လီဗာပူးအသင်းမှာ ကွင်းလယ် ကစားသမား ကိတ်တာက ပွဲထွက်နေရာ ဦးစားပေး အစဉ်လိုက်မှာ အနောက်ကို ရောက်နေတာ ဖြစ်ပေမယ့် ကစားသမားအနေနဲ့ အန်ဖီးမှာ လူစာရင်း ဖြည့်ပေးရုံ အရန်လူ ဖြစ်နေတာကို ပျော်ကောင်း ပျော်နေနိုင်တယ်လို့ လီဗာပူး ဂန္တဝင် ဂျွန်ဘန်းစ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ကိတ်တာ ဟာ လီဗာပူးရဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ နေရာတစ်နေရာကနေ ပါဝင်ခွင့် ရထားခဲ့တယ်။ သူ့ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေကြောင့် စုစုပေါင်း ပွဲ ၈၀ သာ ကစားခဲ့ရပြီး အသင်းကနေ ထွက်ခွာရဖို့ ထင်ကြေးပေးမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ အထိ စာချုပ်သက်တမ်းကျန်နေတဲ့ ကိတ်တာ ဟာ လီဗာပူးမှာ ရေရှည်အနာဂတ် ရှိသလားလို့ မေးမြန်းခဲ့ရာ ဂျွန်ဘန်းစ်က –

“ကိတ်တာ ကလပ်ကို စရောက်ကတည်းက ပွဲအများကြီး မကစားခဲ့ရပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ ဒုက္ခရောက်ခဲ့ရတယ်။ သူက ကလပ်မှာ အနာဂတ်ရှိပေမယ့် ရေရှည်လား၊ ရေတိုလားတော့ ကျွန်တော်မပြောတတ်ဘူး။ ကစားသမားတွေက ရေရှည်ကို မစဉ်းစားကြပါဘူး။ လက်ရှိရာသီမှာ အသင်းအတွက် ကစားခွင့် ရနိုင်မလားဆိုတာပဲ စဉ်းစားကြတယ်။

အခုချိန်မှာ ကိတ်တာ က ကစားခွင့်အတွက် ဦးစားပေး မခံရပေမယ့် သူက ကလပ်မှာရှိနေတာပါ။ ဇန်နဝါရီ မတိုင်ခင်အထိ ဘယ်ကိုမှ သူသွားလို့မရဘူး။ ကလပ်မှာ ရေရှည်အနာဂတ် ရှိမရှိဆိုတာက သူနဲ့ပဲဆိုင်ပါတယ်။ သူ့မှာ စာချုပ်တစ်ခုရှိတယ်။ အပတ်တိုင်း မကစားရတာကို သူပျော်နေနိုင်တယ်ဆိုရင်တော့ ဒါက သူ့ရွေးချယ်မှုပဲပေါ့။

ကစားသမားတိုင်းအတွက် ဒါက အတူတူပါပဲ။ သူတို့က ကစားချိန်မရရင်၊ မပျော်ကြဘူး။ ဒါကြောင့် ပုံမှန်ကစားခွင့်ပိုရဖို့ ထွက်ခွာချင်ကြတယ်။ ဒါပေမယ့် ကလပ်မှာ ပုံမှန် မကစားရဘဲနဲ့ လေးငါးနှစ် ဆက်နေတဲ့ ကစားသမားတွေလဲ ကျွန်တော် မြင်ဖူးပါတယ်။

ဒါကြောင့် ကိတ်တာက အဲ့လို ကစားသမားတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် မင်းရဲ့ အကောင်းဆုံး စိတ်ကြိုက် လီဗာပူးအသင်းကို ရွေးချယ်ရင် ကိတ်တာ က ပါဝင်မှာတော့ မဟုတ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အနာဂတ်မှာ စာချုပ် သက်တမ်းတိုးဖို့အပေါ် လီဗာပူးအတွက် အကျိုးရှိတဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအဖြစ် သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှု ရှိလာမလားဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းမွာ ကြင္းလယ္ ကစားသမား ကိတ္တာက ပြဲထြက္ေနရာ ဦးစားေပး အစဥ္လိုက္မွာ အေနာက္ကို ေရာက္ေနတာ ျဖစ္ေပမယ့္ ကစားသမားအေနနဲ႔ အန္ဖီးမွာ လူစာရင္း ျဖည့္ေပး႐ုံ အရန္လူ ျဖစ္ေနတာကို ေပ်ာ္ေကာင္း ေပ်ာ္ေနႏိုင္တယ္လို႔ လီဗာပူး ဂႏၲဝင္ ဂြၽန္ဘန္းစ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ကိတ္တာ ဟာ လီဗာပူးရဲ႕ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈေတြမွာ ေနရာတစ္ေနရာကေန ပါဝင္ခြင့္ ရထားခဲ့တယ္။ သူ႔ရဲ႕ ေျခစြမ္းနဲ႔ ၾကံ့ခိုင္မႈပိုင္းဆိုင္ရာ ႐ုန္းကန္ရမႈေတြေၾကာင့္ စုစုေပါင္း ပြဲ ၈၀ သာ ကစားခဲ့ရၿပီး အသင္းကေန ထြက္ခြာရဖို႔ ထင္ေၾကးေပးမႈေတြ ရွိလာခဲ့တာ ျဖစ္ပါတယ္။

၂၀၂၃ အထိ စာခ်ဳပ္သက္တမ္းက်န္ေနတဲ့ ကိတ္တာ ဟာ လီဗာပူးမွာ ေရရွည္အနာဂတ္ ရွိသလားလို႔ ေမးျမန္းခဲ့ရာ ဂြၽန္ဘန္းစ္က –

“ကိတ္တာ ကလပ္ကို စေရာက္ကတည္းက ပြဲအမ်ားႀကီး မကစားခဲ့ရေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔ ဒုကၡေရာက္ခဲ့ရတယ္။ သူက ကလပ္မွာ အနာဂတ္ရွိေပမယ့္ ေရရွည္လား၊ ေရတိုလားေတာ့ ကြၽန္ေတာ္မေျပာတတ္ဘူး။ ကစားသမားေတြက ေရရွည္ကို မစဥ္းစားၾကပါဘူး။ လက္ရွိရာသီမွာ အသင္းအတြက္ ကစားခြင့္ ရႏိုင္မလားဆိုတာပဲ စဥ္းစားၾကတယ္။

အခုခ်ိန္မွာ ကိတ္တာ က ကစားခြင့္အတြက္ ဦးစားေပး မခံရေပမယ့္ သူက ကလပ္မွာရွိေနတာပါ။ ဇန္နဝါရီ မတိုင္ခင္အထိ ဘယ္ကိုမွ သူသြားလို႔မရဘူး။ ကလပ္မွာ ေရရွည္အနာဂတ္ ရွိမရွိဆိုတာက သူနဲ႔ပဲဆိုင္ပါတယ္။ သူ႔မွာ စာခ်ဳပ္တစ္ခုရွိတယ္။ အပတ္တိုင္း မကစားရတာကို သူေပ်ာ္ေနႏိုင္တယ္ဆိုရင္ေတာ့ ဒါက သူ႔ေ႐ြးခ်ယ္မႈပဲေပါ့။

ကစားသမားတိုင္းအတြက္ ဒါက အတူတူပါပဲ။ သူတို႔က ကစားခ်ိန္မရရင္၊ မေပ်ာ္ၾကဘူး။ ဒါေၾကာင့္ ပုံမွန္ကစားခြင့္ပိုရဖို႔ ထြက္ခြာခ်င္ၾကတယ္။ ဒါေပမယ့္ ကလပ္မွာ ပုံမွန္ မကစားရဘဲနဲ႔ ေလးငါးႏွစ္ ဆက္ေနတဲ့ ကစားသမားေတြလဲ ကြၽန္ေတာ္ ျမင္ဖူးပါတယ္။

ဒါေၾကာင့္ ကိတ္တာက အဲ့လို ကစားသမားတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါေပမယ့္ မင္းရဲ႕ အေကာင္းဆုံး စိတ္ႀကိဳက္ လီဗာပူးအသင္းကို ေ႐ြးခ်ယ္ရင္ ကိတ္တာ က ပါဝင္မွာေတာ့ မဟုတ္ဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။

အနာဂတ္မွာ စာခ်ဳပ္ သက္တမ္းတိုးဖို႔အေပၚ လီဗာပူးအတြက္ အက်ိဳးရွိတဲ့ လႈပ္ရွားမႈ တစိတ္တပိုင္းအျဖစ္ သူ႔ကို စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ ရွိလာမလားဆိုတာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။