ဟာဇက်ရဲ့ အေးဂျင့်ဖြစ်သူဟာ နွေမှာ တိုက်စစ်သမားကို ရီးရဲလ်မက်ဒရစ်ထံ ခေါ်ထုတ်ပေးနိုင်ဖို့ ကြိုးစားမှုတွေ စတင်လာပြီး မနှစ်က သဘောတူညီမှုကို စတင် အသုံးချလာတယ်လို့ သတင်းထွက်လာပါတယ်။

မနှစ်တုန်းက ဟာဇက်ဟာ ချယ်ဆီးကနေ ထွက်ခွာလိုခဲ့ပြီး အသင်းဘက်ကတော့ တစ်ရာသီ ထပ်ကစားပေးဖို့နဲ့ ပြီးမှ လာလီဂါကို ပြောင်းဖို့ သဘောတူညီမှု ယူထားခဲ့တာလို့လည်း ဆိုလာကြတယ်။ ချယ်ဆီးဟာ ရီးရဲလ်ဘက်က ကမ်းလှမ်းထားတဲ့ ပေါင် ၆၇.၉ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။

ရီးရဲလ်ဘက်ကတော့ ဟာဇက်ရဲ့ ပြောင်းရွှေ့ကြေးကို လန်ဒန်ကလပ် အလိုအတိုင်း ပေးချေလိုစိတ် မရှိပဲ ပေါင် သန်း ၉၀ အထိပဲ အမြင့်ဆုံး ပေးလိုတာဖြစ်တယ်။ ဒီရာသီကုန်ရင် ချယ်ဆီးနဲ့ ဟာဇက်ကြား စာချုပ်ဟာ တစ်ရာသီပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ဒီရာသီ ချယ်ဆီးအသင်းရဲ့ နောက်ဆုံးသော ရာသီသိမ်းပွဲအဖြစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို အိမ်ကွင်း စတမ်းဖိုဒ့်ဘရစ်ခ်ျမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဟာဇက်ရဲ့ အဆုံးအဖြတ်တွေကို အဲ့သည့်နေ့မှာ ကြားရမလားက မသေချာသေးပါဘူး။

ချယ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့က သေချာနေပြီဖြစ်ပြီး အဆင့်သုံးနေရာနဲ့ အဆင့်လေးနေရာအတွက် စပါးနဲ့အတူ ယှဉ်ပြိုင်ရမှာပါ။ ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေပြီဖြစ်ပြီး ကြားရက် စတမ်းဖိုဒ့်ဘရစ်မှာပဲ ဖရန့်ဖတ်နဲ့ ဒုတိယအကျော့ပွဲ ကစားရမှာဖြစ်ကာ အနိုင်ရရင် ဗိုလ်လုပွဲအဖြစ် အာဆင်နယ်နဲ့ ဗလန်စီယာတို့အတွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။