လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ခြေစွမ်း လိုအပ်ချက် များခဲ့ကြောင်းကို ထုတ်ဖော် ဝန်ခံခဲ့တယ်။

လီဗာပူးအသင်းသားတွေဟာ ဘောလုံးပေးမှုမှာ ချာလွန်းခဲ့သလို ဘန်ဇီမာ ဦးဆောင်တဲ့ တိုက်စစ်သမားတွေကို ဟန့်တားရာမှာ ခံစစ်က လိုအပ်ချက် များခဲ့တယ်။ ချန်ပီယံလိဂ် အတွေ့အကြုံနည်းတဲ့ နက်ဖီးလစ်နဲ့ ခံစစ်ပိုင်းမှာ အားနည်းချက်ရှိတဲ့ ထရန့်တို့ကို ဦးတည်ပြီး ရီးရဲလ်ဘက်က ထိုးဖောက် ကစားခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ်က ” အကယ်လို့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လိုတယ်ဆိုရင် မှန်ကန်တဲ့ ကိစ္စတွေကို လုပ်နိုင်ဖို့ လိုပါတယ်။ အဲ့တာမျိုးကို ဒီညမှာ မလုပ်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ပထမပိုင်းမှာ ဖြစ်ပါတယ်။

အဝေးဂိုး တစ်ဂိုး ရခဲ့တာကလွဲရင် တစ်ခုတည်းသော အကောင်းမြင်စရာအဖြစ် ကျနော် ပြောနိုင်တာက အခုမှ ပထမပိုင်းပဲ ပြီးသေးတာပါပဲ။ ရီးရဲလ်မက်ဒရစ် ပြဿနာကြီးတွေ ရင်ဆိုင်သွားရစေဖို့ ကျနေ်ာတို့က လုံလောက်အောင် ကောင်းမွန်စွာလည်း မကစားနိုင်ခဲ့ပါဘူး။

ကျနော်တို့ ကိုယ်တိုင်ကပဲ သူတို့အတွက် သိပ်လွယ်အောင် ကစားခဲ့ကြတယ်။ ဒီ အမှားတွေက ဖြစ်နိုင်ပါတယ်။ ကျနေ်ာတို့ ဒီထက်ပိုပြီး တစ်ခုခုရဖို့လည်း မထိုက်တန်ပါဘူး။ ဒုတိယပိုင်းမှာ သွင်းဂိုး တစ်ဂိုးရခဲ့တာကတော့ ကောင်းပါတယ်။ အဲ့တာကပဲ ကျနေ်ာတို့အတွက် အသက်ရှုခွင့်ကို ပေးခဲ့တာပါ။

ဒုတိယပိုင်းမှာ ဘောလုံးကို ပြင်းပြင်းထန်ထန် ကစားနိုင်ဖို့ လိုခဲ့ပါတယ်။ ဘောလုံးကို မှားပေးနေမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ လျှင်မြန်တဲ့ ကစားဟန်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကျနေ်ာတိုက ခပ်လွယ်လွယ် ပေးမှုတွေမှာ ဘောလုံးဆုံးရံှူးမှုတွေ များခဲ့တယ်။ ကမ္ဘာအဆင့် ကစားသမားတွေနဲ့ တစ်ဦးချင်း တွေ့ဆုံမှုတွေမှာ မြန်ဆန်ဖို့ လိုပါတယ်။ ဒုတိယပိုင်း ခြေစွမ်းအရ ပိုင်ဆိုင်မှုပိုင်းမှာတော့ ကျနေ်ာတို့ ပိုကောင်းလာခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရီးရဲလ္မက္ဒရစ္ကို ၃-၁ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာ ေျခစြမ္း လိုအပ္ခ်က္ မ်ားခဲ့ေၾကာင္းကို ထုတ္ေဖာ္ ဝန္ခံခဲ့တယ္။

လီဗာပူးအသင္းသားေတြဟာ ေဘာလံုးေပးမႈမွာ ခ်ာလြန္းခဲ့သလို ဘန္ဇီမာ ဦးေဆာင္တဲ့ တိုက္စစ္သမားေတြကို ဟန္႔တားရာမွာ ခံစစ္က လိုအပ္ခ်က္ မ်ားခဲ့တယ္။ ခ်န္ပီယံလိဂ္ အေတြ႔အၾကံဳနည္းတဲ့ နက္ဖီးလစ္နဲ႔ ခံစစ္ပိုင္းမွာ အားနည္းခ်က္ရွိတဲ့ ထရန္႔တို႔ကို ဦးတည္ျပီး ရီးရဲလ္ဘက္က ထိုးေဖာက္ ကစားခဲ့ပါတယ္။

ပြဲအျပီးမွာ ကေလာ့ပ္က ” အကယ္လို႔ ခ်န္ပီယံလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္လိုတယ္ဆိုရင္ မွန္ကန္တဲ့ ကိစၥေတြကို လုပ္ႏုိင္ဖို႔ လိုပါတယ္။ အဲ့တာမ်ိဳးကို ဒီညမွာ မလုပ္ႏုိင္ခဲ့ပါဘူး။ အထူးသျဖင့္ ပထမပိုင္းမွာ ျဖစ္ပါတယ္။

အေဝးဂိုး တစ္ဂိုး ရခဲ့တာကလြဲရင္ တစ္ခုတည္းေသာ အေကာင္းျမင္စရာအျဖစ္ က်ေနာ္ ေျပာႏုိင္တာက အခုမွ ပထမပိုင္းပဲ ျပီးေသးတာပါပဲ။ ရီးရဲလ္မက္ဒရစ္ ျပႆနာၾကီးေတြ ရင္ဆိုင္သြားရေစဖို႔ က်ေန္ာတို႔က လံုေလာက္ေအာင္ ေကာင္းမြန္စြာလည္း မကစားႏုိင္ခဲ့ပါဘူး။

က်ေနာ္တို႔ ကိုယ္တိုင္ကပဲ သူတို႔အတြက္ သိပ္လြယ္ေအာင္ ကစားခဲ့ၾကတယ္။ ဒီ အမွားေတြက ျဖစ္ႏုိင္ပါတယ္။ က်ေန္ာတို႔ ဒီထက္ပိုျပီး တစ္ခုခုရဖို႔လည္း မထိုက္တန္ပါဘူး။ ဒုတိယပိုင္းမွာ သြင္းဂိုး တစ္ဂိုးရခဲ့တာကေတာ့ ေကာင္းပါတယ္။ အဲ့တာကပဲ က်ေန္ာတုိ႔အတြက္ အသက္ရႈခြင့္ကို ေပးခဲ့တာပါ။

ဒုတိယပိုင္းမွာ ေဘာလံုးကို ျပင္းျပင္းထန္ထန္ ကစားႏုိင္ဖို႔ လိုခဲ့ပါတယ္။ ေဘာလံုးကို မွားေပးေနမယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္ရဲ႕ လွ်င္ျမန္တဲ့ ကစားဟန္ကို ကာကြယ္ႏုိင္မွာ မဟုတ္ဘူး။ က်ေန္ာတိုက ခပ္လြယ္လြယ္ ေပးမႈေတြမွာ ေဘာလံုးဆံုးရံွဴးမႈေတြ မ်ားခဲ့တယ္။ ကမၻာအဆင့္ ကစားသမားေတြနဲ႔ တစ္ဦးခ်င္း ေတြ႔ဆံုမႈေတြမွာ ျမန္ဆန္ဖို႔ လိုပါတယ္။ ဒုတိယပိုင္း ေျခစြမ္းအရ ပိုင္ဆုိင္မႈပိုင္းမွာေတာ့ က်ေန္ာတို႔ ပိုေကာင္းလာခဲ့ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။