လုခ်ရှောဟာ ခက်ခဲတဲ့ရာသီကြိုမှာ ကြံ့ခိုင်မှု တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဆိုးရှားရဲ့ ရာသီကြို ပြင်ဆင်မှုကို အပြည့်အဝ ပါဝင်နိုင်ဖို့ ဒီတစ်ပတ် မန်ချက်စတာယူနိုက်တက်ရဲ့ ကာရင်တန် ထရိန်နင်ကွင်းမှာ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။

ကြံခိုင်ရေး မကောင်းသူတွေကို သြစတေးလျ ၊ စင်ကာပူ နဲ့ တရုတ်တို့ကိုသွားမယ့် ရာသီကြို ခရီးကို လိုက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုးရှားက သူ့ကစားသမားတွေကို သတိပေးထားခဲ့ပါတယ်။ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အဆင့်ကို ဆိုးရှားက စိတ်ပျက်ခဲ့ရပြီး ကလပ်က လူတွေကလဲ ကြံ့ခိုင်ရေးပြသနာဟာ သူတို့ရဲ့ ဆိုးဝါးတဲ့ပုံစံနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်နေပါတယ်။

နောက်ရာသီမှာ အင်အားအပြည့်နဲ့ ဖိအားပေး ကစားနိုင်တဲ့အသင်းဖြစ်လာစေမယ့် အစီအစဉ် တစ်ခုဆွဲဖို့ ကြံ့ခိုင်ရေးဝန်ထမ်းတွေက အကြံပေးခဲ့တာနဲ့အတူ နွေမှာ အပြောင်းအလဲတွေလုပ်ဖို့ ဆိုးရှားက မျှော်လင့်နေတာပါ။

မန်ယူရဲ့ တနှစ်တာအကောင်းဆုံး ကစားသမား လုခ်ရှောက ကိုယ်အလေးချိန် တက်လွန်းတာ အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ဒါကြောင့် ရာသီကုန်မှာ အသင်းဖော်တွေက အားလပ်ရက် ယူနေချိန် သူကတော့ ကိုယ်အလေးချိန် ထိန်းသိမ်းပြီး ကြံ့ခိုင်မှုကောင်းတွေ တည်ဆောက်ဖို့ တစ်ယောက်တည်း လေ့ကျင့်နေခဲ့တာပါ။

ရှောဟာ ကြံ့ခိုင်မှုပြည့်ဝဖို့၊ ဆိုးရှားရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းဖို့ ယူနိုက်တက်ရဲ့ ကြံ့ခိုင်ရေး နည်းပြတစ်ယောက်နဲ့ လေ့ကျင့်ခဲ့ပါပြီး ဒါဟာ လာမယ့်ရာသီမှာ တစ်ရာသီလုံး စွမ်းဆောင်နိုင်စွမ်းအပြည့် လုပ်ပြနိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။