ဆာလာဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး ရလိုက်တာကြောင့် သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ သွင်းဂိုး ၁၀၀ ပြည်ေ့မြာက်ခဲ့ပြီဖြစ်ပါတယ်။

ဆာလာဟာ လီဗာပူးကစားသမားဘဝ ၂၀၇ ပွဲမှာ သွင်းဂိုး ၁၂၈ ဂိုးထိ ရယထားပြီဖြစ်တယ်။ သူဟာ ကလပ်ရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါပြီ။ ဆာလာ သွင်းယူထားတဲ့ သွင်းဂိုး ၁၂၈ ဂိုးထဲက ၉၈ ဂိုးဟာ ပရီးမီးယားလိဂ်မှာ သွင်းယူထားတာဖြစ်တယ်။ သူဟာ ချယ်ဆီးကစားသမားဘဝမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၂ ဂိုး သွင်းယူဖူးတာကြောင့် လိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဆာလာဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ၃၀ ဦးမြောက် ကစားသမားဖြစ်လာခဲ့တယ်။ သွင်းဂိုး ၁၀၀ အတွက် လိဂ်ပွဲ ၁၆၂ ပွဲပဲ ကစားခဲ့ရတာကြောင့် ပဉ္စမမြောက် အမြန်ဆုံး အဆိုပါ မှတ်တမ်းဝင်သူ ဖြစ်လာခဲ့ပါတယ်။

ဆာလာထက် ပိုကောင်းတဲ့ မှတ်တမ်းအဖြစ် အလန်ရှီယားက ၁၂၄ ပွဲ၊ ကိန်းက ၁၄၁ ပွဲ၊ အဂွယ်ရိုက ၁၄၇ ပွဲနဲ့ အွန်နရီက ပွဲပေါင်း ၁၆၀ တွေမှာ သွင်းဂိုး ၁၀၀ ပြည့်ခဲ့ကြပါတယ်။

ဆာလာဟာ ခရော့၊ ဟက်စကီး၊ ဂျရတ်၊ အနယ်ကာ၊ ရော်ဘီကိန်း၊ မိုက်ကယ်အိုဝင်၊ ရော်ဘီ ဖောင်လာတို့နဲ့ သွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ လီဗာပူးကစားသမား ဖြစ်လာခဲ့ပါတယ်။

မိုရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့် မှတ်တမ်းအတွက် ပွဲအပြီးမှာ ယာဂင်က ” မိုရဲ့ မှတ်တမ်းက သိပ်ကို ကောင်းပါတယ်။ သူက ဆက်ပြီး ဆာလောင်နေဆဲပါ။ သူ မှတ်တမ်းဘယ်လောက်ထိကို ချိုးဖျက်သွားမယ်ဆိုတာ ကျနော် မသိပါဘူး။ အသင်းကို သူရောက်လာပြီးတည်းက ပြည့်စုံတဲ့ ကစားသမားဆိုတာ ပြသထားသလို သူက ထိပ်တန်း ကစားသမားပါ ” လို့ ချီးကျူးသွားခဲ့ပါတယ်။

ZAWGYI

ဆာလာဟာ လိဒ္ယူႏိုက္တက္နဲ႔ပြဲမွာ သြင္းဂိုး ၁ ဂိုး ရလိုက္တာေၾကာင့္ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ကစားသမားဘဝ သြင္းဂိုး ၁၀၀ ျပည္ေ့ျမာက္ခဲ့ျပီျဖစ္ပါတယ္။

ဆာလာဟာ လီဗာပူးကစားသမားဘဝ ၂၀၇ ပြဲမွာ သြင္းဂိုး ၁၂၈ ဂိုးထိ ရယထားျပီျဖစ္တယ္။ သူဟာ ကလပ္ရဲ႕ သမိုင္းမွာ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ မွတ္တမ္းဝင္ထားခဲ့ပါျပီ။ ဆာလာ သြင္းယူထားတဲ့ သြင္းဂိုး ၁၂၈ ဂိုးထဲက ၉၈ ဂိုးဟာ ပရီးမီးယားလိဂ္မွာ သြင္းယူထားတာျဖစ္တယ္။ သူဟာ ခ်ယ္ဆီးကစားသမားဘဝမွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၂ ဂိုး သြင္းယူဖူးတာေၾကာင့္ လိဂ္သြင္းဂိုး ၁၀၀ ျပည့္ေျမာက္ခဲ့ျခင္းျဖစ္ပါတယ္။

ဆာလာဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုး ၁၀၀ ျပည့္ခဲ့တဲ့ ၃၀ ဦးေျမာက္ ကစားသမားျဖစ္လာခဲ့တယ္။ သြင္းဂိုး ၁၀၀ အတြက္ လိဂ္ပြဲ ၁၆၂ ပြဲပဲ ကစားခဲ့ရတာေၾကာင့္ ပဥၥမေျမာက္ အျမန္ဆံုး အဆိုပါ မွတ္တမ္းဝင္သူ ျဖစ္လာခဲ့ပါတယ္။

ဆာလာထက္ ပိုေကာင္းတဲ့ မွတ္တမ္းအျဖစ္ အလန္ရွီယားက ၁၂၄ ပြဲ၊ ကိန္းက ၁၄၁ ပြဲ၊ အဂြယ္ရိုက ၁၄၇ ပြဲနဲ႔ အြန္နရီက ပြဲေပါင္း ၁၆၀ ေတြမွာ သြင္းဂိုး ၁၀၀ ျပည့္ခဲ့ၾကပါတယ္။

ဆာလာဟာ ခေရာ့၊ ဟက္စကီး၊ ဂ်ရတ္၊ အနယ္ကာ၊ ေရာ္ဘီကိန္း၊ မိုက္ကယ္အိုဝင္၊ ေရာ္ဘီ ေဖာင္လာတို႔နဲ႔ သြင္းဂိုး ၁၀၀ ျပည့္ခဲ့တဲ့ လီဗာပူးကစားသမား ျဖစ္လာခဲ့ပါတယ္။

မိုရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀၀ ျပည့္ မွတ္တမ္းအတြက္ ပြဲအျပီးမွာ ယာဂင္က ” မိုရဲ႕ မွတ္တမ္းက သိပ္ကို ေကာင္းပါတယ္။ သူက ဆက္ျပီး ဆာေလာင္ေနဆဲပါ။ သူ မွတ္တမ္းဘယ္ေလာက္ထိကို ခ်ိဳးဖ်က္သြားမယ္ဆိုတာ က်ေနာ္ မသိပါဘူး။ အသင္းကို သူေရာက္လာျပီးတည္းက ျပည့္စံုတဲ့ ကစားသမားဆိုတာ ျပသထားသလို သူက ထိပ္တန္း ကစားသမားပါ ” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။