နှစ်စဉ် ပြုလုပ်နေတဲ့ မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှ ဆုရရှိခဲ့ကြတဲ့ အသင်းသားများနဲ့ ဆုတံဆိပ်တွေကို ဖောပြလိုက်ပါတယ်။

ဆာမတ် ဘတ်စ်ဘီ (Sir Matt Busby Player of the Year) တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုတော့ လုရှောက ရခဲ့ပါတယ်။

အသင်းဖော်အချင်းချင်းမဲပေးရွေးချယ်သည့် (Player’s Player of the Season) တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ကိုလည်း လုရှောက ရခဲ့ပါတယ်။

တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆု (Goal of the Season) ကိုတော့ ဆောက်သမ်တန်နှင့်ပွဲမှ ပါရဲရာရဲ့ ဧရိယာထိပ် ကန်သွင်းခဲ့တဲ့ဂိုးကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။

ဂျင်မီ မာဖီ အကောင်းဆုံးလူငယ်ဆု (Jimmy Murphy Young Player of the Year) ကိုတော့ လူငယ်ကစားသမားလေး မေဆန်ဂရင်းဝုဒ် ရရှိခဲ့ပါတယ်။

အရံအသင်းအကောင်းဆုံးကစားသမားဆု (Denzil Haroun Reserve Team Player of the Year) ကိုတော့ အရန်အသင်းမှ လူုငယ်လေး တာဟစ်ချောင်က ရရှိခဲ့ပါတယ်။

အမျိုးသမီးအသင်း တစ်နှစ်တာအကောင်းဆုံးဆု (Women’s Player of the Year) ကိုတော့ ကေတီဇီလမ်က ရရှိသွားတာဖြစ်ပါတယ်။