မနက်က ရှက်ဖီးပွဲအပြီးမှာပဲ လီဗာပူးအသင်းက ဇန်နဝါရီဈေးကွက်မှာ ခံစစ်မှူးသစ် ခေါ်ယူဖို့ စတင်ကာ ကြိုးစားနေပြီဖြစ်ပြီး ဗဟိုခံစစ်မှူး နှစ်ဦးကို ချိတ်ဆက်နေတယ်လို့ သတင်းထွက်လာပါတယ်။

ဗန်ဒိုက်နေရာ အားဖြည့်ဖို့အတွက် ပေါင် သန်း ၄၀ လောက်ကုန်ကျနိုင်တဲ့ လိုက်ဇစ် ခံစစ်မှူး အူပါမီကာနိုနဲ့ ယူရို သန်း ၃၀-၄၀ ကြား ဈေးရှိတဲ့ ရှော်ကေး ခံစစ်မှူး ဂါဘက်တို့ကို ချိတ်ဆက်ခဲ့ခြင်းလို့ သိရတယ်။ ဂါဘက်အတွက် လှုပ်ရှားမှုက ပိုမို အလေးသာကာ ဇန်နဝါရီ မတိုင်ခင်မှာ သဘောတူညီမှုပါ ရယူထားလိုတယ်လို့ သိရတယ်။

ဇန်နဝါရီမှ ခံစစ်မှူးသစ်ရှာရင် ခက်ခဲမယ်ဆိုတာကို လီဗာပူးက နားလည်ထားကာ ဒီရာသီကို အရမ်းကြီး မခက်ခဲစေဖို့ ခံစစ်ပိုင်း အားဖြည့်လိုတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ လီဗာပူးက အမှတ်ပေးပွဲ ၁၀ ပွဲလောက် ကစားရဖို့ ကျန်ရှိနေပြီး အဆိုပါ ကာလတွေအပြီးမှာ ခံစစ်ကို အင်အားဖြည့်ပေးမယ့် ဗဟိုခံစစ်မှူးသစ် ရောက်လာဖို့က ကလပ်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။

လီဗာပူးဘက်က ကြိုးစားမှုတွေက ကနဦး ချိတ်ဆက်မှု အဆင့်တွေမှာပဲ ရှိနေသေးတာကြောင့် ဘယ်ကစားသမားကို ဦးစားပေးမယ်ဆိုတာကို ပြောဖို့ ခက်ခဲပါသေးတယ်။ ဒါပေမယ့် ဗန်ဒိုက်နေရာ အစားဝင်ရမယ့်အပြင် အင်္ဂလန်ရဲ့ အမြင့်ဘော အားသန်မှု၊ ရုပ်ပိုင်းဆိုင်ရာ အားပြုမှုတွေအရ ဂါဘက်ကိုပဲ ပိုမို ဦးစားပေးနေတယ်။

အသက် ၂၀ အရွယ် ဂါဘက်က အရပ် ၆ ပေ ၃ လက်မလောက် မြင့်သူဖြစ်ပြီး သူက အလားအလာရှိတဲ့ ခံစစ်မှူးအဆင့်မှာ ရှိနေဆဲဖြစ်တယ်။ မြင့်မားတဲ့ အဆင့်တွေအတွက် သက်သေပြရဦးမှာဖြစ်ပေမယ့် ဈေးကွက်တန်ကြေးအရရော သူကစားထားတဲ့ ပွဲတွေအရပါ အများကြီး အလားအလာရှိပါတယ်။

အူပါမီကာနိုကတော့ လာမယ့်နွေမှာ ခေါ်ယူမယ်ဆိုရင် ယူရို ၄၂ သန်းဖြင့် ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင် လိုက်ဇစ်အသင်းက ရာသီဝက်မှာတင် သူတို့ရဲ့ စတား ကစားသမားကို လက်လွတ်ပေးဖို့ဆိုတာ ခက်ခဲမယ်လို့ ယူဆရပါတယ်။

ZAWGYI

မနက္က ရွက္ဖီးပြဲအျပီးမွာပဲ လီဗာပူးအသင္းက ဇန္နဝါရီေစ်းကြက္မွာ ခံစစ္မွဴးသစ္ ေခၚယူဖို႔ စတင္ကာ ၾကိဳးစားေနျပီျဖစ္ျပီး ဗဟိုခံစစ္မွဴး ႏွစ္ဦးကို ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

ဗန္ဒိုက္ေနရာ အားျဖည့္ဖို႔အတြက္ ေပါင္ သန္း ၄၀ ေလာက္ကုန္က်ႏုိင္တဲ့ လိုက္ဇစ္ ခံစစ္မွဴး အူပါမီကာႏိုနဲ႔ ယူရို သန္း ၃၀-၄၀ ၾကား ေစ်းရွိတဲ့ ေရွာ္ေကး ခံစစ္မွဴး ဂါဘက္တို႔ကို ခ်ိတ္ဆက္ခဲ့ျခင္းလို႔ သိရတယ္။ ဂါဘက္အတြက္ လႈပ္ရွားမႈက ပိုမို အေလးသာကာ ဇန္နဝါရီ မတိုင္ခင္မွာ သေဘာတူညီမႈပါ ရယူထားလိုတယ္လို႔ သိရတယ္။

ဇန္နဝါရီမွ ခံစစ္မွဴးသစ္ရွာရင္ ခက္ခဲမယ္ဆိုတာကို လီဗာပူးက နားလည္ထားကာ ဒီရာသီကို အရမ္းၾကီး မခက္ခဲေစဖို႔ ခံစစ္ပိုင္း အားျဖည့္လိုတယ္။ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလေတြမွာ လီဗာပူးက အမွတ္ေပးပြဲ ၁၀ ပြဲေလာက္ ကစားရဖို႔ က်န္ရွိေနျပီး အဆိုပါ ကာလေတြအျပီးမွာ ခံစစ္ကို အင္အားျဖည့္ေပးမယ့္ ဗဟိုခံစစ္မွဴးသစ္ ေရာက္လာဖို႔က ကလပ္ရဲ႕ ရည္ရြယ္ခ်က္ျဖစ္တယ္။

လီဗာပူးဘက္က ၾကိဳးစားမႈေတြက ကနဦး ခ်ိတ္ဆက္မႈ အဆင့္ေတြမွာပဲ ရွိေနေသးတာေၾကာင့္ ဘယ္ကစားသမားကို ဦးစားေပးမယ္ဆိုတာကို ေျပာဖို႔ ခက္ခဲပါေသးတယ္။ ဒါေပမယ့္ ဗန္ဒိုက္ေနရာ အစားဝင္ရမယ့္အျပင္ အဂၤလန္ရဲ႕ အျမင့္ေဘာ အားသန္မႈ၊ ရုပ္ပိုင္းဆိုင္ရာ အားျပဳမႈေတြအရ ဂါဘက္ကိုပဲ ပိုမို ဦးစားေပးေနတယ္။

အသက္ ၂၀ အရြယ္ ဂါဘက္က အရပ္ ၆ ေပ ၃ လက္မေလာက္ ျမင့္သူျဖစ္ျပီး သူက အလားအလာရွိတဲ့ ခံစစ္မွဴးအဆင့္မွာ ရွိေနဆဲျဖစ္တယ္။ ျမင့္မားတဲ့ အဆင့္ေတြအတြက္ သက္ေသျပရဦးမွာျဖစ္ေပမယ့္ ေစ်းကြက္တန္ေၾကးအရေရာ သူကစားထားတဲ့ ပြဲေတြအရပါ အမ်ားၾကီး အလားအလာရွိပါတယ္။

အူပါမီကာႏိုကေတာ့ လာမယ့္ေႏြမွာ ေခၚယူမယ္ဆိုရင္ ယူ၇ို ၄၂ သန္းျဖင့္ ေခၚယူႏုိင္မွာ ျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲဝင္ လိုက္ဇစ္အသင္းက ရာသီဝက္မွာတင္ သူတို႔ရဲ႕ စတား ကစားသမားကို လက္လြတ္ေပးဖို႔ဆိုတာ ခက္ခဲမယ္လို႔ ယူဆရပါတယ္။