ဒီကနေ့မှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းအချို့ကို မာဆေးဆိုဒ်အခြေစိုက် Echo သတင်းဌာနက ဖော်ပြမှုတွေ လုပ်လာခဲ့ပါတယ်။

လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုး မအောင်မြင်ခြင်းကြောင့် နွေမှာ ထွက်ခွာသွားမှာဖြစ်ပြီး ဇန်နဝါရီမှာတင် အကြိုဆွေးနွေးခွင့်ရထားတဲ့ ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ဘာစီလိုနာအပြင် ပီအက်စ်ဂျီနဲ့ အင်တာမီလန်တို့ကလည်း စိတ်ဝင်စားလာပါတယ်။ နယ်သာလန် ကွင်းလယ်လူဟာ လီဗာပူးအသင်းရဲ့ စီနီယာခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ကာ နည်းစနစ်ပိုင်းမှာ စည်းကမ်းကောင်းသူဖြစ်တယ်။

မန်နေဂျာကလော့ပ်က အသင်းမှာပဲ ဆက်နေဖို့ရာ စည်းရုံးမှု လုပ်လိုနေသေးတယ်လို့ သိရပေမယ့် အခုချိန်ထိ တိုးတက်တဲ့ သတင်းတွေ ထွက်မလာပါဘူး။ ဝိုက်နယ်ဒမ်က ဘာစီလိုနာက သူ့ကို တကယ် မခေါ်ယူလိုပါဘူးလို့ ပြောထားသလို ရော်နယ် ကိုးမန်းကတော့ ဝိုက်နယ်ဒမ်က သူ့ရဲ့ အဝယ်စာရင်းထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁ နွေမှာတော့ ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်မှာဖြစ်ကာ လီဗာပူးတိုက်စစ်သမား ဖာမင်နိုကလည်း အဝယ်စာရင်းမှာ ပါဝင်တယ်လို့ စပိန်သတင်းတွေက ဖော်ပြလာတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိပြီး စပိန်ကလပ်က ဖာမင်နိုရဲ့ တန်ကြေးက ယူရို သန်း ၇၀ ထက် နည်းပါးမယ်လို့ ယုံကြည်နေတယ်။ သူတို့ဟာ ကောင်တာကစားမှုမှာ အားနည်းချက်ရှိနေတာကြောင့် ဖာမင်နိုကို ခေါ်ယူခြင်းက နည်းစနစ်ပိုင်းအတွက် အကျိုးဖြစ်မယ်လို့ မျှော်လင့်နေပါတယ်။

ပီအက်စ်ဂျီ တိုက်စစ်သမား အမ်ဘတ်ပီဟာ ချန်ပီယံလိဂ်ကို အောင်မြင်လိုတာကြောင့် ဥရောပရဲ့ အလှဆုံးဖလားကို အနိုင်ရဖို့ နီးစပ်မယ့် ကလပ်ထံ ပြောင်းလိုနေတာလို့ ပီအက်စ်ဂျီရဲ့ ကိုယ်စားလှယ်က ထုတ်ပြောပါတယ်။ အမ်ဘတ်ပီကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့က သတင်းတွေ ထွက်ထားခဲ့တယ်။

အမ်ဘတ်ပီဟာ လီဗာပူးရဲ့ ရည်မှန်းချက်ကြီးမှုနဲ့ မန်နေဂျာကလော့ပ်ရဲ့ လမ်းညွှန်မှုတွေကို အထင်ကြီးသူဖြစ်ပေမယ့် သူ့ရဲ့ အနာဂတ်ဟာ ငယ်စဉ်တည်းက အားကျရတဲ့ ရော်နယ်ဒို ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်ဖြစ်ဖို့ အခွင့်များနေပါတယ်။

ZAWGYI

ဒီကေန႔မွာ လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႔ဆုိင္ရာ သတင္းအခ်ိဳ႔ကို မာေဆးဆိုဒ္အေျခစိုက္ Echo သတင္းဌာနက ေဖာ္ျပမႈေတြ လုပ္လာခဲ့ပါတယ္။

လီဗာပူးနဲ႔ စာခ်ဳပ္သက္တမ္းတိုး မေအာင္ျမင္ျခင္းေၾကာင့္ ေႏြမွာ ထြက္ခြာသြားမွာျဖစ္ျပီး ဇန္နဝါရီမွာတင္ အၾကိဳေဆြးေႏြးခြင့္ရထားတဲ့ ဝိုက္နယ္ဒမ္ကို ေခၚယူဖို႔ ဘာစီလိုနာအျပင္ ပီအက္စ္ဂ်ီနဲ႔ အင္တာမီလန္တို႔ကလည္း စိတ္ဝင္စားလာပါတယ္။ နယ္သာလန္ ကြင္းလယ္လူဟာ လီဗာပူးအသင္းရဲ႕ စီနီယာေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္ကာ နည္းစနစ္ပိုင္းမွာ စည္းကမ္းေကာင္းသူျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္က အသင္းမွာပဲ ဆက္ေနဖို႔ရာ စည္းရံုးမႈ လုပ္လိုေနေသးတယ္လို႔ သိရေပမယ့္ အခုခ်ိန္ထိ တိုးတက္တဲ့ သတင္းေတြ ထြက္မလာပါဘူး။ ဝိုက္နယ္ဒမ္က ဘာစီလိုနာက သူ႔ကို တကယ္ မေခၚယူလိုပါဘူးလို႔ ေျပာထားသလို ေရာ္နယ္ ကိုးမန္းကေတာ့ ဝိုက္နယ္ဒမ္က သူ႔ရဲ႔ အဝယ္စာရင္းထဲ ပါဝင္တယ္လို႔ ဆိုပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ၂၀၂၁ ေႏြမွာေတာ့ ကစားသမား ေခၚယူမႈေတြကို ျပဳလုပ္မွာျဖစ္ကာ လီဗာပူးတိုက္စစ္သမား ဖာမင္ႏိုကလည္း အဝယ္စာရင္းမွာ ပါဝင္တယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပလာတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ လီဗာပူးနဲ႔ ၂၀၂၃ ခုႏွစ္ထိ စာခ်ဳပ္ရွိျပီး စပိန္ကလပ္က ဖာမင္ႏိုရဲ႕ တန္ေၾကးက ယူရို သန္း ၇၀ ထက္ နည္းပါးမယ္လို႔ ယံုၾကည္ေနတယ္။ သူတို႔ဟာ ေကာင္တာကစားမႈမွာ အားနည္းခ်က္ရွိေနတာေၾကာင့္ ဖာမင္ႏိုကို ေခၚယူျခင္းက နည္းစနစ္ပိုင္းအတြက္ အက်ိဳးျဖစ္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ပီအက္စ္ဂ်ီ တိုက္စစ္သမား အမ္ဘတ္ပီဟာ ခ်န္ပီယံလိဂ္ကို ေအာင္ျမင္လိုတာေၾကာင့္ ဥေရာပရဲ႕ အလွဆံုးဖလားကို အႏုိင္ရဖို႔ နီးစပ္မယ့္ ကလပ္ထံ ေျပာင္းလိုေနတာလို႔ ပီအက္စ္ဂ်ီရဲ႕ ကိုယ္စားလွယ္က ထုတ္ေျပာပါတယ္။ အမ္ဘတ္ပီကို ေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးတို႔က သတင္းေတြ ထြက္ထားခဲ့တယ္။

အမ္ဘတ္ပီဟာ လီဗာပူးရဲ႕ ရည္မွန္းခ်က္ၾကီးမႈနဲ႔ မန္ေနဂ်ာကေလာ့ပ္ရဲ႕ လမ္းညႊန္မႈေတြကို အထင္ၾကီးသူျဖစ္ေပမယ့္ သူ႔ရဲ႕ အနာဂတ္ဟာ ငယ္စဥ္တည္းက အားက်ရတဲ့ ေရာ္နယ္ဒို ကစားခဲ့ရာ ရီးရဲလ္မက္ဒရစ္ျဖစ္ဖို႔ အခြင့္မ်ားေနပါတယ္။