စပိန်မြေမှာ ကစားတဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲမှာတော့ လီဗာပူးဟာ ဗင်နီးဆီးယက်စ်၊ အဆန်စီယိုတို့ရဲ့ သွင်းဂိုး သုံးဂိုးကို ဆာလာရဲ့ ခြေပဂိုးတစ်ဂိုးဖြင့်ပဲ ပြန်လည် တုန့်ပြန်ပြခဲ့ပြီး ၃-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ဒီပွဲမှာ ပွဲထွက်လူစာရင်းကနေ သီယာဂို၊ ဖာမင်နိုတို့ကို ချန်လှပ်ခဲ့ပြီး ဂျိုတာ၊ ကိတ်တာတို့ကို ထည့်သွင်းခဲ့တယ်။ ဂျိုတာထံက တိုက်စစ်ပိုင်း ကူညီမှုတွေ ရခဲ့ပေမယ့် ကိတ်တာရဲ့ ခြေစွမ်းဟာ အကောင်းမြင်စရာ မရှိခဲ့သလို သူပါဝင်တဲ့ ပထမပိုင်း ခြေစွမ်းက တော်တော်လေး အခြေအနေဆိုးခဲ့ပါတယ်။

ပွဲစတည်းက လီဗာပူးအသင်းရဲ့ ကစားကွက် တည်ဆောက်မှုက လျော့ရဲရဲဆန်ခဲ့တယ်။ စိတ်ဓါတ်ခိုင်မာစွာ တုန့်ပြန်မှုအစား ဟန်ချက်မညီဘဲ ပေါ့ပျက်တဲ့ ထိတွေ့မှုတွေဟာ ရီးရဲလ်မက်ဒရစ်ကို ပိုင်ဆိုင်မှုပိုင်းတွေမှာ အဟန့်အတားမဖြစ်စေခဲ့ပါဘူး။ ဒီနေ့ပွဲမှာ လီဗာပူးကွင်းလယ်က ဖန်တီးနိုင်စွမ်း အားပျော့ပေမယ့် တိုနီ ခရုစ်ရဲ့ ကွင်းလယ်ကနေ လုပ်ပြသွားမှုတွေက အတော်လေး လှခဲ့ပါတယ်။

ဗင်နီးဆီးယက်စ်ရဲ့ အဖွင့်ဂိုးအတွက် ခရုစ်ရဲ့ ပေးမှုဟာ အရှိန်ဖြင့် ကစားနိုင်စွမ်း အားနည်းနေတဲ့ လီဗာပူးဗဟိုခံစစ်မှူးတွေကို ဖောက်ထွက်ပြီး ဘရာဇီးသား လှလှပပ ဂိုးရယူခွင့်ကို ခွင့်ပြုပေးရတယ်။ ထရန့်ရဲ့ အမှားကနေ အဆန်စီယိုက ဒုတိယဂိုး သွင်းယူခဲ့ပြန်ပါတယ်။

လီဗာပူးအသင်းသားတွေဟာ ပွဲတွေမှာ အခြေခံ လုပ်ဆောင်နေကျဖြစ်တဲ့ ဖိအားပေးခံရချိန်မှာ ဂိုးသမားကို ပြန်ပေးတာ၊ ခံစစ်ကနေ တိုက်စစ်ကို စတင်ဖို့ ဘောလုံးဖြန့်ထုတ်တာ အစရှိတဲ့ လုပ်ငန်းစဉ်တွေမှာ အမှားအတော်များခဲ့ပါတယ်။ ဒီလို အမှားတွေကနေ သွင်းဂိုး ၄ ဂိုးလောက်ထိကို ခွင့်ပြုရနိုင်လောက်တဲ့ အနေအထားတွေ ရှိခဲ့တယ်။

ဒီနောက်ပိုင်းပွဲတွေမှာ နာမည်ကောင်း ပြန်ရလာနေတဲ့ ခံစစ်တန်းက ဒီပွဲမှာတော့ အတော်လေး ချာပါတယ်။ ထရန့်၊ ခါဘတ်တို့ဟာ ခံစစ်ပိုင်း ပူးပေါင်း လုပ်ဆောင်မှုကော တစ်ဦးချင်း လုပ်ဆောင်မှုတွေမှာပါ အမှားတွေ သိပ်များခဲ့တယ်။

ဒုတိယပိုင်းမှာ လီဗာပူးရဲ့ ကစားပုံ တိုးတက်လာခဲ့ပြီး ဆာလာ ခြေပဂိုး သွင်းယူမှု မတိုင်ခင် ဝိုက်နယ်ဒမ်ရဲ့ ကွင်းလယ် တော်လျှောက် ဖြတ်ကျော်မှုက ရဲရင့်ခဲ့ပါတယ်။ သူကနေ ရလာတဲ့ ဘောလုံးကို ဂျိုတာ အဆုံးသတ်ဖို့ ကြိုးစားခဲ့ရာ ပြိုင်ဘက်အသင်းနဲ့ ထိခဲ့ပြီးမှ ဘောလုံးက ဆာလာထံ ရောက်သွားပြီး ဂိုးသမားဖြင့် တစ်ဦးချင်း တွေ့ဆုံ ပိတ်သွင်းခဲ့တာပါ။

ပွဲထွက်လူစာရင်းက လိုအပ်ချက်တွေရှိခဲ့သလို လူစားဝင် ကစားသမားတွေကလည်း ထောက်ပံ့မှုကြီးတွေ မပြသနိုင်ခဲ့ဘူး။ တိုက်စစ်မှာ ခြေစွမ်း လုံးဝ ပျောက်ဆုံးနေတဲ့ မာနေးထံက စိတ်မထိန်းနိုင်တဲ့ အပြုအမှုတွေပါ မြင်တွေ့လာရတယ်။ လျော့ရဲတဲ့ ခံစစ်ကာကွယ်မှုတွေကနေ ဗင်နီးဆီးယက်စ်က ဧရိယာထဲ ထပ်မံ ပိတ်သွင်းပြီး ရီးရဲလ်အတွက် တတိယဂိုး ရယူခဲ့ပါတယ်။

အဝေးဂိုး တစ်ဂိုး ရခဲ့တာက လီဗာပူးအတွက် အကောင်းမြင်စရာဖြစ်ခဲ့ပါတယ်။ လာမယ့်အပတ် အိမ်ကွင်းမှာ ကစားမယ့် ဒုတိယပိုင်း ၄၅ မိနစ်မှာ လီဗာပူးဘက်က ရီးရဲလ်မက်ဒရစ်ကို အနည်းဆုံး ၂ ဂိုး ပြန်သွင်းဖို့လိုပါတယ်။ ၂၀၂၁ ခုနှစ်ထဲမှာ အိမ်ကွင်းသွင်းဂိုး ၁ ဂိုးပဲ ရထားခဲ့တဲ့ လီဗာပူးအတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

စပိန္ေျမမွာ ကစားတဲ့ ခ်န္ပီယံလိဂ္ ပထမအေက်ာ့ပြဲမွာေတာ့ လီဗာပူးဟာ ဗင္နီးဆီးယက္စ္၊ အဆန္စီယိုတို႔ရဲ႕ သြင္းဂိုး သံုးဂိုးကို ဆာလာရဲ႕ ေျခပဂိုးတစ္ဂိုးျဖင့္ပဲ ျပန္လည္ တုန္႔ျပန္ျပခဲ့ျပီး ၃-၁ ျဖင့္ အေရးနိမ့္ခဲ့ပါတယ္။

ဒီပြဲမွာ ပြဲထြက္လူစာရင္းကေန သီယာဂို၊ ဖာမင္ႏိုတို႔ကို ခ်န္လွပ္ခဲ့ျပီး ဂ်ိဳတာ၊ ကိတ္တာတို႔ကို ထည့္သြင္းခဲ့တယ္။ ဂ်ိဳတာထံက တိုက္စစ္ပိုင္း ကူညီမႈေတြ ရခဲ့ေပမယ့္ ကိတ္တာရဲ႕ ေျခစြမ္းဟာ အေကာင္းျမင္စရာ မရွိခဲ့သလို သူပါဝင္တဲ့ ပထမပိုင္း ေျခစြမ္းက ေတာ္ေတာ္ေလး အေျခအေနဆိုးခဲ့ပါတယ္။

ပြဲစတည္းက လီဗာပူးအသင္းရဲ႕ ကစားကြက္ တည္ေဆာက္မႈက ေလ်ာ့ရဲရဲဆန္ခဲ့တယ္။ စိတ္ဓါတ္ခိုင္မာစြာ တုန္႔ျပန္မႈအစား ဟန္ခ်က္မညီဘဲ ေပါ့ပ်က္တဲ့ ထိေတြ႔မႈေတြဟာ ရီးရဲလ္မက္ဒရစ္ကို ပိုင္ဆိုင္မႈပိုင္းေတြမွာ အဟန္႔အတားမျဖစ္ေစခဲ့ပါဘူး။ ဒီေန႔ပြဲမွာ လီဗာပူးကြင္းလယ္က ဖန္တီးႏုိင္စြမ္း အားေပ်ာ့ေပမယ့္ တိုနီ ခရုစ္ရဲ႕ ကြင္းလယ္ကေန လုပ္ျပသြားမႈေတြက အေတာ္ေလး လွခဲ့ပါတယ္။

ဗင္နီးဆီးယက္စ္ရဲ႕ အဖြင့္ဂိုးအတြက္ ခရုစ္ရဲ႕ ေပးမႈဟာ အရွိန္ျဖင့္ ကစားႏိုင္စြမ္း အားနည္းေနတဲ့ လီဗာပူးဗဟိုခံစစ္မွဴးေတြကို ေဖာက္ထြက္ျပီး ဘရာဇီးသား လွလွပပ ဂိုးရယူခြင့္ကို ခြင့္ျပဳေပးရတယ္။ ထရန္႔ရဲ႕ အမွားကေန အဆန္စီယိုက ဒုတိယဂိုး သြင္းယူခဲ့ျပန္ပါတယ္။

လီဗာပူးအသင္းသားေတြဟာ ပြဲေတြမွာ အေျခခံ လုပ္ေဆာင္ေနက်ျဖစ္တဲ့ ဖိအားေပးခံရခ်ိန္မွာ ဂိုးသမားကို ျပန္ေပးတာ၊ ခံစစ္ကေန တိုက္စစ္ကို စတင္ဖို႔ ေဘာလံုးျဖန္႔ထုတ္တာ အစရွိတဲ့ လုပ္ငန္းစဥ္ေတြမွာ အမွားအေတာ္မ်ားခဲ့ပါတယ္။ ဒီလို အမွားေတြကေန သြင္းဂိုး ၄ ဂိုးေလာက္ထိကို ခြင့္ျပဳရႏုိင္ေလာက္တဲ့ အေနအထားေတြ ရွိခဲ့တယ္။

ဒီေနာက္ပိုင္းပြဲေတြမွာ နာမည္ေကာင္း ျပန္ရလာေနတဲ့ ခံစစ္တန္းက ဒီပြဲမွာေတာ့ အေတာ္ေလး ခ်ာပါတယ္။ ထရန္႔၊ ခါဘတ္တုိ႔ဟာ ခံစစ္ပိုင္း ပူးေပါင္း လုပ္ေဆာင္မႈေကာ တစ္ဦးခ်င္း လုပ္ေဆာင္မႈေတြမွာပါ အမွားေတြ သိပ္မ်ားခဲ့တယ္။

ဒုတိယပိုင္းမွာ လီဗာပူးရဲ႕ ကစားပံု တိုးတက္လာခဲ့ျပီး ဆာလာ ေျခပဂိုး သြင္းယူမႈ မတိုင္ခင္ ဝိုက္နယ္ဒမ္ရဲ႕ ကြင္းလယ္ ေတာ္ေလွ်ာက္ ျဖတ္ေက်ာ္မႈက ရဲရင့္ခဲ့ပါတယ္။ သူကေန ရလာတဲ့ ေဘာလံုးကို ဂ်ိဳတာ အဆံုးသတ္ဖို႔ ၾကိဳးစားခဲ့ရာ ျပိဳင္ဘက္အသင္းနဲ႔ ထိခဲ့ျပီးမွ ေဘာလံုးက ဆာလာထံ ေရာက္သြားျပီး ဂိုးသမားျဖင့္ တစ္ဦးခ်င္း ေတြ႔ဆံု ပိတ္သြင္းခဲ့တာပါ။

ပြဲထြက္လူစာရင္းက လိုအပ္ခ်က္ေတြရွိခဲ့သလို လူစားဝင္ ကစားသမားေတြကလည္း ေထာက္ပံ့မႈၾကီးေတြ မျပသႏုိင္ခဲ့ဘူး။ တိုက္စစ္မွာ ေျခစြမ္း လံုးဝ ေပ်ာက္ဆံုးေနတဲ့ မာေနးထံက စိတ္မထိန္းႏုိင္တဲ့ အျပဳအမႈေတြပါ ျမင္ေတြ႔လာရတယ္။ ေလ်ာ့ရဲတဲ့ ခံစစ္ကာကြယ္မႈေတြကေန ဗင္နီးဆီးယက္စ္က ဧရိယာထဲ ထပ္မံ ပိတ္သြင္းျပီး ရီးရဲလ္အတြက္ တတိယဂိုး ရယူခဲ့ပါတယ္။

အေဝးဂိုး တစ္ဂိုး ရခဲ့တာက လီဗာပူးအတြက္ အေကာင္းျမင္စရာျဖစ္ခဲ့ပါတယ္။ လာမယ့္အပတ္ အိမ္ကြင္းမွာ ကစားမယ့္ ဒုတိယပိုင္း ၄၅ မိနစ္မွာ လီဗာပူးဘက္က ရီးရဲလ္မက္ဒရစ္ကို အနည္းဆံုး ၂ ဂိုး ျပန္သြင္းဖို႔လိုပါတယ္။ ၂၀၂၁ ခုႏွစ္ထဲမွာ အိမ္ကြင္းသြင္းဂိုး ၁ ဂိုးပဲ ရထားခဲ့တဲ့ လီဗာပူးအတြက္ေတာ့ ၾကီးမားတဲ့ စိန္ေခၚမႈကို ရင္ဆိုင္သြားရမွာပဲ ျဖစ္ပါတယ္။