ္ ႏွစ္အေတာ္ၾကာေအာင္ ရပ္တည္ခဲ့ပါတယ္။

မႏွစ္က ေႏြမွာေတာ့ ေအ-လိဂ္ကလပ္ Brisbane Roar ကို မန္ေနဂ်ာအျဖစ္ စတင္ ကိုင္တြယ္ခဲ့ျပီး အသက္ ၄၄ ႏွစ္အရြယ္ လီဗာပူးသားေဟာင္းၾကီးက တစ္ရက္မွာ ပရီးမီးယားလိဂ္ကို မန္ေနဂ်ာအျဖစ္ ျပန္လာႏုိင္ဖို႔ ရည္ရြယ္ေနတာျဖစ္ပါတယ္။ ဒီအတြက္လည္း သူက လီဗာပူးျမိဳ႕သား အဲဗာတန္ကြင္းလယ္လူေဟာင္း တိုနီဂရန္႔နဲ႔အတူ ၾကိဳးစားလို႔ ေနပါတယ္။

ေဖာင္လာကပဲ ” ပရီးမီးယားလိဂ္ကို ျပန္လာျပီး နည္းျပလိုပါတယ္။ က်ေနာ္ရဲ႕ ပရီးမီးယားလိဂ္အသင္းအတြက္ အစိတ္အပိုင္း တစ္ရပ္အျဖစ္ တိုနီကိုလည္း ေခၚျပီး ကိုင္တြယ္လိုတယ္။ ဒီထက္ပိုျပီး ၾကီးမားတဲ့ ကိစၥကို မေတြးထားပါဘူး။

ပရီးမီးယားလိဂ္ကို ေရာက္လာရမယ္ဆိုတဲ့ ယံုၾကည္ခ်က္နဲ႔ က်ေနာ္မွာ ျပင္းျပတဲ့ ရည္မွန္းခ်က္ေတြ ပိုင္ဆိုင္ထားတယ္။ အဲ့သည္ကို ျပန္ေရာက္ႏုိင္ဖို႔ က်ေနာ္ လုပ္ႏုိင္တ့ဲ အစြမ္းကုန္ ၾကိဳးစားမွာျဖစ္ပါတယ္။ အဲ့တာအတြက္ ဒီေနရာမွာ စတင္ေနတယ္။ တကယ္ကို လုပ္ေနတာပါ။ ဒီရဲ႕ အျပင္ဘက္မွာ ၾကီးမားတဲ့ ကမၻာၾကီးနဲ႔ အခြင့္အေရးၾကီးေတြ ရွိေနတယ္ဆိုတာ က်ေနာ္ သိပါတယ္။ အဲ့အခြင့္အေရးေတြကို အရယူသြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေဖာင္လာရဲ႕ ရည္မွန္းခ်က္ကေတာ့ တစ္ရက္မွာ သူ႔ရဲ႕ ေမြးရပ္ဇာတိ ကလပ္ျဖစ္တဲ့ လီဗာပူးကို ကိုင္တြယ္ခြင့္ဆိုတာ သံသယရွိစရာ မလိုပါဘူး။ စတီဗင္ဂ်ရတ္ရဲ႕ စီနီယာလည္းျဖစ္ခဲ့တဲ့ ေဖာင္လာဟာ အနာဂတ္မွာ အန္ဖီးကို ျပန္လာဖို႔ကို ပိုမို အလိုရွိေပမယ့္ ယာဂင္ကေလာ့ပ္က အျမဲတမ္း ဆက္ရွိေနဖို႔ကိုလည္း ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။

” က်ေနာ္ လီဗာပူးကိုပဲ ဦးစားေပး ကိုင္တြယ္လိုတာပါ။ ဒါေပမယ့္လို႔ အသင္းမွာ ယာဂင္ကိုလည္း ရာသက္ပန္ ရွိေနေစခ်င္ပါတယ္။ သူက သိပ္ထူးခၽြန္တဲ့ မန္ေနဂ်ာပါ ” လို႔ ေဖာင္လာက ဆိုခဲ့ေသးတာျဖစ္ပါတယ္။