ကာရာဘောင်းပွဲကြိုမှာ ယာဂင်ကလော့ပ် ကိုယ်စား မီဒီယာတွေ့ဆုံမှု လုပ်ပေးခဲ့တဲ့ လက်ထောက်နည်းပြ ပပ်လင်ဒါးက သီယာဂို အယ်ကန်တာရာနဲ့ ဒီယေဂို ဂျိုတာတို့အကြောင်းကို ထုတ်ပြောခဲ့တယ်။

လီဗာပူးအသင်းက သူတို့ကို ဘာလို့ ခေါ်ယူခဲ့သလဲ? အသင်း ကစားကွက်မှာ သူတို့ အံ့ဝင်နိုင်မလား? ဆိုတာတွေအတွက် ပပ်က ဖွင့်ပြောခဲ့ပါတယ်။

ပပ်လင်ဒါးက “ ပထမဆုံးအနေနဲ့ သီယာဂိုအကြောင်း ပြောပရစေ။ အသင်းကောင်းတွေက ကစားသမားကောင်းတွေ လိုအပ်ပါတယ်။ သူ့ကို ပိုင်ဆိုင်ခဲ့တာအတွက်လည်း တကယ်ကို ပျော်ပါတယ်။

လီဗာပူးအသင်းအတွက်က သူ့လို ကစားသမားကို ရဖို့လည်း ထိုက်တန်ပါတယ်။ သူက ကျနေ်ာတို့ကို ဆက်ပြီး တိုးတက်လာဖို့ ကူညီပေးမှာပါ။ အရေးပါဆုံး အချက်ကတော့ ကျနေ်ာတို့ အသင်းက ကြိုတင် မှန်းဆဖို့ မလွယ်ကူတဲ့ အသင်းအဖြစ် ဆက်ရှိနေပါတယ်။ ကြိုတင်ခန့်မှန်းလို့ မရဘူးဆိုတာက နေရာတိုင်းကို ဆိုလိုတာပါ။ ကျနေ်ာတို့ ဆန္ဒရှိတဲ့အတိုင်း ပွဲတွေကို ကစားနိုင်တယ်။ အဲ့အတွက်လည်း သီယာဂိုက ကူညီပေးမှာပါ။

သူက ကောင်းမွန်တဲ့ လက်မှတ်ထိုးမှုပါ။ ကျနေ်ာတို့ ပြဿနာတစ်ခုထက် ဖြေရှင်းနည်းတစ်ခုကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျိုတာရဲ့ နည်းစနစ်ပိုင်းက အဓိက တိုက်စစ်သမား သုံးဦးနေရာ အစားဝင်နိုင်လောက်တဲ့ထိ ကြွယ်ဝမှုရှိပါတယ်။ သူက ကလပ်ရဲ့ အရေးကြီး ကစားသမား ဖြစ်လာမှာပါ။ သူက ဖိအားပေးမှုမှာ မွန်းစတား တစ်ဦးပါ။ ဒီတော့ အသင်းနဲ့ အံဝင်ပါလိမ့်မယ်။

သူ အတော်လေး ငယ်ရွယ်တဲ့ ကစားသမားဘဝကတည်းက ကျနော် သူ့ကို သိပါတယ်။ သူက ပေါ်တိုက လာတဲ့သူပါ။ ပေါ်တူဂီမှာတော့ အားလုံးက လီဗာပူးက သိပ်ကောင်းတဲ့ ခေါ်ယူမှုကို လုပ်နိုင်ခဲ့တယ်လို့ ပြောနေကြတယ်။ ဘာလို့လည်းဆိုတော့ ဂျိုတာက ဘယ်လို အလားအလာရှိတယ်ဆိုတာကို အားလုံး သိပါတယ်။

ပြောခဲ့သလိုပဲ သူက ဖိအားပေးမှုမှာ မွန်းစတားပါ။ ကျနေ်ာတို့ရဲ့ ကစားဟန်နဲ့ အံဝင်ပါမယ်။ တစ်ချိန်တည်းမှာပဲ သူက ကျနေ်ာတို့မှာရှိတဲ့ အဓိက တိုက်စစ်သမား သုံးဦးလုံးနဲ့ တူညီတဲ့ နည်းစနစ် အရည်အချင်း ရှိထားတယ်။ သူ့ကို ခေါ်ယူနိုင်ခဲ့တာ ပျော်ပါတယ်။ အားလုံး ကြားထားတဲ့အတိုင်းပဲ သူက သိပ်ကောင်းတဲ့ ကစားသမားပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လင်ဒါးဟာ လီဗာပူးကို ရောက်မလာခင် ပေါ်တိုအသင်းမှာလည်း နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးကာ ဂျိုတာကို ခေါ်ယူဖို့အတွက် အဓိက ထောက်ခံခဲ့သူတွေထဲမှာ ပါဝင်တယ်လို့ သိထားရတာ ဖြစ်ပါတယ်။

ZAWGYI

ကာရာေဘာင္းပြဲၾကိဳမွာ ယာဂင္ကေလာ့ပ္ ကိုယ္စား မီဒီယာေတြ႔ဆံုမႈ လုပ္ေပးခဲ့တဲ့ လက္ေထာက္နည္းျပ ပပ္လင္ဒါးက သီယာဂို အယ္ကန္တာရာနဲ႔ ဒီေယဂို ဂ်ိဳတာတို႔အေၾကာင္းကို ထုတ္ေျပာခဲ့တယ္။

လီဗာပူးအသင္းက သူတို႔ကို ဘာလို႔ ေခၚယူခဲ့သလဲ? အသင္း ကစားကြက္မွာ သူတို႔ အံ့ဝင္ႏုိင္မလား? ဆိုတာေတြအတြက္ ပပ္က ဖြင့္ေျပာခဲ့ပါတယ္။

ပပ္လင္ဒါးက “ ပထမဆံုးအေနနဲ႔ သီယာဂိုအေၾကာင္း ေျပာပရေစ။ အသင္းေကာင္းေတြက ကစားသမားေကာင္းေတြ လိုအပ္ပါတယ္။ သူ႔ကို ပိုင္ဆိုင္ခဲ့တာအတြက္လည္း တကယ္ကို ေပ်ာ္ပါတယ္။

လီဗာပူးအသင္းအတြက္က သူ႔လို ကစားသမားကို ရဖို႔လည္း ထိုက္တန္ပါတယ္။ သူက က်ေန္ာတို႔ကို ဆက္ျပီး တိုးတက္လာဖို႔ ကူညီေပးမွာပါ။ အေရးပါဆံုး အခ်က္ကေတာ့ က်ေန္ာတို႔ အသင္းက ၾကိဳတင္ မွန္းဆဖို႔ မလြယ္ကူတဲ့ အသင္းအျဖစ္ ဆက္ရွိေနပါတယ္။ ၾကိဳတင္ခန္႔မွန္းလို႔ မရဘူးဆိုတာက ေနရာတိုင္းကို ဆိုလိုတာပါ။ က်ေန္ာတို႔ ဆႏၵရွိတဲ့အတိုင္း ပြဲေတြကို ကစားႏုိင္တယ္။ အဲ့အတြက္လည္း သီယာဂိုက ကူညီေပးမွာပါ။

သူက ေကာင္းမြန္တဲ့ လက္မွတ္ထိုးမႈပါ။ က်ေန္ာတို႔ ျပႆနာတစ္ခုထက္ ေျဖရွင္းနည္းတစ္ခုကို ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

ဂ်ိဳတာရဲ႕ နည္းစနစ္ပိုင္းက အဓိက တိုက္စစ္သမား သံုးဦးေနရာ အစားဝင္ႏုိင္ေလာက္တဲ့ထိ ၾကြယ္ဝမႈရွိပါတယ္။ သူက ကလပ္ရဲ႕ အေရးၾကီး ကစားသမား ျဖစ္လာမွာပါ။ သူက ဖိအားေပးမႈမွာ မြန္းစတား တစ္ဦးပါ။ ဒီေတာ့ အသင္းနဲ႔ အံဝင္ပါလိမ့္မယ္။

သူ အေတာ္ေလး ငယ္ရြယ္တဲ့ ကစားသမားဘဝကတည္းက က်ေနာ္ သူ႔ကို သိပါတယ္။ သူက ေပၚတိုက လာတဲ့သူပါ။ ေပၚတူဂီမွာေတာ့ အားလံုးက လီဗာပူးက သိပ္ေကာင္းတဲ့ ေခၚယူမႈကို လုပ္ႏုိင္ခဲ့တယ္လို႔ ေျပာေနၾကတယ္။ ဘာလို႔လည္းဆိုေတာ့ ဂ်ိဳတာက ဘယ္လို အလားအလာရွိတယ္ဆိုတာကို အားလံုး သိပါတယ္။

ေျပာခဲ့သလိုပဲ သူက ဖိအားေပးမႈမွာ မြန္းစတားပါ။ က်ေန္ာတို႔ရဲ႕ ကစားဟန္နဲ႔ အံဝင္ပါမယ္။ တစ္ခ်ိန္တည္းမွာပဲ သူက က်ေန္ာတို႔မွာရွိတဲ့ အဓိက တိုက္စစ္သမား သံုးဦးလံုးနဲ႔ တူညီတဲ့ နည္းစနစ္ အရည္အခ်င္း ရွိထားတယ္။ သူ႔ကို ေခၚယူႏုိင္ခဲ့တာ ေပ်ာ္ပါတယ္။ အားလံုး ၾကားထားတဲ့အတိုင္းပဲ သူက သိပ္ေကာင္းတဲ့ ကစားသမားပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လင္ဒါးဟာ လီဗာပူးကို ေရာက္မလာခင္ ေပၚတိုအသင္းမွာလည္း နည္းျပအျဖစ္ အလုပ္လုပ္ခဲ့ဖူးကာ ဂ်ိဳတာကို ေခၚယူဖို႔အတြက္ အဓိက ေထာက္ခံခဲ့သူေတြထဲမွာ ပါဝင္တယ္လို႔ သိထားရတာ ျဖစ္ပါတယ္။