ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် ပဲလေစ့်အသင်းကို အိမ်ကွင်း အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

လီဗာပူး Vs ပဲလေစ့်
ပရီးမီးယားလိဂ် ပွဲစဉ် (၅)
စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ညနေ ၈း၃၀ နာရီ။

အိုဝင်၏ ပွဲကြို သုံးသပ်ချက်။ ။ ကျနော်ကို အသင်းစွဲထားတယ်ပဲ ပြောပြောပါ လီဗာပူးက အကောင်းဆုံးခြေစွမ်းတွေ ပြန်ရလာနေပြီဖြစ်ပါတယ်။ လိဒ်ကို ရင်ဆိုင်ကစားရာမှာ မြင်ခဲ့ရတဲ့ လီဗာပူးအသင်းကို ကျနော်တော့ သဘောတွေ့ပါတယ်။ သူတို့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရင်း သွင်းဂိုး ၅ ဂိုး၊ ၆ ဂိုးလောက်ထိ ရခဲ့မှာပါ။

ဆာလာကလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီး ပွဲတိုင်းဂိုးတွေ သွင်းနေပါတယ်။ လီဗာပူးအသင်းက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဂိုးပေါက် ခြမ်းခြောက်မှု အမြင့်ဆုံး အသင်းဖြစ်ပါတယ်။ သူတို့က ခံစစ်က ပေးဂိုး အနည်းဆုံးအပြင် ဂိုးမပေးရတဲ့ ပွဲတွေ အများဆုံး ကစားထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဒါက သိပ်ကောင်းတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

စပါးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပဲလေစ့်က သိပ်ကောင်းခဲ့ပြီး အနိုင်ရခဲ့တာကြောင့် မန်နေဂျာသစ် ဗီအဲရာ ရင်ဆိုင်နေရတဲ့ ဖိအားတွေက လျော့နည်းသွားမှာပါ။ ပဲလေစ့်အတွက် တိုက်စစ်မှူး အီဒူအာကလည်း ဟီးရိုးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

ပဲလေစ့်အတွက် လီဗာပူးလိုအဆင့်က ခြေလှမ်းလှမ်းနိုင်ဖို့ သိပ်ဝေးလှပါတယ်။ ဒီပွဲမှာ လီဗာပူးကပဲ အကောင်းဆုံးကစားပြီး အနိုင်ရသွားမယ်လို့ ထင်ပါတယ်။

ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်၏ ခန့်မှန်းရလဒ်။ ။ လီဗာပူး ၃-၀ ပဲလေစ့်

ZAWGYI – ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၅ အျဖစ္ ပဲေလစ့္အသင္းကို အိမ္ကြင္း အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။ အဆိုပါ ပြဲစဥ္အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အိုဝင္ရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

လီဗာပူး Vs ပဲေလစ့္
ပရီးမီးယားလိဂ္ ပြဲစဥ္ (၅)
စက္တင္ဘာလ ၁၈ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ညေန ၈း၃၀ နာရီ။

အိုဝင္၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ က်ေနာ္ကို အသင္းစြဲထားတယ္ပဲ ေျပာေျပာပါ လီဗာပူးက အေကာင္းဆံုးေျခစြမ္းေတြ ျပန္ရလာေနျပီျဖစ္ပါတယ္။ လိဒ္ကို ရင္ဆိုင္ကစားရာမွာ ျမင္ခဲ့ရတဲ့ လီဗာပူးအသင္းကို က်ေနာ္ေတာ့ သေဘာေတြ႔ပါတယ္။ သူတို႔ အခြင့္အေရးေတြကို အသံုးခ်ႏုိင္ခဲ့ရင္း သြင္းဂိုး ၅ ဂိုး၊ ၆ ဂိုးေလာက္ထိ ရခဲ့မွာပါ။

ဆာလာကလည္း ေျခစြမ္းေကာင္းေတြ ျပသေနျပီး ပြဲတိုင္းဂိုးေတြ သြင္းေနပါတယ္။ လီဗာပူးအသင္းက ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ဂိုးေပါက္ ျခမ္းေျခာက္မႈ အျမင့္ဆံုး အသင္းျဖစ္ပါတယ္။ သူတို႔က ခံစစ္က ေပးဂိုး အနည္းဆံုးအျပင္ ဂိုးမေပးရတဲ့ ပြဲေတြ အမ်ားဆံုး ကစားထားတဲ့ အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။ ဒါက သိပ္ေကာင္းတဲ့ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

စပါးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ပဲေလစ့္က သိပ္ေကာင္းခဲ့ျပီး အႏုိင္ရခဲ့တာေၾကာင့္ မန္ေနဂ်ာသစ္ ဗီအဲရာ ရင္ဆိုင္ေနရတဲ့ ဖိအားေတြက ေလ်ာ့နည္းသြားမွာပါ။ ပဲေလစ့္အတြက္ တိုက္စစ္မွဴး အီဒူအာကလည္း ဟီးရိုးတစ္ေယာက္ ျဖစ္လာႏုိင္ပါတယ္။

ပဲေလစ့္အတြက္ လီဗာပူးလိုအဆင့္က ေျခလွမ္းလွမ္းႏုိင္ဖို႔ သိပ္ေဝးလွပါတယ္။ ဒီပြဲမွာ လီဗာပူးကပဲ အေကာင္းဆံုးကစားျပီး အႏုိင္ရသြားမယ္လို႔ ထင္ပါတယ္။

ပြဲစဥ္အတြက္ မိုက္ကယ္အိုဝင္၏ ခန္႔မွန္းရလဒ္။ ။ လီဗာပူး ၃-၀ ပဲေလစ့္