လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန် အဲဒရစ်က ကမ္ဘာအကောင်းဆုံး ကွင်းလယ်လူတွေ ဖြစ်ခဲ့ကြတဲ့ အလွန်ဆို၊ စတီဗင်ဂျရတ်တို့ရဲ့ ခြေစွမ်းကို မမြင်လိုက်တဲ့ မော်ဒန်ခေတ် လီဗာပူးပရိသတ်တွေအတွက် သီယာဂိုလို ကစားသမားကို မြင်ခွင့်ရလာတာက သိပ်ကောင်းပါတယ်လို့ ထုတ်ပြောပါတယ်။

၂၀၀၅ ချန်ပီယံလိဂ်ဖလား အနိုင်ရ အသင်းသားတွေဖြစ်သလို ပရီးမီးယားလိဂ်မှာ လူလေးစားခံ ကွင်းလယ်အတွဲဖြစ်ခဲ့တဲ့ အလွန်ဆို၊ ဂျရတ်တို့ဟာ နှစ်ဦးတွဲအရကော တစ်ဦးချင်းမှာပါ အတော်လေး ထင်ရှားခဲ့ကြသူတွေပါ။ အလွန်ဆို မရှိချိန်မှာလည်း ဂျရတ်က လိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် နှစ်တိုင်း ခြေစွမ်းပြခဲ့တာဖြစ်တယ်။

၂၀၁၅ နောက်ပိုင်း စတီဗင်ဂျရတ် လီဗာပူးကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းကွင်းလယ်က နည်းစနစ်ပိုင်း ထူးချွန်သူတွေထက် လှုပ်အားနဲ့ စည်းကမ်းကောင်းတဲ့ ကွင်းလယ်လူတွေပဲ နေရာရလာခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာတော့ သီယာဂိုကို မြင်တွေ့ခွင့် ရလာနေပါပြီ။

အဲဒရစ်က ” ဂူဒီဆန်မှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့တဲ့ သီယာဂိုက ရစ်ချာလီဆန်ရဲ့ ရွံရှာဖို့ကောင်းတဲ့ ဖြတ်ထုတ်မှုကို ခံခဲ့ရတယ်။ ကြည့်ရလောက်ကတော့ ရှက်ဖီးပွဲမှာ သီယာဂို ပါဝင်ကစားပေးဖို့ အဆင်ပြေနေမှာပါ။

အတိတ်တုန်းက သူဟာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး ဒီအခြေအနေတွေကို ကျော်ဖြတ်ဖို့ မန်နေဂျာက သူ့ကို အချိန်ပေးထားခဲ့တယ်။ သီယာဂိုရဲ့ ကစားတာကို မြင်ရဖို့ ကျနော်က ပျော်ပျော်ကြီး ထိုင်ပြီး အားပေးနေမှာပါ။ သူက စောင့်ကြည့်ဖို့ကောင်းသလို ဘောလုံးကို အနုပညာရှင် တစ်ယောက်လို ကစားတာဖြစ်ပါတယ်။

အနီရောင်ဂျာစီကို ဝတ်ဆင်ကစားပြီး သိပ်ကောင်းတဲ့ ပေးပို့သူတွေဖြစ်တဲ့ အလွန်ဆိုနဲ့ စတီဗင် ဂျရတ်တို့ကို မြင်ခဲ့ရတယ်။ ကျနော် လက်ထက်တုန်းက မိုဘီက သိပ်ကောင်းတဲ့ ပေးသူပဲ။ အခုအသင်းမှာတော့ သီယာဂိုပေါ့။ သူ့ထံကို ဘောလုံးရောက်သွားတာကိုပဲ တစ်ချိန်လုံး မြင်ချင်နေတော့တာပဲ။

သူက ကျက်သရေရှိပြီး စောင့်ကြည့်ဖို့ရာ နှစ်သက်ဖို့ကောင်းတဲ့ ကစားသမားပါပဲ။ သူ့ကြောင့် လီဗာပူးပရိသတ်တွေ အများကြီးက အတော်လေး ပျော်ရွှင်ကြရမယ်လို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴးေဟာင္း ဂၽြန္ အဲဒရစ္က ကမၻာအေကာင္းဆံုး ကြင္းလယ္လူေတြ ျဖစ္ခဲ့ၾကတဲ့ အလြန္ဆို၊ စတီဗင္ဂ်ရတ္တို႔ရဲ႕ ေျခစြမ္းကို မျမင္လိုက္တဲ့ ေမာ္ဒန္ေခတ္ လီဗာပူးပရိသတ္ေတြအတြက္ သီယာဂိုလို ကစားသမားကို ျမင္ခြင့္ရလာတာက သိပ္ေကာင္းပါတယ္လို႔ ထုတ္ေျပာပါတယ္။

၂၀၀၅ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရ အသင္းသားေတြျဖစ္သလို ပရီးမီးယားလိဂ္မွာ လူေလးစားခံ ကြင္းလယ္အတြဲျဖစ္ခဲ့တဲ့ အလြန္ဆို၊ ဂ်ရတ္တို႔ဟာ ႏွစ္ဦးတြဲအရေကာ တစ္ဦးခ်င္းမွာပါ အေတာ္ေလး ထင္ရွားခဲ့ၾကသူေတြပါ။ အလြန္ဆို မရွိခ်ိန္မွာလည္း ဂ်ရတ္က လိဂ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္လူအျဖစ္ ႏွစ္တိုင္း ေျခစြမ္းျပခဲ့တာျဖစ္တယ္။

၂၀၁၅ ေနာက္ပိုင္း စတီဗင္ဂ်ရတ္ လီဗာပူးကေန ထြက္ခြာသြားျပီးေနာက္ပိုင္း အသင္းကြင္းလယ္က နည္းစနစ္ပိုင္း ထူးခၽြန္သူေတြထက္ လႈပ္အားနဲ႔ စည္းကမ္းေကာင္းတဲ့ ကြင္းလယ္လူေတြပဲ ေနရာရလာခ့ဲတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ သီယာဂိုကို ျမင္ေတြ႔ခြင့္ ရလာေနပါျပီ။

အဲဒရစ္က ” ဂူဒီဆန္မွာ ထူးခၽြန္တဲ့ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသခဲ့တဲ့ သီယာဂိုက ရစ္ခ်ာလီဆန္ရဲ႕ ရြံရွာဖို႔ေကာင္းတဲ့ ျဖတ္ထုတ္မႈကို ခံခဲ့ရတယ္။ ၾကည့္ရေလာက္ကေတာ့ ရွက္ဖီးပြဲမွာ သီယာဂို ပါဝင္ကစားေပးဖို႔ အဆင္ေျပေနမွာပါ။

အတိတ္တုန္းက သူဟာ ဒဏ္ရာျပႆနာေတြ ရွိခဲ့ျပီး ဒီအေျခအေနေတြကို ေက်ာ္ျဖတ္ဖို႔ မန္ေနဂ်ာက သူ႔ကို အခ်ိန္ေပးထားခဲ့တယ္။ သီယာဂိုရဲ႕ ကစားတာကို ျမင္ရဖို႔ က်ေနာ္က ေပ်ာ္ေပ်ာ္ၾကီး ထိုင္ျပီး အားေပးေနမွာပါ။ သူက ေစာင့္ၾကည့္ဖို႔ေကာင္းသလို ေဘာလံုးကို အႏုပညာရွင္ တစ္ေယာက္လို ကစားတာျဖစ္ပါတယ္။

အနီေရာင္ဂ်ာစီကို ဝတ္ဆင္ကစားျပီး သိပ္ေကာင္းတဲ့ ေပးပို႔သူေတြျဖစ္တဲ့ အလြန္ဆိုနဲ႔ စတီဗင္ ဂ်ရတ္တို႔ကို ျမင္ခဲ့ရတယ္။ က်ေနာ္ လက္ထက္တုန္းက မိုဘီက သိပ္ေကာင္းတဲ့ ေပးသူပဲ။ အခုအသင္းမွာေတာ့ သီယာဂိုေပါ့။ သူ႔ထံကို ေဘာလံုးေရာက္သြားတာကိုပဲ တစ္ခ်ိန္လံုး ျမင္ခ်င္ေနေတာ့တာပဲ။

သူက က်က္သေရရွိျပီး ေစာင့္ၾကည့္ဖို႔ရာ ႏွစ္သက္ဖို႔ေကာင္းတဲ့ ကစားသမားပါပဲ။ သူ႔ေၾကာင့္ လီဗာပူးပရိသတ္ေတြ အမ်ားၾကီးက အေတာ္ေလး ေပ်ာ္ရႊင္ၾကရမယ္လို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။