မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်ထားတယ်။ ဘယ်လို ကစားသမားတွေ ရောက်လာမယ်ဆိုတာ မသိရသေးပေမယ့် ဈေးကွက်ထဲက သတင်းထွက်ထားတဲ့ ကစားသမားများအနက် ကလပ်အသင်းနဲ့ ကိုက်ညီမယ့် တောင်ပံသမားတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

အွန်ဒါ (ရိုးမား)

ရိုးမားအသင်းရဲ့ ကစားသမားက ငယ်ရွယ်သေးပြီး နည်းစနစ်ပိုင်းလည်း ကောင်းမွန်သူပါ။ သူဟာ ပိုင်ဆိုင်မှု အသားပေး ကစာဟန်အပြင် ကောင်တာကစားဟန်မှာပါ ထူးချွန်ပါတယ်။ အထူးသဖြင့် ညာတောင်ပံအတွက် ကောင်းကောင်းကြီး လှုပ်နိုင်စွမ်းရှိတဲ့ ဘယ်သန်ကစားသမားလည်း ဖြစ်ပါတယ်။

နီကိုးလပ်စ်ပီပီ (လိုင်လီ)

ဒီရာသီ ပြင်သစ်လိဂ်မှာ သွင်းဂိုး ၂၀ သွင်းယူပေးထားနိုင်တဲ့ ပီပီဟာ သူ့ရဲ့ တောင်ပံတစ်လျှောက် ထိုးဖောက်နိုင်စွမ်း မြင့်မားတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပ ထိပ်တန်းအသင်းကြီး အများအပြားရဲ့ နွေအပြောင်းအရွှေ့ ပစ်မှတ်မှာ ပါဝင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သန်မာသလို၊ လျင်မြန်တဲ့ ပြေးအား၊ ဘောလုံးကိုင်နိုင်စွမ်းက တောင်ပံသမားတစ်ဦးအတွက် လိုအပ်တဲ့ အရည်အချင်းတွေဖြစ်ပါတယ်။

ဆန်ချို (ဒေါ့မွန်)

မန်ယူ ညာတောင်ပံတိုက်စစ်အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးသော ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူတို့ ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်းက ဆန်ချိုကို ဆွဲဆောင်ဖို့ မက်လုံးကောင်း မဖြစ်ခဲ့သလို အပြောင်းအရွှေ့မှာ ဈေးပေါပေါနဲ့ ရနိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့်လည်း မန်နေဂျာဆိုးရှားကတော့ သူ့ကို အတော်လေး သဘောတွေ့နေပါတယ်။