လီဗာပူးနဲ့ မန်စီးတီးတို့ဟာ လာမယ့် ရာသီမှာလည်း ပရီးမီးယားလိဂ်ကို အပြိုင် စိန်ခေါ်ဦးမှာ ဖြစ်ပေမယ့် လီဗာပူးက ထင်သလောက် လိုအပ်ချက် မများလှပါဘူးလို့ အိုဝင်က ပြောပါတယ်။

အပြောင်းအရွှေ့ထဲကို မန်စီးတီးက ဝင်လှုပ်ရှားဖို့ ကြိုးစားနေပြီး ဗဟိုခံစစ်မှူးနဲ့ ကွင်းလယ်လူနေရာအတွက် ခေါ်ယူမှုတွေ လုပ်ဆောင်နိုင်တာပါ။ လီဗာပူူးကတော့ လက်ရှိ လူစာရင်းကိုပဲ ဆက်လက် ထိန်းသိမ်းပြီး ကစားသမား ခေါ်ယူမှုအတွက် လုပ်ဆောင်မှု နည်းပါးလိမ့်မယ်လို့ သိထားရတာဖြစ်တယ်။

အိုဝင်က နှစ်သင်းရဲ့ လက်ရှိ အခြေအနေကို ချိန်ထိုးကြည့်မယ်ဆိုရင် မန်စီးတီးက လီဗာပူးထက် အားနည်းချက် များနေပြီး ချန်ပီယံအသင်းက ကစားသမားသစ် ခေါ်ယူလို့လည်း ပွဲထွက်လူစာရင်းမှာ ချက်ခြင်း နေရာပေးစရာ မရှိဘူးလို့ ပြောပါတယ်။

‘ လီဗာပူးရဲ့ အခြေအနေကို ကြည့်လိုက်။ သူတို့မှာ ဘောလုံးကစားနိုင်သေးပြီး အဝတ်လဲခန်းအတွက် အင်အားဖြစ်စေသလို အရန်ခုံကနေ ထလာနိုင်မယ့် မီလ်နာလို ပြည့်စုံတဲ့ ကစားသမားကို ပိုင်ထားတယ်။ အဓိက အချက်က သူတို့ လူစာရင်းက မှန်ကန်တဲ့ အသက်အရွယ်မှာ ရှိနေသေးပြီး ထိပ်တန်းအဆင့်တွေမှာ နှစ်အနည်းငယ် အတူတကွ ကစားနိုင်ဦးမှာဖြစ်တယ်။

မန်စီးတီးကို ကြည့်မယ်ဆိုရင် ဖာနန်ဒင်ဟိုက အသက်ရနေပြီဖြစ်ပြီး အစွန်သမားတွေက အားနည်းနေတာကြောင့် အဲ့နေရာတွေမှာ တိုးတက်ဖို့ လိုနေမှာဖြစ်တယ်။ လီဗာပူးမှာဆိုရင် အဲ့လို ပြောစရာ မရှိဘူးလေ။ ကျနော်က အခြေခံ အချက်တွေ အားလုံးကို သေသေချာချာ နှိုင်းယှဉ် ပြောနေတာမျိုးတော့ မဟုတ်ဘူးပေါ့။

တိုက်စစ်သမားတွေအတွက်နဲ့ ဘယ်အစွန်အတွက် လီဗာပူးက အင်အားဖြည့်စရာ လိုကောင်းလိုပါမယ်။ ဒါပေမယ့် ဘယ်သူကမှ အဲ့ကစားသမားတွေကို ခေါ်ယူပြီးရင်လည်း လီဗာပူးအသင်း ပွဲထွက်လူစာရင်းထဲ တိုက်ရိုက် ကစားခွင့်ရမယ်လို့ မပြောနိုင်ပါဘူး ’ လို့ အိုဝင်က ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီးတို႔ဟာ လာမယ့္ ရာသီမွာလည္း ပရီးမီးယားလိဂ္ကို အျပိဳင္ စိန္ေခၚဦးမွာ ျဖစ္ေပမယ့္ လီဗာပူးက ထင္သေလာက္ လိုအပ္ခ်က္ မမ်ားလွပါဘူးလို႔ အိုဝင္က ေျပာပါတယ္။

အေျပာင္းအေရႊ႔ထဲကို မန္စီးတီးက ဝင္လႈပ္ရွားဖို႔ ၾကိဳးစားေနျပီး ဗဟိုခံစစ္မွဴးနဲ႔ ကြင္းလယ္လူေနရာအတြက္ ေခၚယူမႈေတြ လုပ္ေဆာင္ႏုိင္တာပါ။ လီဗာပူူးကေတာ့ လက္ရွိ လူစာရင္းကိုပဲ ဆက္လက္ ထိန္းသိမ္းျပီး ကစားသမား ေခၚယူမႈအတြက္ လုပ္ေဆာင္မႈ နည္းပါးလိမ့္မယ္လို႔ သိထားရတာျဖစ္တယ္။

အိုဝင္က ႏွစ္သင္းရဲ႕ လက္ရွိ အေျခအေနကို ခ်ိန္ထိုးၾကည့္မယ္ဆိုရင္ မန္စီးတီးက လီဗာပူးထက္ အားနည္းခ်က္ မ်ားေနျပီး ခ်န္ပီယံအသင္းက ကစားသမားသစ္ ေခၚယူလို႔လည္း ပြဲထြက္လူစာရင္းမွာ ခ်က္ျခင္း ေနရာေပးစရာ မရွိဘူးလို႔ ေျပာပါတယ္။

‘ လီဗာပူးရဲ႕ အေျခအေနကို ၾကည့္လိုက္။ သူတို႔မွာ ေဘာလံုးကစားႏုိင္ေသးျပီး အဝတ္လဲခန္းအတြက္ အင္အားျဖစ္ေစသလို အရန္ခံုကေန ထလာႏုိင္မယ့္ မီလ္နာလို ျပည့္စံုတဲ့ ကစားသမားကို ပိုင္ထားတယ္။ အဓိက အခ်က္က သူတို႔ လူစာရင္းက မွန္ကန္တဲ့ အသက္အရြယ္မွာ ရွိေနေသးျပီး ထိပ္တန္းအဆင့္ေတြမွာ ႏွစ္အနည္းငယ္ အတူတကြ ကစားႏုိင္ဦးမွာျဖစ္တယ္။

မန္စီးတီးကို ၾကည့္မယ္ဆိုရင္ ဖာနန္ဒင္ဟိုက အသက္ရေနျပီျဖစ္ျပီး အစြန္သမားေတြက အားနည္းေနတာေၾကာင့္ အဲ့ေနရာေတြမွာ တိုးတက္ဖို႔ လိုေနမွာျဖစ္တယ္။ လီဗာပူးမွာဆိုရင္ အဲ့လို ေျပာစရာ မရွိဘူးေလ။ က်ေနာ္က အေျခခံ အခ်က္ေတြ အားလံုးကို ေသေသခ်ာခ်ာ ႏိႈင္းယွဥ္ ေျပာေနတာမ်ိဳးေတာ့ မဟုတ္ဘူးေပါ့။

တိုက္စစ္သမားေတြအတြက္နဲ႔ ဘယ္အစြန္အတြက္ လီဗာပူးက အင္အားျဖည့္စရာ လိုေကာင္းလိုပါမယ္။ ဒါေပမယ့္ ဘယ္သူကမွ အဲ့ကစားသမားေတြကို ေခၚယူျပီးရင္လည္း လီဗာပူးအသင္း ပြဲထြက္လူစာရင္းထဲ တိုက္ရိုက္ ကစားခြင့္ရမယ္လို႔ မေျပာႏုိင္ပါဘူး ’ လို႔ အိုဝင္က ဆိုသြားတာ ျဖစ္ပါတယ္။