ပရီးမီးယားလိဂ် လက်ကျန် ၆ ပွဲမှာ လူငယ်တွေကို နေရာပေးဖို့က ပြောသလို လွယ်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ကလော့ပ်က ထုတ်ပြောသွားပါတယ်။

ကလော့ပ်က ” လူငယ်တွေက ကစားခွင့်ရဖို့ အရမ်း နီးစပ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲတွေကို ပျော်ဖို့သက်သက်ပဲ သူတို့ကို ပွဲထွက်ခွင့် မပေးနိုင်ပါဘူး။ ပွဲတွေကို ကျနေ်ာတို့ နိုင်ချင်တယ်။ အကောင်းဆုံးကစားသမားတွေ ကွင်းထဲမှာ ရှိပြီး အနိုင်ရတာမျိုးကို လိုချင်တယ်။ ” လို့ ရှင်းပြပါတယ်။

အီလီယော့၊ နီကိုး၊ ကာတစ်ဂျုံးတို့ ပွဲထွက်ခွင့်ရမယ်လို့ သိထားရပေမယ့် သူတို့ကို ပွဲထွက်လူစာရင်းမှာ မထည့်သေးတာကို ပရိသတ်တွေက အားမရပါဘူး။ ကလော့ပ်ကတော့ လေ့ကျင့်ရေးမှာ ခြေစွမ်းကောင်းလို့ လူငယ်တွေကို ထည့်သုံးတာပဲ လုပ်လိုတယ်လို့ ပြောပါတယ်။

” ဒီအကောင်းဆုံး ကစားသမားတွေထဲ လူငယ်တွေ ပါနိုင်ရင် သူတို့ ကွင်းထဲကို ခြေချခွင့် ရပါမယ်။ သူတို့က သိပ်နီးစပ်နေပါတယ်။ တကယ်လည်း ကောင်းပြီး အသင်းရဲ့ အနာဂတ်တွေပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ သူတို့ကစားတာကို မြင်လိုပေမယ့် သူတို့ အခုချိန်မှာ ကစားခွင့် ရဦးမှာ မဟုတ်ပါဘူး။

ခရစ္စမတ် လက်ဆောင်ပေးသလို ပရီးမီးယားလိဂ်ပွဲတွေ မင်းတို့ ကစားကွာဆိုပြီး သူတို့ကို ပွဲထွက်ခွင့်တွေ ပေးလိုက်လို့ မပါဘူး ” လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။

မန်စီးတီးကို အရေးနိမ့်ခဲ့တာကြောင့် ဗြိတိန်မီဒီယာတွေက လီဗာပူးက လက်ကျန်ပွဲတွေကို ခပ်ပေါ့ပေါ့ပဲ ကစားတော့မလား မေးခွန်းထုတ်ခဲ့တာပါ။ ဒါကြောင့် အက်စတွန်ဗီလာနဲ့ပွဲကို လီဗာပူးက အလေးအနက်ထား ယှဉ်ပြိုင်ဖွယ်ရှိတယ်။ ဗီလာက တန်းဆင်းဇုန် အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

ကလော့ပ်က ” ပြိုင်ပွဲမှာ ကျနေ်ာတို့ အလေးအနက်ထား ကစားရပါမယ်။ အက်စတွန်ဗီလာ ပရီးမီးယားလိဂ်မှာ ကျန်ခဲ့ရမယ်၊ ဘရိုက်တန် ကျန်ခဲ့ရမယ်ဆိုပြီး မဟုတ်ပါဘူး။ လေးစားမှုဆိုတာထက် ကျနော်တို့ လုပ်ရမယ့် အလုပ်ကို လုပ်ရပါမယ်။ ကောင်လေးတွေက ကောင်းပါတယ်။ ချိုချဉ်ပေးသလိုတော့ သူတို့ကို ပွဲထွက်ခွင့်တွေ ပေးလို့မရပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ လက္က်န္ ၆ ပြဲမွာ လူငယ္ေတြကို ေနရာေပးဖို႔က ေျပာသလို လြယ္တဲ့ ကိစၥ မဟုတ္ဘူးလို႔ ကေလာ့ပ္က ထုတ္ေျပာသြားပါတယ္။

ကေလာ့ပ္က ” လူငယ္ေတြက ကစားခြင့္ရဖို႔ အရမ္း နီးစပ္ပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္ပြဲေတြကို ေပ်ာ္ဖို႔သက္သက္ပဲ သူတို႔ကို ပြဲထြက္ခြင့္ မေပးႏုိင္ပါဘူး။ ပြဲေတြကို က်ေန္ာတို႔ ႏုိင္ခ်င္တယ္။ အေကာင္းဆံုးကစားသမားေတြ ကြင္းထဲမွာ ရွိျပီး အႏုိင္ရတာမ်ိဳးကို လိုခ်င္တယ္။ ” လို႔ ရွင္းျပပါတယ္။

အီလီေယာ့၊ နီကိုး၊ ကာတစ္ဂ်ံဳးတို႔ ပြဲထြက္ခြင့္ရမယ္လို႔ သိထားရေပမယ့္ သူတို႔ကို ပြဲထြက္လူစာရင္းမွာ မထည့္ေသးတာကို ပရိသတ္ေတြက အားမရပါဘူး။ ကေလာ့ပ္ကေတာ့ ေလ့က်င့္ေရးမွာ ေျခစြမ္းေကာင္းလို႔ လူငယ္ေတြကို ထည့္သံုးတာပဲ လုပ္လိုတယ္လို႔ ေျပာပါတယ္။

” ဒီအေကာင္းဆံုး ကစားသမားေတြထဲ လူငယ္ေတြ ပါႏုိင္ရင္ သူတို႔ ကြင္းထဲကို ေျခခ်ခြင့္ ရပါမယ္။ သူတို႔က သိပ္နီးစပ္ေနပါတယ္။ တကယ္လည္း ေကာင္းျပီး အသင္းရဲ႕ အနာဂတ္ေတြပါ။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ သူတို႔ကစားတာကို ျမင္လိုေပမယ့္ သူတို႔ အခုခ်ိန္မွာ ကစားခြင့္ ရဦးမွာ မဟုတ္ပါဘူး။

ခရစၥမတ္ လက္ေဆာင္ေပးသလို ပရီးမီးယားလိဂ္ပြဲေတြ မင္းတို႔ ကစားကြာဆိုျပီး သူတို႔ကို ပြဲထြက္ခြင့္ေတြ ေပးလိုက္လို႔ မပါဘူး ” လို႔ ကေလာ့ပ္က ရွင္းျပခဲ့ပါတယ္။

မန္စီးတီးကို အေရးနိမ့္ခဲ့တာေၾကာင့္ ျဗိတိန္မီဒီယာေတြက လီဗာပူးက လက္က်န္ပြဲေတြကို ခပ္ေပါ့ေပါ့ပဲ ကစားေတာ့မလား ေမးခြန္းထုတ္ခဲ့တာပါ။ ဒါေၾကာင့္ အက္စတြန္ဗီလာနဲ႔ပြဲကို လီဗာပူးက အေလးအနက္ထား ယွဥ္ျပိဳင္ဖြယ္ရွိတယ္။ ဗီလာက တန္းဆင္းဇုန္ အေနအထားမွာ ရွိေနတာ ျဖစ္ပါတယ္။

ကေလာ့ပ္က ” ျပိဳင္ပြဲမွာ က်ေန္ာတို႔ အေလးအနက္ထား ကစားရပါမယ္။ အက္စတြန္ဗီလာ ပရီးမီးယားလိဂ္မွာ က်န္ခဲ့ရမယ္၊ ဘရိုက္တန္ က်န္ခဲ့ရမယ္ဆိုျပီး မဟုတ္ပါဘူး။ ေလးစားမႈဆိုတာထက္ က်ေနာ္တုိ႔ လုပ္ရမယ့္ အလုပ္ကို လုပ္ရပါမယ္။ ေကာင္ေလးေတြက ေကာင္းပါတယ္။ ခ်ိဳခ်ဥ္ေပးသလိုေတာ့ သူတို႔ကို ပြဲထြက္ခြင့္ေတြ ေပးလို႔မရပါဘူး ” ဆိုျပီး ေျပာဆိုသြားခဲ့ပါတယ္။